1ပြည်သူပြည်သားတို့သည် ယောရှိသား ယော ခတ်ကို ယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။
1Huchiin huai gama miten Josia tapa Jehoahaz a pi ua, Jerusalem ah a pa sikin kumpipa dingin a bawl uh.
2ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။
2Jehoahaz bel a lal pattungin kum sawmnih leh kum thum ahi a, Jerusalem ah kha thum a lal.
3ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင် မြို့မှာ နန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ၏။
3Aigupta kumpipan Jerusalema a lalna a tawpsaka, a gam uh dangkasik talent ja leh dangkaeng talent khat a liau sak hi.
4အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ် ၏ နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်၍။ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။
4Huan, Aigupata kumpipan a unaupa Eliakim Juda leh Jerusalema kumpipa dingin a bawla, a min Jehoiakim chiin a khen sak hi. Huan, Nekoin a unaupa Jehozhaz Aigupta gamah a pi hi.
5ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံ လေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
5Jehoiakim bel a lal pattungin kum sawmnih leh kum nga ahi a, Jerusalem ah kum sawm leh kum khat a lala: TOUPA a Pathian mitmuhin thil hoih lou ahih sek hi.
6ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ယူသွားခြင်းငှါ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။
6Babulon kumpipa Nebukadnezzar amah sual dingin a hongkuana, Babulona pi dingin kol a bunsak hi.
7ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား ၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
7Nebukadnezzarin TOUPA ina tuiumbelsuante leng Babulon ah a laa, Babulona a pathian biakin ah a koih hi.
8ယောယကိမ်ပြုမူသော အမှုအရာ ကြွင်းလေ သမျှတို့နှင့် ပြုမိသော ရွံရှာဘွယ်အမှု၊ ထင်ရှာသော စိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
8Jehoiakim tanchin dang te, a thil kihhuai hihte leh a omdante ngaidih, Israel kumpipa leh Juda kumpipate tanchin bu ah a tuanga; huan, a tapa Jehoiakin a sikin a lalta hi.
9ယေခေါနိသည် အသက်တဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက်စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၏။
9Jehoiakin alal pattungin kum giat a ahia, Jerusalem ah kha thum leh ni sawm a lala, TOUPA mitmuh in thil hoih lou a hih sek hi.
10နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီး သည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော် ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
10Huan, kum a hong beiin kumpipa Nebukadnezzarin mi a sawla, TOUPA ina tuiumbelsuan hoih pipite toh Babulon ah a pi saka, a unaupa Zedekia Juda gam leh Jerusalema kumpipa dingin a bawl hi.
11ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။
11Zedekia bel a lal pattungin kum sawmnih leh kum khat ahi a, Jerusalem ah kum sawm leh kum khat a lala:
12ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ။
12TOUPA a Pathian mitmuhin thil hoih lou a hih saka; TOUPA kama kipana thu genpa jawlnei Jeremia lakah a kiniamkhiak nuam keia,
13ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။
13Pathian mina kichiamsakpa kumpipa Nebukadnezzar tungah a hel laia, paupengin a om a, TOUPA Israel Pathian lam nga lou dingin a lungsim a khauh sak hi.
14ထိုမှတပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။
14Siampu heutu tengteng leh mipiten leng Pathian theilou mite bangmahin thil kihhuai pipite a hih ua; Jerusalema a hihsiangthou TOUPA inte leng a hihbuah uh.
15ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
15Huan, TOUPA a pi leh pute uh Pathianin a kianguah theihtawpa phatuamngaiin mi a sawla, a mite leh a omna mun a lainat jiakin;
16ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲ သောကြောင့်၊ ထာဝရဘုရား၏အမျက်တော် မငြိမ်း နိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
16Himahleh Pathian mi sawlte a namusit ua, a thute a ngaineu ua, a mite tunga TOUPA hehna a hongthou a, hihlungdamnawnna mahmah om lou khopin a jawlnei a hihgim uhi.
17ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ၏။
17Huaijiakin Kaldai kumpipa a tunguah a gamtang saka, aman a tangvalte uh a mun siangthou uah namsauin a thata, nungak leh tangval leng, tek leng, teksia leng lainatna himhim a neikeia; a khutah a pevek hi.
18ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကို၎င်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ် ဘဏ္ဍာရှိသမျှတို့ကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။
18Huan, Pathian ina tuiumbelsuan tengteng, a lian leng, a neu leng, TOUPA ina sum koih khawm tengteng te, kumpipa sum koih khawm leh a miliante sum koihkhawmte nangawnin Babulon ah a la vek hi.
19ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုး ကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။
19Huan, Pathian inte a hala, Jerusalem kulh te a chimsaka, huailaia in thupi tengteng a hala, huailaia tuiumbelsuan hoih tengteng a hihse veka.
20ထားဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့ သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံ မတည်မှီ တိုင်အောင် ရှင်ဘုရင်ထံ၊ သားတော် မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။
20Namsuan thah bang teng Babulon ah a pia, Persiate a honglal tak un amah leh a tapate sikhain a om uhi:
21ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထားဝရ ဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း။
21A khawlnite gamin nuamtaka a zat tana Jeremia kama gen TOUPA thu a tangtunna dingin: segawpa a om sungteng lah, kum sawmsagih tangtunna dingin, a khawlnite a tang ngala.
22Huchiin Persia kumpipa Kura lal tung kumin Jeremia kama TOUPA thu a tun kim theihna dingin a gam tengtenga than khiak vek ding leh a gelha gelh dingin leng TOUPAN Persia kumpipa Kura lungtang a tok thou a,Persia kumpipa Kurain hichiiin a chi, Khovel gam tengteng TOUPA van Pathianin a honpia a; huan, Juda gama Jerusalem ah a in lamsak dingin thu a honpia ahi. Na lak ua amah mite photphot kiangah TOUPA a Pathian om henla, vahoh tou hen, chiin.
23Persia kumpipa Kurain hichiiin a chi, Khovel gam tengteng TOUPA van Pathianin a honpia a; huan, Juda gama Jerusalem ah a in lamsak dingin thu a honpia ahi. Na lak ua amah mite photphot kiangah TOUPA a Pathian om henla, vahoh tou hen, chiin.