Myanmar

Paite

2 Chronicles

8

1ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
1Huan, hichi ahi a, Solomon in TOUPA, in leh amah in alam sung kum sawmnih ahong bei in,
2ဟိရံမင်းပြန်ပေးသော မြို့တို့ကို ရှောလမုန် ပြုပြင်၍ ဣသရေလအမျိုးသားတို့ကို နေစေ၏။
2Huramin Solomon khua a piakte Solomon in a bawl a, Israel suante a omsak hi.
3တဖန် ဟာမတ်ဇောဘမြို့သို့ ချီသွား၍ နိုင်လေ ၏။
3Huan, Solomonin Hamath-Zoba a sual a, a zou hi,
4ပြည်ထဲမှာ တာဒမော်မြို့၊ ဟာမတ်ပြည်၌ ရှိသမျှသော ဘဏ္ဍာတော်မြို့၊
4Huan, gamdai ah, Tadmor a bawl a, Hamatha van koihna khua te toh.
5မြို့ရိုး၊ တံခါး၊ ကန့်လန့်ကျင်နှင့်ခိုင်ခံ့သော အထက်ဗေသော ရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကို လည်း တည်လေ၏။
5Huan, Beth- heron saknung jaw leh khangnung jaw leng, kulhte, kongkhakte, a kalhna te nei in a bawl beh a.
6ဗာလတ်မြို့နှင့် ဘဏ္ဍာတော်မြို့များ၊ ရထား တော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
6Huan, Baalath khuate, avan koihna khua tengteng te, a kangtalai koihna khua te, a sakol tungtuang mite omna khua te, Jerusalem leh Lebanon leh a gamsung tengteng ah Solomon in a deih bangbang a bawl hi.
7ဣသရေလအမျိုးသားမဖျက်ဆီးသောကြောင့်၊
7Huan. Israel suante hilou, Hit te, Amor te, Periz te, Hiv te, Jebus te suan a omlai mite tengteng;
8ပြည်တော်၌ ကျန်ကြွင်းသော တပါးအမျိုးသား ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ အမျိုးအနွယ် သားစဉ် မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင် အောင် အခွန်ပေးစေ၏။
8Israel suanten ahihman louhte uh, huai gam a amaute nung a nutsiat a om a suante uh, tutan a, Solomon in sikha nasem dinga a goih teitei pawl din a bawl hi.
9ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန် သည် အမှုတော်ထမ်းကျွန်မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော် မူ၏။
9Israel suante bel Solomon in a nasem mi sikha ding in abawl tei keia, kidou mite a sepaih heutu te inntekte akangtalai leh a Sakol tungtuang mi heutu ahi jaw uh.
10အမှုတော်ထမ်းများကို အုပ်သောသူ၊ ရှောလမုန် မင်း ခန့်ထားသော မှူးမတ်ကြီးနှစ်ရာငါးဆယ်ရှိကြ၏။
10Huaite mipite heusek mi, Solomon inntek pente ahi ua, zanih leh sawmnga ahi uh.
11ဖာရောဘုရင်၏ သမီးတော်ကို၊ ရှောလမုန် သည် ဒါဝိဒ်မြို့မှ ခေါ်၍ သူ့အဘို့ တည်ဆောက်သော နန်းတော်သို့ ဆောင်ခဲ့၏။ အကြောင်းမူကား၊ ထာဝရ ဘုရား၏ သေတ္တာတော်ရောက်လာသော အရပ်သည် သန့်ရှင်းသောကြောင့်၊ ငါ့မယားသည် ဣသရေလ ရှင်ဘုရင် ဒါဝိဒ်အိမ်တော်၌ မနေသင့်ဟု သဘောရှိ၏။
11Huan Solomon in Pharo tanu David khopi a kipan atuam a in alam sak ah a pitou a, ka ji Israel kumpipa David in a om ding ahi kei, TOUPA bawm hong tunna munsiangthou ahi, achi ahi.
12ဗိမာန်တော် ဦးရှေ့မှာတည်သော ထာဝရ ဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ၊ ရှောလမုန်သည် မောရှေ၏ ပညတ်တရားနှင့်အညီ၊ နေ့တိုင်းမည်မျှပူဇော်ရသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား နေ့တိုင်းပူဇော်လေ့ရှိ ၏။
12Huchiin, Solomon in in lim mailam a abawl TOUPA maitam ah TOUPA ding in halmang thillat te alan a;
13ထိုမှတပါး ဥပုသ်နေ့နှင့် လဆန်းနေ့၌၎င်း၊ အဇုမပွဲ၊ ခုနစ်သိတင်းပွဲ၊ သကေနေပွဲတည်းဟူသော တနှစ်တနှစ်လျှင် ဓမ္မပွဲသုံးပွဲခံသော နေ့၌၎င်း ယဇ်ပူဇော် လေ့ရှိ၏။
13Mosi thupiak, niteng a, dinga bikhiah zah bangbang in khawlni ah te, khathak ni ah te, annkuang luihun nei, kumkhata thumvei, tanghou silngou sohlouh annkuang luina a te, nipi kal annkuang luia ah te, bawkte annkuang lui ah te,
14ခမည်းတော် ဒါဝိဒ်စီရင်သည်အတိုင်း၊ ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကို၎င်း၊ လေဝိသားတို့သည် နေ့ရက် အစဉ်ဝတ်ပြု သင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထော မနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကို၎င်း၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို၎င်း၊ အသီးသီးစောင်ရွက်စေခြင်းငှါ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။
14Huan, apa David nanaseh bang in siampu pawlte leh Levi te atantuam chiat ua, niteng a sep kul dungzui jel a, phat ding te, siampute maa nasem ding khawng inasep a; huan, kongkhak tengah a pawlpawl a vengmite a sep laia; huchibangin Pathian mi David a nasep ahi.
15အမှုတော်များ၊ ဘဏ္ဍာတော်များနှင့်ဆိုင်သော အရာမှာ ရှင်ဘုရင် မှာထားသမျှအတိုင်း ထိုသူတို့သည် ပြုကြ၏။
15Kumpipan siampu te, Levi te thu a piak bang chimah in sumthu a te leng a limsak lou hetkei uh.
16ထာဝရဘုရား၏ အိမ်တော်အမြစ်မချမှီ လက်စသတ်သည်တိုင်အောင်၊ ရှောလမုန်လုပ်ဆောင်ရန် အမှုရှိသမျှသည် အသင့်ပြင်ဆင်ပြီးဖြစ်၍၊ အိမ်တော်ကို လက်စသတ်လေ၏။
16Huan, TOUPA in a bawlkhiak tung ua, kipana a zohtan un, Solomon in ana suktuah sa bang geih ahi. Huchiin TOUPA in pichiin a hita hi.
17တဖန်ရှောလမုန်သည် ဧဒုံပြည်တွင်၊ ပင်လယ် ကမ်းနား၌ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့သွား၏။
17Huchiin Solomon bel Edom gama luipi gei a Ezion-Geber ah leh Eloth ah a hoha,Huan, Huramin a sikha tuipi a gamtang ngei mi, long te toh a kuansak a: Solomon sikha te toh Ophir ah a hoh ua, huailaiah dangkaeng talent za li leh sawm nga a hon tun ua, kumpipa Solomon kiang ah hon tun uhi.
18ဟိရံသည်လည်း ပင်လယ်ကူသော အမှုကို နားလည်သော မိမိလူများ၊ သင်္ဘေားများကို မိမိကျွန်တို့ နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရှောလမုန်မင်း၏ ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား၍ ရွေအခွက်လေးရာ ငါးဆယ်ကို ရှောလမုနမင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။
18Huan, Huramin a sikha tuipi a gamtang ngei mi, long te toh a kuansak a: Solomon sikha te toh Ophir ah a hoh ua, huailaiah dangkaeng talent za li leh sawm nga a hon tun ua, kumpipa Solomon kiang ah hon tun uhi.