Myanmar

Paite

1 Chronicles

10

1ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက် ၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
1Huan Philistia miten Israel a dou ua; huchiin Israel mite Philistia mite maah a taikek ua, Gilboa mual ah thah pukin a om uhi.
2ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သား တို့ကို ပြင်းထန်စွာ လိုက်၍၊ ရှောလု၏သား ယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။
2Huan Philistia miten Saul leh a tapate a delh vengveng ua; huan Philistia miten Jonathan, Abinadab leh Malki-sua, Saul tapate a that uhi.
3စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ ပစ်သောမြှားမှန်၍ အလွန်နာသော ကြောင့်၊
3Huan kidouna Saul adingin a haksa mahmahtaa, thalkapmiten amah a phata uhi; huan thalkapmite jiakin a lungkham mahmah hi.
4လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ထားကို ထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေ ဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆိုသော်လည်း၊ လက်နက်ဆောင် လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုထားကို ယူ၍ ထောင်ပြီးလျှင်၊ ထားဖျား ပေါ်မှာ လှဲ၍သေ၏။
4Huchihlaiin Saulin galvanpopa kiangah, Na namsau dok khia inla, huaiin hondawt pailetin; huchilouinjaw hiai zeksumlouhte hongpaiin bawl louhlouhin a hon bawl kha ding uh, a chi a. Himahleh a galvanpopa a ut kei; a lau mahmah ngala. Huajiakin Saulin a namsau a laa, kisatnan a neita hi.
5ရှောလုသေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုထားကို ထောင်၍ထားဖျား ပေါ်မှာ လှဲ၍သေ၏။
5Huan a galvanpopan Saul a sita chih a theihin, huaibangmahin aman leng a namsau kisatnain a zanga, a sita hi.
6ထိုသို့ရှောလုနှင့် သူ၏သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏။
6Huchiin Saul a sitaa, a tapa thumte; huan a inkote tengteng leng a si khawmvek uhi.
7ဣသရေလလူပြေးကြောင်း၊ ရှောလုနှင့်သူ၏ သားများသေကြောင်းကို၊ ချိုင့်၌နေသော ဣသရေလ လူအပေါင်းတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပစ် သဖြင့်၊ ဖိလိတ္တိလူတို့သည်လာ၍ နေကြ၏။
7Huan guama om Israel mite tengtengin Sepaihte a taikek uh leh Saul leh a tapate a si uh chih a muh un a khopite uh a nusia ua, a taikekta uhi; huan Philistia mite a hong ua huaite ah a tengta uhi.
8နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင် တို့၌၊ အဝတ်တန်ဆာကို ချွတ်ခြင်းငှါ လာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ ရှောလုနှင့် သူ၏သား သုံး ယောက်တို့သည် သေလျက်ရှိသည်ကို တွေ့မြင်ကြ၏။
8Huan a jingsangin hichi ahi a, thahsate suah dinga Philistia mite a hongpai lai un, Gilboa mual ah Saul leh a tapate a puk uh chih a mu uhi.
9အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကို ယူ၍ သူတို့ရုပ်တုအိမ်များ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ၊ ဖိလိတ္တိ ပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။
9Huan amah a sual ua, a lutang a la ua, a galvan leng, a milimte uh kiang leh mite kiangah tanchin puak dingin Philistia mite gamsungah a khak kimvel vek uhi.
10လက်နက်တော်ကိုလည်း သူတို့ဘုရားကျောင်း၌ ထား၍၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန်၌ ဆွဲထားကြ၏။
10Huchiin a galvan a pathiante uh in ah a koih ua, Dagon in ah a lutang a tak uhi.
11ဖိလိတ္တိလူတို့သည် ရှောလု၌ပြုသမျှကို ဂိလဒ် ပြည် ယာဗက်မြို့သားများကြားလျှင်၊
11Huan Jabesh-gilead tengtengin Saul tunga Philistia mite thilhih tengteng a jak un,
12သူရဲအပေါင်းတို့သည် ရှောလု၏ အလောင်းနှင့် သူ၏သားအလောင်းတို့ကို ယူသွား၍၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့်၊ အရိုးတို့ကို ယာဗက်မြို့မှာသပိတ်ပင် အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံးအစာ ရှောင်ကြ ၏။
12Mi hangsante tengteng a thou ua, Saul luang leh, a tapate luang a vala mang ua, Jabesh ah a honpua ua, Jabesha toso sing nuaiah a guhte uh a vui ua, ni sagih an a ngawl uhi.
13ထိုသို့ရှောလုသည် ထာဝရဘုရား၏ စကား တော်ကို နားမထောင်၊ လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၎င်း၊
13Huchiin TOUPA tunga tatlekna a hiha, TOUPA thu a zuih louh jiakin, Saul a sitaa; dawi-jawl aisansiam thu a dotjiakin,Huaia thukana, TOUPA akipan thu a kan louh jiakin: huaijiakin amah a thata, gam tuh Jesai tapa David lamah a peta hi.
14ထာဝရဘုရားကို မမေးမြန်းဘဲနတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်၎င်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၍၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ်၌ လွှဲအပ်တော်မူ၏။
14Huaia thukana, TOUPA akipan thu a kan louh jiakin: huaijiakin amah a thata, gam tuh Jesai tapa David lamah a peta hi.