1ဣသရေလရှင်ဘုရင်ယေရောဗောင် နန်းစံနှစ် ဆယ်ခုနစ်နှစ်တွင်၊
1Israel kumpipa Jeroboam kum sawmnih leh kum sagih a lal kumin Juda kumpipa Amazia a lal pana.
2ယုဒရှင်ဘုရင် အာမဇိသား ဩဇိသည် အသက် တဆယ်ခြောက်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင် မြို့သူ ယေခေါလိအမည်ရှိ၏။
2A lal pattungin kum sawm leh kum guka upa ahi, Jerusalem ah kum sawmnga leh kum nih a lala; a nu min Jekolia, Jerusalem mi ahi.
3ထိုမင်းသည် ခမည်းတော်အာမဇိပြုသမျှ အတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
3Huan, a pa Amazia thilhih bangbang hih teiin Toupa mitmuhin thil hoihtak a hih sek hi.
4သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။
4Ahihhangin mun sangte jaw hihman ahi tuankei; mun sangte ah mite a kithoih lailai un, gimlim a hal gige uhi.
5ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနား သော နန်း၌နေရ၏။ သားတော် ယောသံသည် နန်းတော် ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။
5Huan, Toupan kumpipa a gawta, huchiin a sih niphain a hongphaka, in tuamah a omta hi. Huan, kumpipa tapa Jotham a gam ua mite vaihawm sakin in sunglam heutuin a om hi.
6ဩဇိပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
6Huchiin Azaria tanchin dang a thilhih tengteng Juda kumpipate lal lai thu gelhna bu ah a tuang ahi kei maw?
7ဩဇိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့် အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
7Huan, Azaria bel a pi leh pute kiangah a ihmua; huan, a pi leh pute lakah David khopi ah a vui uhi; huan, a tapa Jotham bel a sikin a lal ta hi.
8ယုဒရှင်ဘုရင် ဩဇိနန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ယေရောဗောင်သားဇာခရိသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကိုစိုးစံ၏။
8Juda kumpipa Azaria kum sawmthum leh kum giat a lal kumin Jeroboam tapa Zekaria bel Israelte tungah Samari khuaah kha guk a lal.
9ထိုမင်းသည် ဘိုးဘေးပြုသည်အတိုင်း၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသောနေဗတ်သား ယေရောဗောင်၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ၏။
9Huan, a pute hih bangmah Toupa mitmuhin thil hoihloupi a hih naka; Israelte thil hihkhialsaka a hih Nebat tapa Jeroboam khelhnate a paisan kei hi.
10ယာဖက်သားရှလ္လုံသည် ဇာခရိမင်းတဘက်၌ သင်းဖွဲ့၍ လူများရှေ့မှာ သေအောင်လုပ်ကြံပြီးလျှင် သူ၏ အရာ၌ နန်းထိုင်၏။
10Huan, Jabes tapa tapa Salumin amah a guk sawma, mipite maah a suala, a thata, a sikin a lalta.
11ဇာခရိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
11Huchiin Zekaria tanchin dangte bel ngai dih, Israel kumpipate lal lai thu gelhna bu ah a tuang ahi.
12ထိုသို့ ထာဝရဘုရားက၊ သင်၏သားမြေးလေး ဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူ သောစကားတော် ပြည့်စုံသတည်း။
12Huai bel Toupan Jehu kianga, Na tapate suan lina tanin Israelte laltutphahah a tu ding uh, chih thu a gen ahi. Huchiin huaibang geih a honghi na mah hi.
13ယုဒရှင်ဘုရင် ဩဇိနန်းစံ သုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည် နန်းထိုင်၍၊ ရှမာရိမြို့၌ တလစိုးစံလေ၏။
13Juda kumpipa Uzzia kum sawmthum leh kum kua a lal kumin Jabes tapa Salum a lal pana; Samari khuaah kha khat sung a lal.
14ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့ သို့သွား၍၊ ယာဖက်သား ရှလ္လုံကိုသေအောင် လုပ်ကြံပြီး လျှင်၊ သူ၏အရာ၌ နန်းထိုင်၏။
14Huan, Gadi tapa Menahem bel Tirza khua akipanin a hoh tou a, Samari khuaah a hoha, Jabes tapa Salum Samari khuaah a suala, a thata, a sikin a lalta hi.
15ရှလ္လုံပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက်ရှိ၏။
15Huchiin Salum tanchin dangte, a sawmgukna thute jaw ngai dih, Israel kumpipate lal lai thu gelhna bu ah a tuang hi.
16ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သား များ၊ တိရဇမြို့ အလွန်တိဖသမြို့နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့် လုပ်ကြံ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့၏ ဝမ်းကို ခွဲလေ၏။
16Huchiin Menahemin Tirza akipanin Tipsa khua leh a sunga om tengteng leh a gamte a suala; a kihon louh jiakun a sual ahi; huaia nau pai lai numei tengteng a pik kek.
17ယုဒရှင်ဘုရင်ဩဇိနန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ဂါဒိသားမေနဟင်သည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသ ရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ၏။
17Juda kumpipa Azaria kum sawmthum leh kum kua a lal kumin Gadi tapa Menahem bel Israelte tungah a lal pana, Samari khuaah kum sawm a lala.
18ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။
18Huan, Toupa mitmuhin thil hoihloupipi a hihseka; Israelte thil hihkhialsaka a hih Nebat tapa Jeroboam khelhna te a damsung in a paisan kei hi.
19အာရှုရိရှင်ဘုရင် ပုလသည် ဣသရေလပြည်ကို တိုက်လာ၏။ မေနဟင်သည် မိမိအာဏာတည်စေမည် အကြောင်း၊ ပုလမင်းမစစေခြင်းငှါ၊ ငွေအခွက်တသောင်း ကို ဆက်ရ၏။
19Assuria kumpipa Pulin a gam a hongsuala; gam a neih kip pih theihna dingin Menahemin Pul dangka talent sang a pia.
20အာရှုရိရှင်ဘုရင်အား ဆက်စရာဘို့၊ မေနဟင် သည် ဣသရေလ အမျိုး၌ငွေခွဲ၍၊ ရတတ်သော သူတိုင်း အကျပ်ငါးဆယ်စီပေးရ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင် သည် မနေ၊ မိမိပြည်သို့ ပြန်သွား၏။
20Huan, Menahemin Assuria kumpipa piak dingin Israel mi neizou tengteng lakah dangka sekel sawmnga chiat a khona. Huchiin Assuria kumpipa a painawna, huai gamah a om nilouh kei.
21မေနဟင်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
21Huchiin Menahem tanchindangte, a thilhih tengteng Israel kumpipate lal lai thu gelhna bu ah a tuang ahi kei maw?
22မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ပေကတိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
22Huan, Menahem bel a pi leh pute kiangah ihmua; huan, a tapa Pekahia a sikin a lal hi.
23ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်တွင်၊ မေနဟင်သားပေကတိသည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ၏။
23Juda kumpipa Azaria kum sawm nga a lal kumin Menahem tapa Pekahia bel Israelte tungah Samari khuaah a lal pana, kum nih a lala.
24ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။
24Huan, Toupa mitmuhin thil hoihlou pipi a hihseka; Israelte thil hihkhialsaka a hih Nebat tapa Jeroboam khelhnate a paisan kei.
25အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတဘက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏ အရာ၌ နန်းထိုင်၏။
25Huan, A sepaih heutu Remalia tapa Pekain amah a guk sawma, Samari khuaa kumpipa ina kulh ah Argob toh, Arie toh a thata; a kiangah Gilead mi sawmnga a om tei ua; huchiin Pekahia bel a thata, a sikin a lalta hi.
26ပေကတိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
26Huchiin Pekahia tanchin dangte, a thilhih tengtengte ngai dih, Israel kumpipate lal lai thu gelhna bu ah a tuang hi.
27ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသားပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသ ရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။
27Juda kumpipa Azaria kum sawm nga leh kum nih a lal kumin remalia tapa Peka Israelte tungah Samari khuaah a lal pana, kum sawmnih a lal hi.
28ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်ကိုပြု၍၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ၏။
28Huan, Toupa mitmuhin thil hoihlou pipi a hih seka; Israelte thil hihkhialsaka a hih Nebat tapa Jeroboam khelhnate a paisan kei.
29ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှု ရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိ ပြည်သား အပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့သိမ်းသွား၏။
29Israel kumpipa Peka lal lain Assuria kumpipa Tiglath-pileserin Ijon khua te, Abel-beth-maakak khuate, Nanoa khuate, Kades khuate, hazor khuate, Gilead leh galili gamte, Naphtali gam tengteng a laa: huan, Assuria gamah salin a pi hi.
30ဩဇိသား ယောသံနန်းစံနှစ်ဆယ်တွင်၊ ဧလာ သားဟောရှေသည် ရေမလိသား ပေကာမင်းတဘက်၌ သင်းဖွဲ့၍ သေအောင်လုပ်ကြံပြီးမှ၊ သူ၏အရာ၌ နန်းထိုင် ၏။
30Huan, Ela tapa Hosein Remulia tapa Peka bel a guk sawma, a suala, a thata, Uzzia tapa Jotham kum sawmnih a lal kumin a sikin a lal ta hi.
31ပေကာပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။
31Huchiin Peka tanchin dangte, a thilhih tengteng ngai dih, Israel kumpipate lal lai thu gelhna bu ah a tuang ahi.
32ဣသရေလရှင်ဘုရင် ရေမလိသား ပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊
32Israel kumpipa Remalia tapa Peka kum nih a lal kumin Juda kumpipa Uzzia tapa Jotham bel a lal pana.
33ယေရုရှလင်မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။
33A lal pattungin kum sawmnih leh kum ngaa upa ahi; Jerusalem ah kum sawm leh kum guk a lala; a nu min Jerus, Zadok tanu ahi.
34ထိုမင်းသည် ခမည်းတော် ဩဇိကျင့်သမျှ အတိုင်း၊ ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကို ပြု၏။
34Huan, a pa Uzzia thilhih bangbang hih teiin Toupa mitmuhin thil hoih tak a hih seka.
35သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍၊ နံ့သာ ပေါင်းကိုမီးရှို့ကြ၏။ ထိုမင်းသည် ဗိမာန်တော်အထက် တံခါးကို လုပ်လေ၏။
35Ahihhangin mun sangte jaw hihman ahi tuankei; mun sang ah te mite a kithoih un, gimlim a hal lailai nak uh. Toupa inkongpi sak nung jaw a bawl hoih hi.
36ယောသံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏၊
36Huchiin Jotham tanchin dangte, a thilhih tengteng Judate kumpipate lal lai thu gelhna bu ah a tuang ahi kei maw?
37ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင် ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ် တော်မူ၏။
37Huai laiin Suria kumpipa Rezin leh, Remulia tapa Peka bel Judate sual dingin Toupan a sawl pan hi.Huan, Jotham bel a pi leh pute kiangah a ihmu a, a pi pute lakah a pu David khopi ah a vui ua; huan, a tapa Ahaz a sikin a lalta hi.
38ယောသံသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌ နန်းထိုင် ၏။
38Huan, Jotham bel a pi leh pute kiangah a ihmu a, a pi pute lakah a pu David khopi ah a vui ua; huan, a tapa Ahaz a sikin a lalta hi.