Myanmar

Paite

1 Samuel

8

1ရှမွေလသည် အသက်ကြီးသောအခါ၊ မိမိသားတို့ကို ဣသရေလအမျိုး၌ အုပ်စိုးရသော အခွင့်နှင့် ခန့်ထား၏။
1Huan, hichi ahi a, Samuel a upata a, a tapate Israel mite tunga vaihawmmiin a bawl hi.
2သားဦးအမည်ကား ယောလ၊ ဒုတိယသားအမည်ကား အဘိရတည်း။ ထိုသူတို့သည် ဗေရရှေဗမြို့၌ တရားသူကြီးလုပ်ကြ၏။
2A ta masapen min Joel ahi; huan, a zom min Abija ahi; Beer-sebaa vaihawmmi ahi uh.
3သို့ရာတွင် အဘလမ်းသို့မလိုက်။ ငွေကို တပ်မက်သော စိတ်နှင့် လွဲသွား၍ တံစိုးစားလျက် တရားကို ဖျက်ကြ၏။
3Himahleh a taten a omdan a la kei ua, sum leh pai lam a delh ua, golhna a la ua, diklou takin vai a hawm uh.
4ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး၍၊ ရှမွေလရှိရာ အရပ် ရာမမြို့သို့လာပြီးလျှင်၊
4Huchiin Israel mite upate tengteng a kikhawm ua, Rama khua ah Samuel kiangah a hoh ua;
5ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါ လော့ဟု လျှောက်ကြ၏။
5A kiangah, Ngaiin, na upa mahmahta a, na tapaten lah na omdan a la kei hial ua; nam dangte tengteng banga ka tung ua vai hawm dingin kumpipa hon bawlsakin, a chi ua.
6ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအား ဆုတောင်းလေ၏။
6Himahleh a kianga, vai hon hawmsak ding kumpipa honpia in, a chih un Samuel akipaksak kei hiala. Huchiin Samuel TOUPA kiangah a thuma.
7ထာဝရဘုရားကလည်း၊ သင့်အား လူများတို့ ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့ သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှါ ငါ့ကိုလည်းပယ်ကြပြီ။
7Huan, TOUPAN Samuel kiangah, mipiten na kianga a gen tengteng uh ngaikhia in; nang hon deihlou a hikei ua, a tung ua kumpipa dinga kei hon deihlou uh ahi zaw.
8သူတို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့ကိုစွန့်၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသဖြင့် ကျင့်မိသမျှသော အကျင့်အတိုင်း သင်၌လည်း ပြုကြ၏။
8Aigupta gam akipan ka pi khiak ni akipan tu tana a thilhih dan tengteng uh, hon lehngatsana pathian dang na a hon sepsan jel uh mahbangin nang tungah a hih uh ahi.
9ယခုမှာ သူတို့စကားကို နားထောင်လော့။ သို့ရာတွင် သတိပေး၍ သူတို့ကို အုပ်စိုးသော ရှင်ဘုရင် ၏ ထုံးစံကို ပြလော့ဟု မိန့်တော်မူ၏။
9Huaijiakin a thu uh ngaikhia in: ahihhangin chihtak peta thu kamkhumin a tung ua vaihawmmi kumpipa tatdan ding kawkmuh chitchiat in, a chi a.
10ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော၍၊-
10Huan Samuelin TOUPA thu tengteng kumpipa ngen mipite a hilh vek a.
11သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်၏ ထုံးစံဟူမူကား၊ သင်တို့သားများကိုယူ၍ မိမိရထားထိန်း၊ မြင်း ထိန်းအရာ၌ ခန့်ထား၍၊ အချို့တို့သည်လည်း သူ၏ရထားရှေ့မှာ ပြေးရကြမည်။
11Na tung ua vaihawmmi ding kumpipa tatdan hichibang ahi ding: na tapate uh a sakol leh a kangtalai tuanpih dingin a sep dinga, a kangtalai maa taita a om ding ua:
12လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထား၍၊ လယ်လုပ်ခြင်း၊ စပါး ရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကိုလုပ်ခြင်း အမှုများကို ဝေဖန်လိမ့်မည်။
12Huan, a sepaih sang heutu ding, sawmnga heutu ding a sep dinga; huan, khenkhatte a lei let ding, a buh la ding, a kidouna van bawlmi ding, a kangtalai van bawlmi dingte dingin a zang ding.
13သင်တို့သမီးများကိုလည်း ယူ၍၊ ခဲဘွယ်စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှါ၎င်း၊ စားတော်ကဲ၊ မုန့်သည် ဖြစ်စေခြင်းငှါ၎င်း ခန့်ထားလိမ့်မည်။
13Huan, na tanute uh gimlim bawl dng, anhuan ding, tanghou bawl dingin a zang ding.
14သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကို ယူ၍ မိမိကျွန်တို့အား ပေးလိမ့် မည်။
14Huan, na loute, na grep huante, olive huante a hoih tata a honsut dinga, a sikhate a pe ding.
15သင်တို့မျိုးစေ့ စပျစ်သီးဆယ်ဘို့တဘို့ကို ယူ၍ သူ၏အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည်။
15Huan, na haichi leh na grep huana sawma khat a honlaksak dinga: a sikhate leh heutute a pe ding.
16သင်တို့ကျွန်၊ ကျွန်မ၊ အကောင်းဆုံးသော လုလင်၊ မြည်းများကို ယူ၍ သူ၏ အမှုကို လုပ်ကိုင်စေ လိမ့်မည်။
16Huan, na sikhapate, na sikhanute, na tangval hoihhoihte, na bawngte a honsut dinga, a nasem dingin a zang ding hi.
17သင်တို့သိုးစုဆယ်ဘို့ တဘို့ကိုလည်းယူ၍ သင်တို့သည် သူ၏ ကျွန်ခံရကြမည်။
17Na belam hon laka sawma khat a honlaksak dinga; huan, a sikhate na hi ding uh.
18သင်တို့ ရွေးယူသော ရှင်ဘုရင်ကြောင့်၊ ထိုနေ့၌ သင်တို့ အော်ဟစ်သော်လည်း၊ ထာဝရဘုရားသည် နားထောင်တော်မမူဟု သတိပေးလေ၏။
18Huan, huai hun chiangin na tel ding uh kumpipa jiakin na thum khe ding ua; himahleh huai hun chiangin TOUPAN a hondawng kei ding, a chi a.
19သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။
19Himahleh mipiten Samuel thu a jui nuam kei ua, ahi kei, kumpipa I neih ngeingei ding ahi;
20အကျွန်ုပ်တို့သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာ ထွက်ကြွ၍ စစ်တိုက်ရမည်ဟု ရှမွေလ၏ စကားကို နားမထောင် ဘဲ ဆိုကြ၏။
20Huchiin nam dangte tengteng bang I honghi dinga, huan, I kumpipan vai a hon hawmsak dinga, I namte piin galte a hondou pih ding, a chi ua.
21ထိုသူတို့၏ စကားများကို ရှမွေလသည် ကြားလျှင်၊ ထာဝရဘုရားရှေ့တော်၌ လျှောက်လေ၏။
21Huan, Samuelin mipite thugen tengteng a ja a, TOUPA bilah a thun sawm a.Huan, TOUPAN Samuel kiangah, a thu uh la inla, kumpipa bawlsakin, a chi a. Huan, Samuelin Israel mite kiangah, mi chih noumau khua ah pai chiat un, a chi a.
22ထာဝရဘုရားကလည်း၊ သူတို့စကားကို နားထောင်၍ သူတို့အဘို့ ရှင်ဘုရင်ကို ချီးမြှောက်လော့ဟု မိန့်တော်မူသဖြင့်၊ ရှမွေလက၊ သင်တို့အသီးအသီး နေရာ မြို့ရွာသို့ ပြန်သွားကြလော့ဟု ဣသရေလ လူတို့အား ပြောဆိုလေ၏။
22Huan, TOUPAN Samuel kiangah, a thu uh la inla, kumpipa bawlsakin, a chi a. Huan, Samuelin Israel mite kiangah, mi chih noumau khua ah pai chiat un, a chi a.