Myanmar

Paite

2 Chronicles

15

1ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက်၍၊
1Huan, Oded tapa Azaria tungah pathian kha a hongtunga;
2အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှါ သွားလျက်၊ အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရားဘက်၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော် မူမည်။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည်။
2Asa dawn dingin apai khiaa, a kiangah, Asa leh Juda mi tengteng leh Benjamin mite aw, ka thu ngaikhe dih ua, a lama na pan sung tengun TOUPA nou lamah a pang, amah na zon u leh na mu ding ua, amah na lehngatsan uleh leng a honlehngatsan ding.
3ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန်သော ဘုရားမရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ်မရှိ။ တရားလည်းမရှိဘဲ နေ၍၊
3Israel mite sawtpi pathian tak neilou leh sinsakmi leh siampu neilou leh dan neilouin a om ua:
4ဘေးရောက်သဖြင့်၊ သူတို့သည် ဣသ ရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ရှာကြသောအခါ အတွေ့ခံတော်မူ၏။
4Himahleh, a mangbat ua TOUPA Israelte pathian lam a ngat ua, a zon tak un a mu uhi.
5ရှေးကာလ၌ ထွက်သောသူ၊ ဝင်သောသူသည် ချမ်းသာမရ။ အတိုင်းတိုင်းအပြည်ပြည်သားအပေါင်း တို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ၏။
5Huan, huai laiin a pawt lam leh a lut lamte adingin galmuanga omna a om keia, gamsunga om tengteng adingin mangbatna thupi mahmah ngen ahi jaw.
6တနိုင်ငံနှင့်တနိုင်ငံ၊ တမြို့နှင့်တမြို့ထကြ၍၊ ဘေး အမျိုးမျိုးအားဖြင့်၊ ဘုရားသခင်ဆုံးမတော်မူ၏။
6Nam leh nam, khua leh khua akihihsia ua, pathianin haksatna chitengin a haksasak ahi.
7သင်တို့မူကား အားယူကြလော့။ လက်အား မလျော့စေနှင့်။ သင်တို့ကျင့်သည် အတိုင်းအကျိုးကို ခံရကြမည်ဟာ မြွတ်ဆို၏။
7Himahleh, nou jaw hat takin om unla, ki thadah sak kei un, nathilhih man uh na mu sin uhi, a chi a.
8ထိုစကားနှင့် ပရောဖက်ဩဒက်၏ အနာဂတ္တိ စကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့၌၎င်း၊ စက် ဆုပ်ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော် ဦးရှေ့တွင်ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင် လေ၏။
8Huan, Asain huai thute leh jawlnei Oded thu gente a jakin a kihangsak a, Juda gam leh Benjamin gam tengteng akipan leh Ephraim tang gama a kho lak akipana thil kihhuaite a pimang veka; TOUPA inlim china TOUPA maitam a bawl pha hi.
9ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့ကို၎င်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်း စုဝေးစေ၏။ အာသမင်၏ ဘုရားသခင်ထာဝရဘုရားသည်၊ သူနှင့် အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသား အများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။
9Huan, Juda gam leh Benjamin gama mi tengteng, a kianga om Ephraim leh Manasi leh simeon gama mite toh a sam khawm veka: TOUPA a pathian a kiangah a om chih a theih un Israel gam akipanin a hongbel duamduam ngal ua.
10အာသမင်းနန်းစံဆယ်ငါနှစ်၊ တတိယလတွင် ယေရုရှလင်မြို့၌ စုဝေး၍၊
10Huchiin Asa kum sawm leh kum nga a lal kum, a kha thumnaah Jerusalem ah a kikai khawm ek ua.
11ဆောင်ခဲ့သော လက်ရဥစ္စာထဲကနွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
11Huan, huai niin a gallak uh bawngtal za sagih leh belam sang sagihin TOUPA kiangah a kithoih uh.
12ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ၍၎င်း၊
12Huan, a lungsim uh leh a lungtang tengteng un TOUPA a pi leh pute uh pathian zong ding leh;
13ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို မရှာသောသူ၊ ယောက်ျားမိန်းမ အကြီးအငယ် မည်သည်ကား၊ အသေသတ်ခြင်းကို ခံရမည်ဟူ၍၎င်း၊
13Kuapeuh TOUPA Israelte pathian zong lou lou a lian a neu, a numei a pasal in hihlup ding thu a khung uhi.
14ကြွေးကြော်သံ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။
14Huan, TOUPA kiangah aw ngaihtaka gingin, kikouin, pengkul gingtoh, pengkul bi nei gingtoh a kichiam uh.
15ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကိုရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။
15Huan, Juda mite tengteng aki chiamna uah a kipak ua, a lungtang tak ua kichiam a hih ua, kituak taka zong a hih jiak un, muh leng a mu him ua; huan, TOUPAN munchih ah galmuanga omna a pia hi.
16အာသမင်းကြီး၏ အဘွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊မိဖုရား အရာကိုနှုတ်၍၊ ရုပ်တုကိုဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
16Huan, kumpipa Asa nu Maaka leng milim kihhuai tak Aser a bawl sak jiakin a kumpinu hihna a tawpsaka; huan Asain milim a sat puka, a hihjan veka, Kidron luiah a hal hi.
17မြင့်သောအရပ်တို့ကို ဣသရေလပြည်၌ မပယ် ရှားသော်လည်း၊ လက်ထက်တော်ကာလပတ်လုံး အာသ စိတ်နှလုံးသည် စုံလင်ခြင်းရှိ၏။
17Himahleh, Israel gam akipan mun sangte paih mang ahi keia; a hihhangin Asa lungsim a lal sungin a kizen gige hi.
18ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထား တော်မူ၏။
18Huan, a pan thil a nalat leh amah nalat dangkasikte, dangkaengte, tuiumbelsuante pathian in ah a la lut hi.Huan, Asa lal lai kum sawmthum leh kumnga sungin kidou himhim a omkei hi.
19နောက်တဖန်နန်းစံ သုံးဆယ်ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ။
19Huan, Asa lal lai kum sawmthum leh kumnga sungin kidou himhim a omkei hi.