Myanmar

Paite

1 Samuel

28

1ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက်အံ့သောငှါ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့် လိုက်၍စစ်တိုက်သွားရမည်ကို ဆက်ဆက် သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊
1Huan, Hichi ahia, huailaiin Philistia miten a sepaihte uh Israel mite suala dou dingin a kaikhawm ek mawk ua. Huan, Akisin David kiangah, Nang leh mite sepaihte laka ka kianga hong ngeingei ding na hi uh chih theiin, a chi a.
2ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ် အရာ၌ ငါခန့်မည်ဟုပြန်ပြော၏။
2Huan, Davidin Akis kiangah, Aw leh, na sikha thilhihtheihdan na thei mai ding, a chi a. Huan, Akisin David kiangah, A hoih ve, kei honvengpa dingin ka honbawl den ding, a chi a.
3ထိုကာလ၌ ရှမွေလမရှိသေလွန်ပြီ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကိုသူနေရင်း ရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်ပေါင်းတို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။
3Samuel a si khina, Israel mi tengtengin a kah ua, amah khua mahmah Rama khua ah a vui uhi. Huan, Saulain dawi aisansiam jawlte leh dawisiamte a gam akipanin a delhkhe khina.
4ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။
4Huan, Philistia mite a kikai khawm ua, Sunem ah panmun a bawl ua: huan, Saulain Israel mi tengteng a kaikhawma, Gilbo ah panmun a bawl sam hi.
5ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံး ရှိ၏။
5Huan, Saulain Philistia sepaihte a muh takin a laua, a lungsim a ling tonton maimaha.
6ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။
6Huan, Saulain TOUPA a dotin leng TOUPAN mang hiam, Urim hiam, jawlnei hiamin a dawng himhim kei hi.
7ထိုအခါရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍ မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက်ရှိပါ၏ဟု လျှောက်သော်၊
7Huchiin Saulain a sikhate kiangah, Dawi aisansiam jawl numei a kianga ka hoha ka dot ding in honzon khiak un, a chi a. Huan, a sikhaten a kiangah, Ngai in, Endor khuaa dawi aisansiam numei om eive, a chi ua.
8ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကို ဆောင်လျက်၊ ညဉ့်အခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသော နတ်ကို အမှီပြု၍ သင့်အားငါပြောမည့်သူကို ဘော်ပါလော့ဟု တောင်းပန်လေ၏။
8Huan, Saula bel a kibawllamdanga, puan lamdang a silha, amah leh mi dang nih toh a hoh ua, janin numei kiang a vatung uh: huan, Dawi aisannain ai honsansak inla, na kianga a min ka gen peuhmah honsap sak in, a chi a.
9မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့် နတ်ဝင်တို့ကို တပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည် သိလျက်နှင့် ငါ့ကို သေစေခြင်းငှါ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊
9Huan, numeiin a kiangah, ngai in, Saula thilhih na theia, a gama dawi aisansiam leh dawisiamte a hihmang khintaa, bangdia ka sihna dinga ka hinna thang kam khum dia kisa na hia? a chi a.
10ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုလေ၏။
10Huan, Saulain TOUPA min louin, TOUPA hinna louin ka gen hi, hiai thil jiakin na tungah gawtna a tung kei ding, chiin a kiangah a kichiam hi.
11မိန်းမကလည်း၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကို ဘော်ပါဟု ဆို၏။
11Hichiin numeiin, kua ka honsap khiak sak dia? A chi a. Huan, aman, Samuel hon sap khiak sakin, a chi a.
12မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊
12Huan, numeiin Samuel a muh leh a kikou eka; huan, numeiin Saula kiangah, Bangdia honkhem, Saula lah na hi ngala? A chi a.
13ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။
13Huan kumpipan a kiangah, Lau ken; bang na mua amaia? A chi a. Huan, numeiin Saula kiangah, Lei akipana pathian hongpawt ka mu, a chi a.
14အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက် ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ်၌ ဦးညွှတ်ပြပ်ဝပ် လျက်နေ၏။
14Huan, a kiangah, Bangchi bang ahia? a chi a. Aman, Putek pi a hongpawta, puannak tual a silh, a chi a. Huan, Saulain Samuel ahi chih a theia, a maia lei siin chibai a buk hi.
15ရှမွေလကလည်း၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။
15Huan, Samuelin Saula kiangah, Bangdia hichibanga buaihuaia honsam khia? A chi a. Huan, Saulain a dawnga, Ka lung a jing mahmaha ahi: Philistia miten hondou ua, Pathianin lah hon lehngatsana, jawlnei hiam, mang hiam in leng lah a hongdawng himhim keia; huaijiakin ka hih ding honhilh dingin ka honsam ahi, a chi a.
16ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကို စွန့်၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။
16Huan, Samuelin, huchia TOUPAN a honlehngatsana na melma a honghita chih thei gige kawma bangdia thu hondong?
17ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနှုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။
17Kei honzanga a gen bangin TOUPAN na tunga hih eita ve: TOUPAN na khut akipan gam a honsuta, na invengpa, David a peta ahi.
18အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ ပြင်းစွာသော အမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ ရောက်စေတော် မူပြီ။
18TOUPA thu na man louh jiak leh Amalekte tunga a heh mahmahna dungjuia na tangtun louh jiakin tuin na tungah hiai thil a hihta ahi.
19ထိုမှတပါးသင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့ လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။
19Huailou leng, TOUPAN nang leh Israelte leng Philistia mite khut ah a pe dinga; huan, jingchiangin nang leh na tapate ka kiangah nong om ding uh: TOUPAN Israel sepaihte leng Philistia mite khut ah a pe ding, a chi a.
20ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန် ကြောက်ရွံ့၏။ တနေ့နှင့် တညဉ့်လုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။
20Huchiin Samuel thugen jiak in Saula a lau mahmaha, lei ah a puk vialvual maimaha; tha leh zung himhim a neikeia, nitum leh jankhuaa an ne lou lah ahi ngala.
21ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။
21Huan, numeinu pen Saula kiangah a hoha, a dah mahmah chih a theia, a kiangah, ngai in, na sikhanuin na gen ka taksanga, sih leh sih ka kianga na thugente ka pom hi.
22သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏ စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌ တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှါ စားတော်ခေါ်ပါဟု လျှောက် သော်လည်း၊
22Huaijiakin nang leng na sikhanu thu taksang samin; an tawmchik bek ka honlui dinga, huchiin na pai chianga thagui na neih theihna dingin nein, a chi a.
23ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့် ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။
23Himahleh a ut keia, Ka ne kei ding, a chi a. Ahihhangin a sikhaten numei toh a sawl teitei ua; a thu uh a mangta. Huchiin lei akipan a thoua, lupna ah a tu hi.
24ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်း ယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊
24Huan, numeiin bawngnou vak thau a in ah a neia, a vagou zoka; huan, tangbuang a laa, a meka, silngou panglou tanghou a bawla;Huan, Saula leh a sikhate maah a lui a; huan a na neta ua. Huchiin a thou ua, huai janin a paita uhi.
25ရှောလုနှင့် ကျွန်များတို့ ရှေ့၌ တင်လေ၏။ သူတို့သည် စား၍ ထိုညဉ့်တွင် ထသွားကြ၏။
25Huan, Saula leh a sikhate maah a lui a; huan a na neta ua. Huchiin a thou ua, huai janin a paita uhi.