1ထိုသို့ လျှောက်ပြီးသည်နောက်၊ ရှောလု၏ သားယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။
1Huan, hichi ahi a, Saula kianga thu a gen khitin Jonathan hinna leh David hinna a hong kipeh geiha, huchiin Jonathanin amah hinna a it bangin amah a it hi.
2ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကို သိမ်းဆည်း၍ သူ့အဘ၏အိမ်သို့ နောက်တဖန် သွားနေရသော အခွင့်ကို ပေးတော်မမူ။
2Huan, Saulain huai niin a omsak pah ngala, a pa ina a paia phalta kei hi.
3ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိဿဟာယ ဖွဲ့ပြီးလျှင်၊-
3Huchiin Jonathan leh Davidin thu a khung ua, amah hinna bang geiha amah a it jiakin.
4မိမိဝတ်သော ဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ထား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အား ပေးလေ၏။
4Huan, Jonathanin a puansilh lai a suaha, david a piaa, a kivatna leh a namsau leh a thalpeu leh a taigakna nangawn amah a pia hi.
5ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမှုသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။
5Huan, Saulain a sawlna peuh ah David a hoh jela, kizen takin a gamtang: huan, Saulain galkapmite heutu dingin amah a bawla, huai mite tengteng ngaihin leh Saula sikha te ngaihin leng a hoih mahmah.
6ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်း ကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သောအစရှိ သည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊
6Huan, hichi ahi a, a hongpai ua Philistia mi that David a hongpaiin Israel kho tengah numeite lasa leh lam kawmin khuangta leh thil ging theite toh, nuamsa takin kumpipa Saula dawn dingin a hongpawt khia ua.
7ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။
7Huan, numeiten lam kawmin la a kidawng tuah ua, Saulain a sanga sang a that, Davidin a singa sing, a chi ua.
8ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ။ နိုင်ငံတော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။
8Huchiin Saula a thuten amah a kipaksak kei hiala; David bel a singa sing thatin a ngai ua, kei ahihleh a sanga sang kia thatin a hongai uh; gam loungal a tan ding dang bang ahia omta? A chi a.
9ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက် နေ၏။
9Huchiin Saula in huai ni akipanin david a enmohta hi.
10နက်ဖြန်နေ့ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သဖြင့်၊ ရှောလု သည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတို့ကို ကိုင်လျက်ရှိ၍၊-
10Huan, hichi ahi a, ajingsangin Saula tungah Pathian sawl dawi a hongtung eka, in sungah a pau bualbual mawka; huan, David in nidanga a hih bang mahin kaihging a tuma; Saulain a teipi a tawi gige hi.
11ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတို့ကို ထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။
11Huan, Saula in a teipi a khoha, Hua bangah David ka khoh den ding, a chi a. Davidin nih vei a kihepkhiak sana.
12ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့သဖြင့်၊-
12Huan, akianga TOUPA a om jiakin leh Saula a paisan jiakin David bel Saulain a kihta a.
13အထံတော်မှ ရွှေ့၍ လူတထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။
13Huaijiakin Saulain amah akipanin a kisuan saka, sang tunga a sepaih heutu dingin a bawla; huan, mipi lakah a lutin a pawt jel hi.
14ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏
14Huan, David bel a hih peuhmah ah kizen takin a gamtang jela; TOUPA lah a kiangah a om hi.
15ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင်လျှင် သာ၍ ကြောက်ရွံ့လေ၏။
15Huan, Saulain kizen takin a gamtang chih a muh in a kihta mahmah hi.
16ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။
16Himahleh Israelte leh Judate tengtengin David a it ua; a lak ua luta pawt jel lah ahi ngala.
17တဖန်ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အား ငါပေးစားမည်။ သင်သည် ငါ့အဘို့ ရဲရင့်၍ ထာဝရဘုရားအဘို့ စစ်တိုက်ခြင်းကိုသာ ပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့ လက်သည် ရောက်ပါစေသောဟု ရှောလု အကြံရှိ၏။
17Huan, Saulain David kiangah, ngaiin, ka tanu upajaw Merab na ji dingin ka hon neisak ding; hang takin hon gum peuhmah lechin, TOUPA kidounate douin, a chi a. Saulain, ken jaw a tunga khutkha louin Philistia miten a tungah khutkha jaw uhen, a chi ahi a.
18ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏ သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သော သူဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။
18Huan, Davidin Saula kiangah, kua ahia ka hiha ka hinna leh Israelte laka ka pa inkuante leng bang ahia a hih ua kumpipa makpa ka hihna ding? A chi a.
19သို့ရာတွင်၊ ရှောလု၏သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသော အချိန်ရောက်သောအခါ၊ မေဟော လသိအမျိုး အဒြေလအား ပေးစားလေ၏။
19Himahleh hichi ahia, Saula tanu Merab David toh kitensak a hong hunin Moholath mi Adriel ji dingin a pe mawk hi.
20တဖန် ရှောလုသမီး မိခါလသည် ဒါဝိဒ်ကို ချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလု သည် အားရလျက်၊-
20Huan, Saula tanu Mikalin David a ita; Saula a hilh ua; huaiin a kipaksak hi.
21ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှါ ပေးစားမည်ဟု အကြံရှိ၏။
21Huan, Saulain, a awkna ding thang a honghih theihna ding leh, Philistia miten a tunga khut a khak theihna ding un amah ka hon pe deh, a chi a. Huaijiakin Saulain David kiangah, tuniin ka makpa na hi tuan nawn ding, a chi a.
22နန်းတော်သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ၊ ရှင်ဘုရင် သည် သင့်ကို စုံမက်၍၊ ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်လည်း ချစ်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်၏ သမက်တော်ဖြစ်ကောင်းပါ၏ဟု မှာထားသည်အတိုင်း၊-
22Huchiin Saulain a sikhate thu a piaa, a simthamin David houpih unla, ngaiin, kumpipa na tungah a kipak mahmaha, a sikhate tengtengin leng nang a hon it uh; huchiin kumpipa makpa dingin omin, chi un, a chi a.
23ရှောလု၏ ကျွန်တို့သည် ဒါဝိဒ်အား ပြောကြ၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသားဖြစ်လျက်နှင့် ရှင်ဘုရင်၏ သမက်တော်လုပ်ရသောအမှုသည် သာမညအမှု ထင် သလောဟု ပြောဆို၏။
23Huan, Saula sikhaten huai thu David bil ah a gen ua. Huan, Davidin, mi tagah leh kuamah ngaihsak ngellouh kei bang a dingin kumpipa makpa hih thil namai dingin na sep ua hia? a chi a.
24ရှောလုကျွန်တို့ကလည်း၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်ဟု လျှောက်လျှင်၊-
24Huan, Saula sikhaten, Davidin huchibangin a chi hi, chiin a hilh ua.
25သင်တို့သည် တဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည်အကြောင်း၊ ဖိလိတ္တိ လူတို့၏ အရေဖျားတရာမှ တပါးအခြားသော လက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ၏။
25Huan, Saulain David kiangah hichibangin na chi ding uh, kumpipan kumpipa melma phu lakna dingin Philistia mite zekvun ja khat chih louh man bangmah a deih kai, a chi, chi un, a chi a. Saulain David lah Philistia mite khuta sihsak lungsimin a nei bikbek a.
26ရှောလု ကျွန်တို့သည် ထိုစကားကို ဒါဝိဒ်အား ပြန်ပြောသောအခါ၊ ဒါဝိဒ်သည် ရှင်ဘုရင်၏ သမက် တော်ဖြစ်ခြင်းငှါ အလိုရှိ၏။ ထို့ကြောင့် ချိန်းချက်သော အချိန်မစေ့မှီထ၍၊-
26Huan, a sikhaten huai thu David a hilh uleh kumpipa makpa hih David a kipak mahmah hi.
27မိမိလူတို့နှင့်အတူသွားသဖြင့်၊ ဖိလိတ္တိ လူနှစ်ရာတို့ကို သတ်ပြီးမှ၊ ရှင်ဘုရင်၏ သမက်တော် ဖြစ်လို သောငှါ၊ သူတို့အရေဖျားများကို ယူခဲ့၍၊ စုံလင်သော အရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက် လေ၏။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ၏။
27Huan, ni chiamte a bei nai keia; David leh a mite a thou ua, Philistia mite janih a va that ua; huan Davidin a zek vun uh a honpuaa, huchiin kumpipa makpa a hih theihna dingin kumpipa tuh kim takin a pia a, Huchiin Saulain a tanu Mikal ji dingin a peta hi.
28ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူကြောင်းကို၎င်း၊ မိမိသမီးသည် ချစ်ကြောင်းကို၎င်း၊ ရှောလုသည် မြင်၍၊-
28Huan, Saulain David kiangah Pathian a om chih a thei teltaa; huan, Saula tanu Mikalin amah a it hi.
29ကြောက်ရွံ့သော စိတ်စွဲလမ်းလျက် အစဉ်အမြဲ ရန်ငြိုးဖွဲ့လေ၏။
29Huchiin Saulain David a kihta semsem hi; Saula bel David melma ahi denta hi.Huchiin Philistiate miliante a vakuan khe sek ua; huan, hichi ahi a, a kuan khiak peuhmah chiang un David bel Saula sikha tengteng sanga kizenin a gamtang jel a; huchiin a min a tawisang mahmah uhi.
30တဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု၏ ကျွန်အပေါင်း တို့ထက်သာ၍ သတိပညာနှင့် ပြုမှုသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏။
30Huchiin Philistiate miliante a vakuan khe sek ua; huan, hichi ahi a, a kuan khiak peuhmah chiang un David bel Saula sikha tengteng sanga kizenin a gamtang jel a; huchiin a min a tawisang mahmah uhi.