1ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် မိမိဗိုလ်ခြေ အပေါင်းတို့ကို စုဝေးစေ၍၊ မင်းကြီးသုံးကျိပ်နှစ်ပါးနှင့် တကွ မြင်းစီးသူရဲ၊ ရထားစီးသူရဲများပါလျက် စစ်ချီပြီး လျှင် ရှမာရိမြို့ကို ဝိုင်းထား၍ တိုက်လေ၏။
1Huan, Suria kumpipa Benhadad in a sepaih te tengteng a kaikhawm veka: kumpipa sawmthum leh nih a tel ua, sakol leh kangtalai te toh a kuan tou a, Samari khua ava um a, a suala.
2သံတမန်တို့ကို ဣသရေလရှင်ဘုရင် အာဟပ် ထံ၊ မြို့ထဲသို့ စေလွှတ်၍၊ ဗင်္ဟာဒဒ်၏အမိန့်တော်ကား၊
2Israel kumpipa Ahab kiangah khopi sungah mi a sawla, a kiangah, Benhadadin hichiin a chi,
3သင့်ရွှေငွေသည် ငါ့ဥစ္စာဖြစ်၏။ သင့်သားမယား အကောင်းဆုံးတို့ကိုလည်း ငါပိုင်၏ဟု မှာလိုက်သတည်း။
3Na dangka leh na dangkaengte keia ahi; na jite leh na tate, a hoihhoihte tanin keia ahi, chiin a chi a.
4ဣသရေလရှင်ဘုရင်က အရှင်မင်းကြီး၊ အမိန့်တော်အတိုင်း ငါနှင့်ငါ့ဥစ္စာရှိသမျှသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော၏။
4Huan, Israel kumpipan ana dawnga, Ka pu, kumpipa aw, na gen bang himah ve aw; lei leh kaneih tengteng nanga ahi, a chi a.
5သံတမန်တို့သည် တဖန်လာ၍ ဗင်္ဟာဒဒ်၏ အမိန့်တော်ကား၊ သင်ပိုင်သော ရွှေငွေသားမယားတို့ကို ငါ၌အပ်ရမည်ဟု ငါမှာလိုက်သည် အမှုမှာ၊
5Huan, ami sawlte apai nawn ua, Benhadadin hichiin a chi, na kiangah, na dangka te, na dangkaengte, na jite, na tate na honpiak ding ahi, chiin mi a honsawl ngeia;
6နက်ဖြန်နေ့ယခုအချိန်ရောက်သောအခါ ငါ့ကျွန်တို့ကို ငါစေလွှတ်မည်။ သူတို့သည် သင်နေသော အိမ်နှင့် သင့်ကျွန်နေသော အိမ်တို့ကိုစစ်၍ အလိုရှိသမျှ တို့ကို ယူစေရမည်ဟု မှာလိုက်သတည်း။
6Himahleh jingchiangin hichih hun ding khawngin ka mite na kiangah ka honsawl dinga, na in leh na mite in a honmai ding ua; huan, hichi ahi dinga, na mit lala a la ding ua, a honpaipih vek ding uh, chiin, a chi ua.
7ထိုအခါ ဣသရေလရှင်ဘုရင်သည် ပြည်သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊ ဤသူသည် အဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်မှတ်ကြပါ လော့။ ငါ့ရွှေငွေသားမယားတို့ကို တောင်း၍ မှာလိုက် သော အခါ ငါမငြင်းပါတကားဟု ကြားပြော၏။
7Huchiin Israel kumpipan a gama upate tengteng a sama, na nathei un, hiai miin thil hoihlou tak hih a tupdan; ka kiangah mi a honsawla, ka jite, ka tate, ka dangkate, ka dangkaengte a hongngena, nana nial leng lah ahi ngal keia, a chi a.
8အသက်ကြီးသူအပေါင်းတို့နှင့် ပြည်သား အပေါင်းတို့က၊ ထိုသူ၏ စကားကိုနားထောင်တော်မမူပါ နှင့်။ ဝန်ခံတော်မမူပါနှင့်ဟု ပြန်လျှောက်ကြ၏။
8Huan, upate tengteng leh mipi tengtengin a kiangah, na nalimsak nuam dah in, pha leng sa sam ken, a chi ua.
9သို့ဖြစ်၍ ရှင်ဘုရင်က၊ ကိုယ်တော်သည် အထက်မိန့်တော်မူသမျှအတိုင်း ကိုယ်တော်ကျွန်ပြုပါမည်။ နောက် မိန့်တော်မူသည်အတိုင်း မပြုသင့်ဟု ငါအရှင်မင်းကြီးအား ပြန်လျှောက်ကြလော့ဟု ဗင်္ဟာဒဒ်၏သံတမန်တို့ အား မှာလိုက်လျှင်၊ ထိုသူတို့သည် သွား၍လျှောက်ကြ၏။
9Huchiin Benhadad mi sawlte kiangah, kumpipa ka pu kiangah, na sikhakianga mi sawla nahongnget masak tengteng bangin ka hih dinga; himahleh hiai jaw ka hih theikei ding, a chi hi, chi un, a chi a. Huchiin a misawlte a pai nawnta ua, huai thu a vatun nawn uh.
10တဖန်ဗင်္ဟာဒဒ်သည် စေလွှတ်၍၊ ရှမာရိမြို့၌ ရှိသော မြေမှုန့်သည် ငါ့နောက်သို့ လိုက်သောသူအပေါင်း တို့တွင်၊ တယောက်တလက်ဆုပ်စီစေ့ငလောက်လျှင်၊ ဘုရားတို့သည် ငါ၌ ထိုမျှမကပြုပါစေသောဟု မှာလိုက် လေသော်၊
10HUan, Benhadadin a kiangah mi asawl nawna, ka nungjuite tengtengin Samari kho leivui pham khat chiat leng a muh theih ding ua leh pathianten a lohloh honloh uhen, huai sanga thupi jawin leng, a chi a.
11ဣသရေလရှင်ဘုရင်က၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်ဟု ပြန်ပြော၏။
11Huan, Israel kumpipan a dawnga, mi a kigalvan lai takin, a kigalthuamna suah khesa bang takin a kiuangsak ngei kei uh, chiin vahilh dih ua, a chi a.
12ဗင်္ဟာဒဒ်သည် မင်းကြီးတို့နှင့်တကွ တဲတော်၌ သောက်စဉ်၊ ထိုစကားကိုကြားလျှင် စစ်ခင်းကျင်းကြဟု မိမိကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မြို့ရှေ့မှာစစ်ခင်းကျင်းကြ၏။
12Huan, hichi ahi a, amah leh kumpipaten buktaa ju a nadawn khawm lai un huai thu Benhadadin a naja, a mite kiangah, kisa dih ua, a chi a, Huchiin khua sual dingin a kisata uh.
13ထိုအခါ ပရောဖက်တပါးသည် ဣသရေလ ရှင်ဘုရင်အာဟပ်ထံသို့လာ၍၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော။ သင့်လက်၌ ယနေ့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကို ဆင့်ဆို၏။
13Huan, ngaiin, jawlnei khatin Israel kumpipa Ahab a vanaiha, TOUPAN hichiin a chi: hiai mipi tampite na mu hia? Ngaiin, tuiin na khutah ka honpe ding ahi; huchiin kei Toupa ka hi chih na thei ding uh, chiin, a chi a.
14အာဟပ်ကလည်း၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်းဟု မေးလျှင်၊ မြို့ဝန်များ၏လုလင်တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ စစ်မှုကိုအဘယ်သူစီရင်ရမည်နည်းဟု မေးပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။
14Huan, Ahabin, kua zangin eita? A chi a. Huan, aman, TOUPAN hichiin a chi, gam khentea heutute tangvalte zangin, chiin, a chi a. Huchiin aman, kuan galkap vai a hawm dia? a chi a. Huan, aman a dawng a, nang, a chi a.
15အာဟပ်မင်းသည်မြို့ဝန်များ၏ လုလင်တို့ကို ရေတွက်၍ နှစ်ရာသုံးဆယ်နှစ်ယောက်ရှိ၏။ ဣသရေလ အမျိုးသားအပေါင်းတို့ကို ရေတွက်ပြန်သော် ခုနစ်ထောင် ရှိ၏။
15Huchiin aman gam khentea heutute tangvalte a kaikhawma, za nih leh sawmthum leh nih ahi ua; huan, huai mite nungin mi tengteng, Israel suante tengteng a kaikhawma, sang sagih ahi uh.
16မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ်မင်းမူကား၊ ဝိုင်းသော မင်းကြီးသုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက် နေကြ၏။
16Huan, sun lai takin a vapawt ua, Benhadad leh kumpipate, amah panpihpa kumpipa sawmthum leh nihte bel huai bukta ah a na dawn kham ua,
17မြို့ဝန်များ၏ လုလင်တို့သည် အရင်ထွက်ကြ၏။ ရှမာရိမြို့ထဲက လူထွက်ပါသည်ဟု ဗင်္ဟာဒဒ်မင်းထံသို့ စေလွှတ်၍ ကြားလျှောက်လျှင်၊
17Huan, gam khentea heutute tangvalte a vapawt masa ua; huan, Benhadadin mi a sawla, amau, Samari khua akipana hongpawt a om uh, chiin a hilh a.
18စစ်ငြိမ်းစေခြင်းငှါ ထွက်သည်ဖြစ်စေ၊ စစ်တိုက် ခြင်းငှါ ထွက်သည်ဖြစ်စေ၊ အရှင်ဘမ်းဆီးကြဟု မိန့်တော် မူ၏။
18Huan, aman, kilep tuma hong a hih uleh a hingin man unla, kidou tuma hong a hih uleh ahing mahin man un, a chi a.
19ထိုသို့မြို့ဝန်များ၏ လုလင်တို့သည် လိုက်သော ဗိုလ်ခြေနှင့်တကွ မြို့ထဲကထွက်၍၊
19Huchiin huaite, gam khentea heutute tangvalte leh a honjui sepaihte khuaa kipanin apawt uh.
20ရန်သူတို့ကို လူတိုင်းတယောက်စီ သတ်ကြသဖြင့် ရှုရိလူတို့သည် ပြေးကြ၏။ ဣသရေလလူတို့သည် လိုက်ကြသဖြင့် ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် မြင်းစီး၍ မြင်းစီးသူရဲတို့နှင့်အတူ အလွတ်ပြေး၏။
20Huan, a bitum chiat uh a vathat ua; huchiin Suriate a taikekta ua, Israelten a delh uh; huan, Suria kumpipa Benhadad sakol tunga tuangin sakol tungtuang mite toh a tai kheta hi.
21ဣသရေလရှင်ဘုရင်သည်လည်း ထွက်၍ မြင်းတပ်၊ ရထားတပ်များကို ဖျက်၍ ရှုရိလူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်လေ၏။
21Huan, Israel kumpipa a vapawt khiaa, sakol leh kangtalaite a vasuala, Suriate tampi a that hi.
22တဖန်ပရောဖက်သည် ဣသရေလရှင်ဘုရင်ထံသို့လာ၍၊ ကိုယ်ကိုခိုင်ခံ့စေလော့။ အဘယ်သို့ပြုရမည်ကို သတိနှင့်ဆင်ခြင်လော့။ နှစ်လည်သောအခါ ရှုရိ ရှင်ဘုရင်သည် စစ်ချီ၍ လာလေဦးမည်ဟုဆို၏။
22Huan, jawlneiin Israel kumpipa a vanaiha, a kiangah, kihat sak zok inla, na hihdan ding ngaihtuahin kum hong mang leh Suria kumpipan hong sual nawn sin ahi, a chi a.
23ရှုရိရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ သူတို့၏ဘုရား သည် တောင်ကိုသာ အစိုးရသော ဘုရားဖြစ်၏။ ထိုကြောင့် သူတို့သည် ငါတို့ကို နိုင်ပါ၏။ ငါတို့သည် လွင်ပြင်၌ တခါတိုက်ကြကုန်အံ့။ ထိုသို့တိုက်လျှင် စင်စစ် နိုင်ကြလိမ့်မည်။
23Huan, Suria kumpipaten a kiangah, a pathiante uh tangte pathiante ahi uh; huaijiakin ei sanga hatjaw ei ve ua: phaijangah sualta le hang, amau sangin I hatzo ngeingei ding.
24မင်းကြီးအပေါင်းတို့ကိုလည်း ပယ်၍ သူတို့ အရာ၌ ဗိုလ်ချုပ်တို့ကို ခန့်ထားတော်မူပါ။
24Huan, hichi bangin hihin: kumpipate a vek un kheng vek le chin, a sik un gam ukmite koih lechin;
25ရှုံးသောမြင်းတပ်၊ ရထားတပ်နှင့်အမျှ များသော တပ်ကို ခင်းကျင်းတော်မူပါ။ လွင်ပြင်၌ တိုက်၍ ဆက်ဆက်နိုင်ကြပါလိမ့်မည်ဟု လျှောက်ထားသော စကားကိုရှင်ဘုရင်သည် နားထောင်၍ စီရင်လေ၏။
25Huan, sepaihte sakol leh kangtalaite, na mansuahsa zah geih sepaihpawl dingkhe thak sak nawnin; huchiin phaijangah I sual ding ua, amau sangin I hatjaw na ding hi, a chi ua. Huan, a thu uh a ngai a, huchibangin a hihta hi.
26နှစ်လည်သောအခါ ဗင်္ဟာဒဒ်မင်းသည် ရှုရိလူတို့ကို ရေတွက်၍ ဣသရေလပြည်သားတို့ကို စစ်တိုက်အံ့သော ငှါ၊ အာဖက်မြို့သို့ ချီသွား၏။
26Huan, a kum nawnin hichi ahia, Benhadadin Suriate a kaikhawma, Israelte sual dingin Aphek khuaah a hoh tou hi.
27ဣသရေလအမျိုးသားတို့သည် စာရင်းဝင်၍ ရိက္ခာကို ပြင်ဆင်ပြီးမှစစ်ချီကြ၏။ ရှုရိလူတို့သည် တပြည် လုံးအနှံ့ အပြားနေလျက်၊ သူတို့ရှေ့မှာ ဣသရေလ လူတို့သည် ငယ်သောဆိတ်သငယ်နှစ်စုကဲ့သို့တပ်ချကြ ၏။
27Huan, Israel suante a kikhawm ua, nek ding khawng a sek masasa ua, sual dingin a kisata uh; huan, Israel suanten kelnou tawmchik chik hon nih bang lelin a vanang ua; Suriate bel a gam dimin a pumdim uhi.
28ဘုရားသခင်၏ လူတယောက်သည် ဣသရေလ ရှင်ဘုရင်ထံသို့ လာ၍ ထာဝရဘုရားမိန့်တော်မူသည် ကား၊ ရှုရိလူတို့က ထာဝရဘုရားသည် တောင်ကိုသာအစိုးရသော ဘုရားဖြစ်၏။ လွင်ပြင်ကိုအစိုးရသော ဘုရားမဟုတ်ဟု ဆိုမိသောကြောင့်၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို သင့်လက်သို့ ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
28Huan, Pathian miin Israel kumpipa a vanaiha, a vahoupiha, a kiangah, Toupan hichiin a chi: Suriaten, Toupa tangte Pathian ahi a, guam Pathian jaw ahi kei, a chi ua; huaijiakin hiai mipi tampite na khutah ka honpe sin hi, huchiin kei Toupa ka hih na thei ding, chiin, a chi a.
29ထိုသူတို့သည် ခုနစ်ရက်ပတ်လုံးတဘက်တချက်တွင် တပ်ချလျက် နေပြီးမှ၊ သတ္တမနေ့၌ စစ်ပြိုင်၍ ဣသရေလလူတို့သည် တနေ့ခြင်းတွင် ရှုရိခြေသည် သူရဲတသိန်းကို သတ်ကြ၏။
29Huan, ni sagih sung tak a kinang tuah nilouh ua, Huan, hichi ahi a, a ni sagih niin a kisual ta ua; huan, Israel suanten Suria mite ni khatin sepaih nuai khat a that ua.
30ကျန်သောသူတို့သည် အာဖက်မြို့သို့ ပြေး၍ မြို့ရိုးလဲသဖြင့် နှစ်သောင်းခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ်သည် ပြေး၍မြို့ထဲအတွင်း အခန်း၌ ပုန်းလျက် နေ၏။
30Mi dangte bel Aphek ah, khopi sungah a tai lut ua, omlaite mi sing nih leh sang sagih kulh chimin a chip khumta. Huan, Benhadad a taia, khopi sungah dantan sunggilah a lut hi.
31ဗင်္ဟာဒဒ်၏ ကျွန်တို့ကလည်း၊ ဣသရေလ အမျိုးသားရှင်ဘုရင်တို့သည် သနားတတ်သောမင်းဖြစ် ကြောင်းကို ကျွန်တော်တို့ ကြားပါပြီ။ ကျွန်တော်တို့သည် လျှော်တေအဝတ်ကို ဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကို ရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ ထွက်ရသောအခွင့် ကို ပေးတော်မူ ပါ။ အသက်တော်ကို ချမ်းသာပေးကောင်း ပေးပါလိမ့်မည်ဟု လျှောက်သည်အတိုင်း၊
31Huan, a lawiten a kiangah, ngaiin, Israel inko laka kumpipate mi hehpih tak kumpipa ahi uh chih thu ka ja ua: saiip puan tengin, ka lu ua khaua kikhihin Israel kumpipa kiangah honvahoh sakin; aman a hon hawi nuam khamoh kei ding, a chi ua.
32လျှော်တေအဝတ်ကိုဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ ရောက် လျှင်၊ ကိုယ်တော်ကျွန်ဗင်္ဟာဒဒ်က၊ ကျွန်တော်အသက်ကို ချမ်းသာပေးတော်မူပါဟု တောင်းပန်ကြောင်းကို လျှောက်ကြသော်၊ အာဟပ်မင်းက၊ ငါ့အစ်ကိုသည် အသက်ရှင်သေးသလောဟုမေး၏။
32Huchiin saiip puan atengua, a lu uah khauin a kikhih ua, Israel kumpipa kiangah a vahoh ua, na sikha Bebhadadin, hehpihtakin honhawi heh, a chi hi, a chi ua, aman, dam lai ahi maw? Ka unaupa a ka, a chi a.
33ထိုသူတို့သည် အာဟပ်မင်း၏ စကားကို စေ့စေ့ နားထောင်၍၊ ချက်ခြင်းစကားအရိပ်ကို ဘမ်းလျက်၊ ကိုယ်တော်အစ်ကိုဟူ၍ မိမိတို့သခင်ကို ခေါ်ကြ၏။ အာဟပ်ကလည်းသွား၍ ခေါ်ကြလော့ဟု စေလွှတ်သည် အတိုင်း ဗင်္ဟာဒဒ်သည် ထွက်လာ၍၊ အာဟပ်မင်းအခွင့် နှင့် ရထားတော်ပေါ်သို့ တက်ရ၏။
33Huai miten lung nuam takin, a lungsim thu tak a gen ahi ding chih umin, na unaupa Benhadad hi mah, a chi pah ua. Huchiin aman, va hoh unla, honpi un, a chi a. Huchiin Benhadad a hongpawt khiaa, a kiangah a hoha; huan, aman kangtalai ah a natuang saka.
34ဗင်္ဟာဒဒ်ကလည်း၊ ငါ့အဘသည် ကိုယ်တော် အဘ၏ လက်မှ လုယူသော မြို့တို့ကို ငါပြန်ပေးပါမည်။ ငါ့အဘသည် ရှမာရိမြို့၌ ရှုရိတန်းကို လုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့၌ ဣသရေလတန်းကို လုပ်ရပါသည်ဟုဆိုလျက်၊ အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက်၊ သင့်ကို ငါလွှတ်လိုက်မည်ဟုဆို၍ မိဿဟာယ ဖွဲ့လျက် လွှတ်လိုက်လေ၏။
34Huan, Benhadadin a kiangah, ka pan na pa akipana khua a nalak te ka honpe nawn ding: huan, ka pan Samari khuaa dawlpi mun a bawl bangin Damaska khua ah na dawlpi mun ding na bawl sam ding hi, a chi a. Huan, huchibanga thu kikhungin ka hon paisak ding hi, a chi a. Huchiin a kiangah thu a khunga, a paisakta hi.
35ပရောဖက်အမျိုးသားတယောက်က၊ ငါ့ကို ရိုက်ပါလော့ဟု ထာဝရဘုရား၏ နှုတ်ကပတ်တော် အတိုင်း အိမ်နီးချင်းအားဆို၏။ ထိုသူက ငါမရိုက်ပါဟု ငြင်းပယ်၏။
35Huan, jawlnei tapate laka mi khatin Toupa thuin a lawmpa kiangah, hon khen in, a chi a. Huan, huai miin a khen nuam kei.
36ပရောဖက်ကလည်း၊ ထာဝရဘုရား၏ အမိန့် တော်ကို နားမထောင်သောကြောင့် ငါ့ထံမှသွားစဉ်တွင်၊ ခြင်္သေ့သတ်လိမ့်မည်ဟုဆိုသည်အတိုင်း၊ ထိုသူသွားစဉ် တွင် ခြင်္သေ့တွေ့၍ သတ်၏။
36Huchiin a kiangah, Toupa thu na man louh jiakin, ngaiin, mual na honkhup san takin, humpinelkaiin a honnakei ding, a chi a. Huan, a mualkhup takin humpinelkaiin a na mua, a kei a.
37အခြားသောသူကိုတွေ့၍ ငါ့ကိုရိုက်ပါလော့ဟု ဆိုပြန်လျှင်၊ ထိုသူသည် နာကျင်စွာရိုက်လေ၏။
37Huchiin mi dang a vamu nawna, hon khen in, a chi a. Huai, miin a khena, a khenliamta hi.
38ထိုပရောဖက်သည်သွား၍ မိမိမျက်နှာကို ပုဝါ နှင့် ဖုံးအုပ်လျက် ရှင်ဘုရင်ကို ငံ့လင့်၏။
38Huchiin jawlnei apaia, lampi ah kumpipa a natanga, a talgaknaa a mitkhuhin a kibawl lamdanga.
39ရှင်ဘုရင်သည် ရှောက်သွားသောအခါ ထိုသူက၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ၏။ လူတယောက် သည် စစ်ပွဲထဲက ထွက်လာ၍ ကျွန်တော်၌ လူတယောက် ကို အပ်သဖြင့် ဤလူကိုစောင့်လော့။ တစုံတခုအားဖြင့် ပျောက်လျှင်သူ့အသက်အတွက် သင့်အသက်သေရမည်။ သို့မဟုတ်ငွေအခွက်တဆယ် လျော်ရမည်ဟု မှာထား သော်လည်း၊
39Huan, kumpipa a hongtunin kumpipa a nasama, kei na sikha kidoua pipen ah ka vahoha; huan, ngaiin, mi khat a hongkilehheia, ka kiangah mi khat a honpia, hiai mi na vengin, a tai mang leh a hinna sikin na hinna na tan dinga, ahihkeileh dangka talent khat na pe ding ahi, a chi a.
40ကိုယ်တော်ကျွန်သည် အရပ်ရပ်၌ အမှုများသောအခါ၊ ထိုသူ ပျောက်ပါသည်ဟု လျှောက်လျှင်၊ ဣသရေလရှင်ဘုရင်က၊ သင့်အမှုကို ထိုသို့ပင် စီရင်ရ မည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော် မူ၏။
40Huan, kei na sikha ka pumbuai jiakin a napaimangta hi, a chi a. Huan, Israel kumpipain a kiangah, huchibang geih ahi, natunga thupuk; nang mahmah in hihpuk khin neive maw, achia.
41ထိုပရောဖက်သည်မျက်နှာဖုံးပုဝါကို ချက်ခြင်းပယ်သဖြင့်၊ ပရောဖက်တစုံတပါးဖြစ်ကြောင်းကို ဣသ ရေလရှင်ဘုရင်သိ၏။
41Huan, aman a mit akipan tal gakna a lem zok a; huan, Israel kumpipan jawlnei te laka mi ahi chih a theita hi.
42ပရောဖက်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါကျိန်သောသူကို သင်လွှတ်သောကြောင့်၊ သင့်အသက်သည် သူ့အသက်အတွက်၊ သင့်လူတို့သည် သူ့လူတို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
42Huan, aman a kiangah, Toupan hichiin achi: ka mi hamsiat sa na khah jiak in a hinna sikin na hinna, a mite sikin na mite na tan ding, chiin, achia.Huan, Israel kumpipa bel nguitak leh lung kimlou tak in a pai a, Samari khua ah a hoh ta hi.
43ဣသရေလရှင်ဘုရင်သည် ညစ်ညူးသော စိတ်နှင့်ညှိုးငယ်လျက် ရှမာရိမြို့၊ နန်းတော်သို့သွား၏။
43Huan, Israel kumpipa bel nguitak leh lung kimlou tak in a pai a, Samari khua ah a hoh ta hi.