Myanmar

Paite

1 Samuel

30

1သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏ လူတို့သည် ဇိကလတ်မြို့သို့ရောက်သောအခါ၊ အာမလတ် လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။
1Huan, hichi ahi a, ni thum nia David leh a mite Ziklag a tun un Amalekten Simlam leh Ziklag khua a na simkhin ua, Ziklag khua bel a nabawl ek ua, a nahal ua;
2မြို့၌ ရှိသော မိန်းမအကြီးအငယ် တယောက်ကိုမျှမသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။
2Numeite leh huai khuaa om peuhmah a lian a neu salin a man uh: kuamah that louin a pi ua, a paipih khinta uh.
3သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကို မီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊
3Huan, David leh a mite khua a vatun un, ngaiin, a nakang siang khinta a; huan, a jite uh, a tapate uh, a tanute uh salin a naman khinta uh.
4ငိုသံကို လွှင့်၍ အားကုန်သည် တိုင်အောင် ငိုကြွေးကြ၏။
4Huchiin David leh a kianga omten a aw uh suaksakin, kah leng kap nawn theilou khopin a kap ua.
5ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလ မယားက ရေမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။
5Huan, David jite nih Jezreel mi Ahinoam leh Karmela mi Nabal ji Abigail te leng salin a pi khin uh.
6ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊
6Huan, David a lungjing mahmaha; mi chih a tapate uh leh a tanute uh jiaka mi tengteng a lung uh a noplouh mahmaha amah suanga den thu a gen jiak un; himahleh David bel Pathian TOUPA ah a kihihhat hi.
7သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။
7Huan, Davidin, Ahimelek tapa siampu Abiathar kiangah, Siampu puannak honvalaksak dih ve, a chi a. Huan, Abiatharin David siampu puannak a valaksak a.
8ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊
8Huan, Davidin, Huaite delh leng ka delh pha lai diam? Chiin TOUPA a donga. Aman a dawnga, Delh in, na pha ngeingei ding, na honkhe vek ngeingei ding, a chi a.
9ဒါဝိဒ်နှင့် သူ၌ ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။
9Huchiin David a kuanta a, amah leh a kianga mi za guk toh; huan, Besor lui a vatung ua, a mi nutsiatte uh huailaiah a om uh.
10ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။
10Davidin bel a delh jela, amah leh mi za lite toh, mi za nih bel a bah tak jiak un Besor lui a kan tei theita kei ua, a naomta uhi.
11လွင်ပြင်၌ အဲဂုတ္တု လူတယောက်ကို တွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည် စား၏။ ရေကိုလည်းသောက်စေကြ၏။
11Huan, gamlakah Aigupta mi a vamu ua, David kiangah a pi ua, tanghou a pia ua, a na ne a; huan, tui dawn ding a pia ua;
12သင်္ဘောသဖန်းသီး ပျဉ်တဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည် စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။
12Huan, theipi beu them khat leh grep gah phou keu bawm nih a pia ua; huan, huaite a nek leh a honghalh nawna; ni thum leh jan thum an ne lou leh tui dawn lou lah ahi ngala.
13ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။
13Huan, Davidin a kiangah, kua na hia? kaw kipana hong na hia? a chi a. Huan, aman, Aigupta gam tangval, Amalek mi sikha ka hi; huan, ni thum a hitaa, ka chi a nat jiakin ka puin a honpaisan maimah hi.
14ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။
14Kereth Sim gam leh Juda tan Sim gamte ka sim ua, huan, Kaleb Sim gam leng ka sim uh; huan, Ziklag khua leng ka hal ua, a chi a.
15ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်း ရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုပါတော့။သို့ဖြစ်လျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
15Huan, Davidin a kiangah, huaite omna ah non pi suk thei diam? A chi a. Huan, aman, Honthat lou ding leh ka pu khuta hon pe nawn lou dingin Pathian min louin ka kiangah kichiam inla, huchiin huaite omna ah ka honpi suk ding, a chi a.
16လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲက သိမ်းယူသော ဥစ္စာ ပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတပြင်လုံး၌ အနှံ့အပြားရှိကြ၏။
16Huan, a pi suk leh, ngai in, Philistia gam leh Juda gama gallak tampi a lak jiak un ankuang a lui ua, a ne un a dawn uh. a na om dalh phengphung phet uhi.
17ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော လုလင်လေးရာမှ တပါးလူတယောက်မှ မလွတ်။
17Huchiin Davidin ni tum akipan a jingsang nitaklam tanin amau a suala, tangval za li sangawngsau tunga tuanga taikekte kia loungal kuamah dama suakta himhim a om kei ua.
18အာမလက်လူတို့သည် သိမ်းသွင်းသမျှတို့ကို ဒါဝိဒ်သည် ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နှုတ်လေ၏။
18Huan, Davidin Amalek mite lak tengteng a la nawn veka; huan, Davidin a jite nih a hon kheta hi.
19လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစုံတခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။
19Huchiin alian aneuin, a tapate uh, a tanute uh, a gallak u leh a thillak himhim bangmah tan a neikei ua, Davidin a laksak nawn vek hi.
20ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာ ဖြစ်သည်ဟုဆို၏။
20Huan, Davidin belam hon leh gan hon tengteng a laa, gan dangte maah a hawl ua, Hiaite David gallak ei ve, a chi uh.
21မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့်သူ့၌ ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှါ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကို နှုတ်ဆက်လေ၏။
21Huan, mi zanih a bah ziak ua David zuithei nawnlou a Besor lui a a omsakte uh kiang David a va tung a; huan, amau David dawn ding leh a kiang a omte dawn ding in a pawtkhia ua; huan, David mipite kiang a vatun in chibai a buk chiat hi.
22ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတပါး အခြားသော ဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။
22Huchi in David kianga hohte lak mi giloute leh Belial mi tengteng in a dawng ua, I kiang ua a hong tei louh ziak un gallak thil i va suh nawn himhimte amau i pekei ding ua, a pi ua a pai theihna ding un a zite uh chiat leh a tate uh chiat a hihleh a pi uh i phal ding uh, a chi ua.
23ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကို တိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့ မပြုရ။
23Huchi in David in, Unaute aw, TOUPA, honkepsak a ei hondou ding a hong kuante I khut ua honpepa thil honpiakte huchi bang in na hih kei ding uh.
24ဤအမှု၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသော သူရသည်အတိုင်း၊ ဥစ္စာကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။
24Kuan ahia hiai thu a na thu uh zui ding? Kidouna a hohte tan bangmah van veng a na omten leng a tan sam ding uh aka; kibang vek a tan ding ahi, a chi a.
25ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှါ စီရင်ထုံးဖွဲ့သတည်း။
25Huchi in huai ni a kipan in tutan in Israelte adia thupiak leh dan ding in a bawlta hi.
26ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာ အချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့ အဘို့ လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။
26Huan, David Ziklag khua a tun in, gallak khenkhat, Hiai, TOUPA melmate lak a gallak, nang dinga kipahman, chi in, Juda upate, a lawmte ngei kiang ah, gallak khenkhat a khak a;
27ဗေသလမြို့၊ တောင်ရာမုတ်မြို့၊
27Bethel a omte kiang ah bang, Sim a Ramoth a omte kiang ah bang, Jatir a omte kiang ah bang;
28အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊
28Aroer a omte kiang ah bang, Sipmoth a omte kiang ah bang, Estermoa a omte kiang ah bang;
29ရာခလမြို့၊ ယေရမေလလူ နေရာမြို့များ၊ ကေနိလူ နေရာမြို့များ၊
29Rakala omte kiang ah bang, Jerameel khua a omte kiang ah bang, Kente khuaa omte kiang ah bang;
30ဟောမာမြို့များ၊ ခေါရာရှန်မြို့၊ အာသက်မြို့၊
30Hormaa omte kiangah bang, Kerasan a omte kiang ah bang, Ataka omte kiang ah bang;Hebron a omte kiang ah bang, David leh a mite tatna mun tengteng kiang ah bang.
31ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။
31Hebron a omte kiang ah bang, David leh a mite tatna mun tengteng kiang ah bang.