Myanmar

Paite

1 Corinthians

8

1ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှ သည် ပိုင်းခြားတတ်သော ဥာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဥာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။
1Huan, milimte laka kithoihna tungtang jaw: I vekin theihna i nei chiat uh chih i kithei hi. Theihnain mi a kisathei saka itna inbel mi a bawlhoih nak hi.
2အကြင်သူသည်၊ ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်း မသိသေး။
2Kuapeuhin thil bang ahi hiam theia a kigintak leh, a theih ding thei nailou hi.
3ဘုရားသခင်ကိုချစ်သော သူမည်သည်ကား၊ ဘုရားသခင် သိစေတော်မူသော သူဖြစ်၏။
3Ahihhangin, kuapeuhin Pathian a it leh, huai mi mah amah theih ahi
4ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်းသော ဘုရားသခင်မှတပါး အဘယ်ဘုရားသခင်မျှမရှိသည်ကို၎င်း၊ ငါတို့သိကြ၏။
4Huchiin, milimte laka kithoihna thil nek thu jaw, khovel ah milim himhim bangmah ahih louhdan uleh, khat kia loungal Pathian dang himhim a om louhdan i thei hi.
5ဘုရားများ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ် သမုတ်သော သူအများရှိသော်လည်း၊
5Van ah hiam, lei ah hiam, Pathian min pute om mahle uh, -huchi bang Pathian tampi leh toupa tampi a om ngal ua-
6အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ်၍၊ အကြင်ဘုရားသခင်အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ်တပါးတည်းသာငါတို့၌ရှိတော်မူ၏။
6Eite adingin bel Pathian khat kia, Pa, a oma, amah kiang akipanin bangkim a pawta, eite leng amah adia om i hi; Toupa khat kia, Jesu Kris, a om hi, amah jiakin bangkim a om hi, eite leng amah jiak maha om i hi uhi.
7သို့သော်လည်း ထိုဥာဏ်ကို လူတိုင်းမရ။ အချို့ သော သူတို့သည် ယခုတိုင်အောင်ရုပ်တုရှေ့၌ ပူဇော် သော ယဇ်ကောင်ကိုစားသော်၊ ရုပ်တုကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ်၍၊ သူတို့၌ကိုယ်ကို ကိုယ်သိသော စိတ်သည်အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ ရောက်တတ်၏။
7Ahihhangin, huai theihna mi tengteng ah a om kei hi; huchiin khenkhatin, tutanin milim be sasa a hihjiak un, milim laka kithoihna thil bang taka theiin a ne nak uhi; huchiin, a sia leh pha theihna uh a hat louh jiak a thanghuai nak uhi.
8အစားအသောက်အားဖြင့် ဘုရားသခင်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ်။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ်။
8Himahleh, nek dingin Pathian mit hontung sak tuan kei ding ne kei mahlehang i se tuan keia. Ne mah lehang leng i hoih tuan sam kei hi.
9သို့သော်လည်း၊ သင်တို့အခွင့်ကိုအားနည်းသော သူတို့၌ ထိမိ၍ လဲစရာအကြောင်း မဖြစ်စေခြင်းငှါ သတိ ပြုကြလော့။
9Himahleh, pilvang un, huchilou injaw na noplenna uh bang chichi hiamin mi hatloute adin pukna a hong hi kha ding.
10အကြောင်းမူကား၊ သင်သည် ပိုင်းခြားတတ်သော ဥာဏ်ရှိလျက်ပင်၊ ရုပ်တုစင်ထဲ၌ စားပွဲနားမှာ လျောင်းသည်ကို သူတပါးမြင်လျှင်၊ ကိုယ်ကိုကိုယ်သိသော စိတ်အားနည်းသောသူသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းငှါ ရဲမည်မဟုတ်လော။
10Nang, theihna nei mi, kuapeuhin milimbiakna inn a ankuang uma a honmuh ngal un, amau mi hatlou na hita le uh, milim laka kithoihna thil ne dingin a sia leh pha theihna hong maingal lou ding hia?
11ထိုသို့ဖြစ်လျှင်၊ အကြင်ညီအစ်ကိုအဘို့အလို့ငှါ ခရစ်တော်သည် အသေခံတော်မူ၏။ အားနည်းသော ထိုညီအစ်ကိုသည် သင်၏ဥာဏ် ကြောင့်ပျက်စီးခြင်းသို့ ရောက်ရပါသည်တကား၊
11Huchiin na theihna jiakin mi hatlou, unau a sih sika Kris in a sih sakpa, a mangthang ding ahi.
12သင်တို့သည်၊ ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၌ ကိုယ်ကို ကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက်၏။
12Unaute tuanga huchi bang thil na hihkhelh ua, a sia leh pha theihna uh, a hatlouh naklaia, na liamsak behlap un, Kris tuangah thil na hihkhial uhi.Huaijiak takin nekdingin ka unau a hihpuk leh, ka unau ka hihpuk louhna dingin kumtawnin sa himhim ka neta kei ding.
13သို့ဖြစ်၍၊ ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်း စရာအကြောင်းမရှိစေခြင်းငှါ၊ အမဲသားကို အစဉ်မပြတ် ရှောင်မည်။
13Huaijiak takin nekdingin ka unau a hihpuk leh, ka unau ka hihpuk louhna dingin kumtawnin sa himhim ka neta kei ding.