Myanmar

Norwegian

Psalms

116

1ထာဝရဘုရားသည် ငါတောင်းပန်ခြင်း အသံကို ကြား၍၊
1Jeg elsker Herren, for han hører min røst, mine inderlige bønner.
2ငါ့ဘက်သို့ နားတော်ကိုလှည့်တော်မူသော ကြောင့်၊ ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ် လုံး၊ ထာဝရဘုရားကို ပဌနာပြုမည်။
2For han har bøiet sitt øre til mig, og alle mine dager vil jeg påkalle ham.
3သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏနိုင်ငံ ဘေးတို့သည် ငါ့ကို ဘမ်းမိသဖြင့်၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏။
3Dødens rep hadde omspent mig, og dødsrikets angster hadde funnet mig; nød og sorg fant jeg.
4ထိုအခါ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို ကယ်နှုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏နာမတော်ကို ပဌနာပြု၏။
4Men jeg påkalte Herrens navn: Akk Herre, frels min sjel!
5ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ ဖြောင့်မတ်သော သဘောရှိတော်မူ၏။ ငါတို့ ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ ၏။
5Herren er nådig og rettferdig, og vår Gud er barmhjertig.
6ထာဝရဘုရားသည် မလိမ္မာသော သူတို့ကို စောင့်မတော်မူ၏။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ၏။
6Herren verner de enfoldige; jeg var elendig, og han frelste mig.
7အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရ ဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။
7Kom igjen, min sjel, til din ro! For Herren har gjort vel imot dig.
8ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ၎င်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ၎င်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ၎င်း ကယ်လွှတ်တော်မူပြီ။
8For du fridde min sjel fra døden, mitt øie fra gråt, min fot fra fall.
9သို့ဖြစ်၍၊ အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏။
9Jeg skal vandre for Herrens åsyn i de levendes land.
10ငါသည် အလွန်ညှိုးငယ်ခြင်းကို ခံရ၏ဟု မြွက်ဆိုသော်လည်း၊ ယုံကြည်သော စိတ်ရှိသေး၏။
10Jeg trodde, for jeg talte; jeg var såre plaget.
11လူအပေါင်းတို့သည် မုသာကို သုံးတတ်ကြ၏ဟု သတိလစ်လျက် ပြောမိ၏။
11Jeg sa i min angst: Hvert menneske er en løgner.
12ငါ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူး အလုံးစုံတို့ကို အဘယ်သို့ ဆပ်ရမည်နည်း။
12Hvormed skal jeg gjengjelde Herren alle hans velgjerninger imot mig?
13ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍၊ ထာဝရ ဘုရား၏ နာမတော်ကို ပဌနာပြုမည်။
13Jeg vil løfte frelsens beger og påkalle Herrens navn.
14ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်။
14Jeg vil holde for Herren mine løfter, og det for hele hans folks øine.
15ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏။
15Kostelig i Herrens øine er hans frommes død.
16အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ ကျွန်မတွင် မြင်သောသား လည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။
16Akk Herre! Jeg er jo din tjener, jeg er din tjener, din tjenerinnes sønn; du har løst mine bånd.
17ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုမည်။
17Dig vil jeg ofre takkoffer, og Herrens navn vil jeg påkalle.
18ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊
18Jeg vil holde for Herren mine løfter, og det for hele hans folks øine,
19အိုယေရုရှလင်မြို့၊ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင်၊ ထာဝရဘုရား ၏ လူများရှေ့၌သစ္စာဝတ်ကို ဖြေပါမည်။ ဟာလေလုယ။
19i forgårdene til Herrens hus, midt i dig, Jerusalem. Halleluja!