1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ အလျင်အမြန် ကြွလာတော်မူပါ။ ကိုယ် တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်၏ စကားသံကို နားထောင်တော်မူပါ။
1En salme av David. Herre, jeg kaller på dig, skynd dig til mig! Vend øret til min røst, nu jeg roper til dig!
2အကျွန်ုပ်၏ ပဌနာသည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက်ကိုချီခြင်းသည် ညဦးယံပူဇော်သက္ကာ ကဲ့သို့၎င်း၊ ရှေ့တော်၌ပြင်ဆင်လျက် ရှိပါစေသော။
2La min bønn gjelde som røkoffer for ditt åsyn, mine henders opløftelse som et aften-matoffer!
3အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်း ကို ထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့် တော်မူပါ။
3Herre, sett vakt for min munn, vokt mine lebers dør!
4ဒုစရိုက်ကိုပြုသောသူတို့နှင့် အတူအကျွန်ုပ်ပါ၍၊ မတရားသောအမှု၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်း ငှါ၊ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်။ ထိုသူတို့၏ ခဲဘွယ်စားဘွယ် တို့ကို အကျွန်ုပ်မစားပါစေနှင့်။
4Bøi ikke mitt hjerte til noget ondt, til å gjøre ugudelighets-gjerninger sammen med menn som gjør urett, og la mig ikke ete av deres fine retter!
5ဖြောင့်မတ်သော သူသည်အကျွန်ုပ်ကို ဒဏ်ခတ် ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော၊ အကျွန်ုပ်ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။ ယခုမူကား၊ သူတပါး ပြုသော အဓမ္မအမှုတဘက်၌ ဆုတောင်းရပါ၏။
5La en rettferdig slå mig i kjærlighet og tukte mig! For sådan hodeolje vegre mitt hode sig ikke! Varer det enn ved, så setter jeg min bønn imot deres ondskap.
6သူတို့၏အကဲအမှုးတို့သည် ကျောက်တွင်းနားမှ လွတ်၍၊ အကျွန်ုပ်၏စကားကို ကြားရကြပါ၏။ ထိုစကား လည်း ချိုပါ၏။
6Deres dommere blir nedstyrtet og gitt klippen i vold, og selv forstår de at mine ord var liflige.
7မြေပေါ်မှာထင်းကိုခုတ်၍ခွဲသကဲ့သို့၊ မရဏာ နိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့၏ အရိုးများတို့သည် ကွဲပြား လျက်ရှိကြပါ၏။
7Som når en pløier og kløver jorden, således ligger våre ben spredt ved dødsrikets port.
8အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။ ကိုယ်တော်၌ခိုလှုံပါ၏။ အကျွန်ုပ်၏အသက်ကို သွန်ပစ်စေတော်မမူပါနှင့်။
8For til dig, Herre, Herre, ser mine øine, til dig tar jeg min tilflukt; utøs ikke min sjel!
9အကျွန်ုပ်ဘို့ ထောင်ထားကြသောကျော့ကွင်းမှ ၎င်း၊ ဒုစရိုက်ကို ပြုသောသူတို့၏ညွှတ်မှ၎င်း၊ အကျွန်ုပ်ကို လွတ်စေတော်မူပါ။
9Bevar mig for fellen som de har stilt op for mig, og for deres snarer som gjør urett!
10ထိုသို့အကျွန်ုပ်သည်လွန်သွားသောအခါ၊ မတရားသော သူအပေါင်းတို့သည် မိမိတို့ကျော်ကွင်းထဲသို့ ကျကြပါစေသော။
10La de ugudelige falle i sine egne garn, mens jeg går uskadd forbi!