1ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။
1Jawlneite tapate jite laka numei khatin Elisa kiangah, Na sikha, ka pasal a nasitaa; huan, na sikhain Toupa laudan a siam sek chih na thei a; a leibatnapa ka tate a nih ua sikha dinga pi dingin a hong kuan hi, chiin a mangbat a gen a.
2ဧလိရှဲကလည်း၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော်၊
2Huan, Elisain a kiangah, bang kon hih sak dia? Hon hilh ve; inah bang na nei a? a chi a. Huan, aman, Na sikhanu'n sathau um khat kia loungal inah bangmah ka neikei, a chi a.
3ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့။ များစွာသော အိုးတို့ကို ငှားယူလော့။
3Huchiin aman, Va kuan inla, na insak-inkhangte tengteng bel bel vuak vakhel khawmin; tawmchik kia jaw khel ken.
4ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကို ခေါ်၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း၍ ထားလော့ ဟုစီရင်သည်အတိုင်း၊
4Huan, lut inla, nang na tate toh kong kikhak khum unla, huai bel tengteng ah thun inla; a dim dim na tuam koih ding, a chi a.
5ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကို ယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ၏။
5Huchiin akiang a pan a paita a, amah leh a tapate toh kong a kikhak khum ua; amau belte a hon la ua, aman ana thun jela.
6အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက် နေ၏။
6Huan, belte a dim nungin, hichi ahi a, a tapa kiangah, bel honla nawn dih, a chi a. Huan, sathau a kanga, Huchiin Pathian mi a va hilh a.
7ထိုမိန်းမသည်လာ၍ ဘုရားသခင်၏ လူကို ကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။
7Huan, aman, va hoh inla, sathau vajuak inla, na leiba va din inla, a valin na tapate toh va khosa un, a chi a.
8တနေ့သ၌ ဧလိရှဲသည်ရှုနင်မြို့သို့ သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ၏။ နောက်မှထိုလမ်းသို့ သွား သောအခါ၊ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ်၏။
8Huan, nikhat bel Elisa Shunam khua ah a va zin a, huaiah numei neizou tak a oma; aman an ne dingin a na kai luta. Huchiin a pai peuhmah chiah huaia an ne dingin a lut sek hi.
9မိန်းမကလည်း၊ ငါတို့နေရာလမ်းဖြင့် အစဉ် သွားလာသော ဤသူသည် ဘုရားသခင်၏ သန့်ရှင်းသူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။
9Huan, aman a pasal kiangah, Ngaiin hiai: hiai mi hon nawk veu pa Pathian mi siangthou a hichih ka thei.
10ဝင်ရိုးအပေါ်မှာ အခန်းငယ်တခုကို လုပ်ကြ ကုန်အံ့။ သူ့အဘို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကို ထားကြ ကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ ဆီသို့ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို၏။
10Kisa dih, in chial neu I bawl sak ding, lupna, dohkan, tutphahte, khawnvak koihna I koihsak ding; huchiin I kianga a hong peuh chiangin a lut jel ding hi, a chi a.
11တနေ့သ၌ ဧလိရှဲသည် ရောက်သဖြင့်၊ ထိုအခန်း ထဲသို့ဝင်၍ အိပ်နေ၏။
11Huan, nikhat bel a va hoh leh, huai in chialah a va lut a, a lum a.
12ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန် ဂေဟာဇိအားဆိုသည်အတိုင်းခေါ်၍၊ မိန်းမသည် ဧလိရှဲ ရှေ့မှာ ရပ်နေ၏။
12Huan, a sikha Gehazi kiangah, Hiai Shunam nu hon sam dih, a chi a. Huan, a va sap nungin a ma ah a hong dinga.
13ဧလိရှဲက၊ သင်သည်ငါတို့အဘို့ ဤမျှလောက် လုပ်ကြွေးပြုစုသည်အတွက်၊ သင့်အဘို့အဘယ်သို့ ပြုရ မည်နည်း။ သင့်အဘို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင် သော်၊ မိန်းမက၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏။
13Huan, aman a kiangah, Ngaiin, nang nakpitakin na hon hawmthoha, bang ka hon hihsak sam dia, kumpipa hiam, sepaih heutu hiam hon houpihsak leng na ut hia? chiin a kiangah genin, a chi a. Huan, aman a dawnga, Ka chipihte lakah teng ka hi na hi, a chi a.
14ဧလိရှဲကလည်း၊ ဤမိန်းမအဘို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင်၊ ဂေဟာဇိက၊ ဤမိန်းမ ၌ သားသမီးမရှိပါ။ သူ့ခင်ပွန်းလည်း အိုလှပြီဟု ဆိုသော်၊
14Huan, aman bang kon hihsak de aw? a chi a. Huan, Gehaziin a dawnga, tapa jaw a nei hetkei ve, a pasal lah a upa ta ngala, a chi a.
15တဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ်၍၊ မိန်းမသည် တံခါးဝမှာရပ်နေ၏။
15Huan, aman, Va sam dih, a chi a. Huan a vasap nungin kong ah a hong dinga.
16ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန် အရွယ်စေ့သောအခါ သားကို ဘက်ယမ်းရလိမ့်မည်ဟု ဆိုလျှင်၊ မိန်းမက အိုအရှင်၊ဘုရားသခင်၏လူ၊ ကိုယ်တော် ကျွန်မကို မုသာမသုံးပါနှင့်ဟု ပြန်ပြော၏။
16Huan, aman, Tu bang hun a hongtun nawn peuhpeuh chiangin tapa na pomta ding, a chi a. Huan, aman, Maijen, pu, nang Pathian mi, na sikhanu lakah juau gen dah ve, a chi a.
17ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲ ချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဘွားမြင်လေ၏။
17Huan, numei a gaia, Elisain a kianga a gen bang ngeiin huai hun a hongtun nawnin tapa a suangta hi.
18ထိုသားသည် နို့ကွာပြီးမှ၊ တနေ့သ၌ စပါးရိတ် သောသူတို့ရှိရာ မိမိအဘထံသို့သွား၍၊
18Huan, naungek ahongkhang liana, ni khat bel a pa kiangah buh lamite kiangah a kuan tei a.
19ငါသည်ခေါင်းနာ၏။ ခေါင်းနာ၏ဟု အဘအား ပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော၏။
19Huan, a pa kiangah, Ka lu, ka lu, a chi a. Huan, aman sikha kiangah, A nu kiangah pomin, a chi a.
20လုလင်သည်အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ ထိုင်၍မွန်းတည့်အချိန်ရှိပြီးမှ သေ၏။
20Huan, a pi-a, a nu kiang a tunin a phei tungah sun vengveng tan a tu a, huchiin a sita hi.
21အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့် လူ၏ခုတင်ပေါ်မှာ ထားပြီးလျှင်၊ တံခါးကို ပိတ်ခဲ့၍ သွားလေ၏။
21Huan, a pai tou a, Pathian mi lupna a siala, kong a khak khum a, a pawtta hi.
22ခင်ပွန်းကိုလည်းခေါ်၍၊ ကျွန်ုပ်သည် ဘုရား သခင်၏လူထံသို့ ပြေး၍ တဖန်ပြန်လာဦးမည်။ လုလင် တယောက်နှင့်မြည်းတစီးကိုထည့် လိုက်ပါဟုဆိုလျှင်၊
22Huan, a pasal a sama, Sikha kua hiam leh sabengtung khat hiam hon ngaihtuah sak dih ve, Pathian mi kiangah ka va tai dinga, ka hongkik nawn ding hi, a chi a.
23ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားချင် သနည်း။ လဆန်းနေ့မဟုတ်၊ ဥပုသ်နေ့လည်းမဟုတ်ဟု ဆိုသော်၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏။
23Huan, aman, bang dinga tuni chitchiata a kianga hoh tum na hia? Kha thak leng a hikei a, khawlni leng lah ahi ngal kei a, a chi a. Huan, aman, Ahoih ding, a chi a.
24မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့်အသွား မနှေးစေ နှင့်ဟု ကျွန်အား မှာထားသဖြင့်၊
24Huchin sabengtung a bawla, a sikha kiangah, Tai sak inla, pai jelin, thu ka honpiak kei leh hon zekai sak ken, a chi a.
25ခရီးသွား၍ ဘုရားသခင်၏ လူရှိရာ၊ ကရမေလ တောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင်၏ လူသည် အဝေးကမြင်သောအခါ၊ မိမိကျွန် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမလာ၏။
25Huchiin a pai ta a, Pathian mi kiangah Karmel tang ah a va hoh a. Huan, Pathian mi in gamlapi a kipan a na muhin, hichi ahi a, a sikha Gehazi kiangah, Enin, huai ah Shunam nu a om;
26သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ မိန်းမ ကမာပါ၏ ဟုဆို၏။
26Amah dawn dingin vatai inla, a kiangah, na dam hia? chin, a chi a. Huan, aman ana dawnga, Dam e, a honchi a.
27ဘုရားသခင်၏ လူရှိရာတောင်ပေါ်သို့ ရောက် သောအခါ၊ သူ၏ ခြေတို့ကို ဘက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှါ ချဉ်းလာလျှင်၊ ဘုရားသခင်၏ လူကသူ့ကို မဆီးတားနှင့်။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ၏။ ထို အကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထား တော်မူပြီဟုဆို၏။
27Huan, tanga Pathian mi kianga va tunin, a khe a len chintena, huan, amah hongsawn hang tumin Gehazin a vanaiha; himahleh Pathian mi in, Bangmah chih ken, a lungsim a mangbang ahi; Toupan ka lakah a sel tadiha, a hon hilh ta dih kei hi, a chi a.
28မိန်းမကလည်း၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော။ ကျွန်မကိုမုသာမသုံးပါ နှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို၏။
28Huchiin aman, Ka pu tapa ka hon ngen eita? Hon khem ken, kon chi eita? a chi a.
29ဧလိရှဲသည် ဂေဟာဇိကို ခေါ်၍သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝေးကို ကိုင်၍ သွားလော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့တောင်ဝေးကို သူငယ် ၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။
29Huchiin Gehazi kiangah, na puan teng inla, ka chiang tawin vahohin; kuapeuh mu lechin leng, chibai buk ken; huan, kuapeuhin chibai a honbuk uleh leng buk chit chiat dahin; huan, ka chiang naupang maiah na nga ding hi, a chi a.
30အမိကလည်း၊ ထာဝရဘုရားအသက်၊ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ၍ မသွားနိုင်ပါဟု ဆိုလျှင်၊ ဧလိရှဲသည် ထ၍ လိုက် လေ၏။
30Huan, naupang nun, Toupa hina leh na hina louin ka gen hi, ka honkhah dek hetkei hi, a chi a. Huan, a thou a, a juita a.
31ဂေဟာဇိသည်အရင်သွား၍၊ တောင်ဝေးကို သူငယ်၏မျက်နှာပေါ်မှာတင်သော်လည်း၊ သူငယ်သည် အသံမပြုအမှုမထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲကို ခရီးဦးကြိုပြု၍၊ သူငယ်သည် မနိုးပါဟု ပြန်ပြော၏။
31Huan, Gehaziin amau a namkhelha, naupang maiah chiang a ngaa; himahleh aw leh jakna a omkei. Huchiin houpih dingin a kiknawna, naupang hak hetkei ve e, chiin a hilh a.
32ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ် သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊
32Huan, Elisa bel ina a valut leh ngaiin, naupang ana sikhina, a lupna ah a na lumsak lai uh.
33အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
33Huchiin a valut ua, a nih un kong a khak khuma, Toupa kiangah a thum a.
34သူငယ်၏အနီးအပါးသို့ ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက်နှုတ်ချင်း၊ မျက်လုံးချင်း၊လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ် အသားသည် နွေးစရှိ၏။
34Huan, a pai toua, naupang a bohkhuma, a muk leh a muk, a mit leh a mit, a khut leh a khut a sutuaha; huan, a tungah a kuna; huchiin naupang sa a hong lum hiaihiai hi.
35တဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကို လှသဖြင့်၊ သူငယ် သည် ခုနစ်ကြိမ် ချောဆေး၍ မျက်စိကိုဖွင့်၏။
35Huchiin a hoh suk nawna, in sungah a kivial leha; huan, a hoh tou a, a tungah a kun nawna; huchiin naupang sagih vei a hong hah siau a honghakta a.
36ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူ မိန်းမကို ခေါ်လိုက်ဟုဆိုသည်အတိုင်းခေါ်၍ သူသည် ရောက်လာသောအခါ၊ ဧလိရှဲက သင်၏သားကို ချီယူ လော့ဟု ဆို၏။
36Huan, Gehazi a sama, Hiai Shunam nu honsam dih, a chi a. Huchiin a va sam a. Huan, a kianga a valut leh, Na tapa pomin, a chi a.
37မိန်းမသည်အထဲသို့ဝင်၍၊ မြေပေါ်မှာ ပြပ်ဝပ် ဦးချပြီးလျှင် သားကိုချီယူ၍ထွက်သွား၏။
37Huchiin a va lut a, a khe bulah a khupboha, amai a lei siin chibai a buka; huan, a tapa a poma, a pawtkhia a.
38တဖန်ဧလိရှဲသည် ဂိလဂါလမြို့သို့သွား၍၊ ထိုပြည်၌ အစာခေါင်းပါး၏။ ပရောဖက်အမျိုးသားတို့ သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ်၊ ပရောဖက်အမျိုးသားတို့ အဘို့ကြီးသော အိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိ ကျွန်အားဆို၏။
38Elisa thil lamdang nihte: Huan, Elisa bel Gilgal ah a hohnawn a; huai gamah kial a kia a; huan, jawlneite tapate a ma ah a tu khawm ua; a sikha kiangah, Bel lianpi suang inla, jawlneite tapate an huan sak in, a chi a.
39တစုံတယောက်သော သူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ်ခြင်းငှါ လယ်ပြင်သို့သွား၍ တောနွယ် ပင်ကို တွေ့လျှင်၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူ ပြီးမှ၊
39Huan, mikhat gamlam ah meh zong dingin a va kuana, gam khau ava mu a, huaia gam umpawng a puan tun theihzah a tuna, a at nena, bel a an huanah a khaa; bang ahia chih a thei hetkei uh.
40ထိုဘူးမျိုးကို မသိဘဲဟင်းအိုးထဲသို့ ခတ်လေ၏။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း၍စားကြစဉ်တွင်၊ အိုဘုရားသခင်၏လူ၊ အိုးထဲ၌သေဘေးရှိပါသည်ဟု အော်ဟစ်၍ မစားနိုင်ဘဲ နေကြ၏။
40Huchiin huai mite nek dingin a suak khia ua, huan, an huan a nek ua leh, hichi ahi a, E, Pathian mi, bel sunga sihna om a kei maw, a chi kheukhou mai ua. Huchiin a ne theita kei uh.
41ဧလိရှဲကလည်း၊ မုန့်ညက်ကို ယူခဲ့ဟုဆို၍ အိုးထဲ မှာ ခတ်ပြီးလျှင်၊ လူများစားစရာဘို့လောင်းဦးလော့ဟု ဆိုပြန်သော်၊ အိုး၌ဘေးမရှိ။
41Huan, aman, tangbuang honla dih ua, a chi a. Huan, huai bel ah a kha a; hiai mite nek dingin hon suakkhe dih ua, a chi a. Huchiin belah lauhuai bangmah a omta kei.
42တဖန်ဗာလရှလိရှမြို့မှ လူတယောက်သည် လာ၍၊ အဦးသီးသော မုယောဆန်ဖြင့် လုပ်သော မုန့်လုံး နှစ်ဆယ်နှင့် အိတ်၌ထည့်သော အသီးအနှံများကို ဘုရား သခင်၏ လူထံသို့ ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများ ကို ကျွေးလော့ဟုဆိုလျှင်၊
42Huan, Baal-salis a kipanin mi khat a honga, Pathian mi buhthak masapen a bawl barli-buh sangpek sawmnih leh buhthak vui a ipin a hontawi saka. Aman, Hiai mite nek dingin pe ve, a chi a.
43ကျွန်ကအဘယ်သို့နည်း။ ကျွန်တော်သည် လူတရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟုမေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စားကြသော် လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်း ကို ပြောဆိုသော်၊
43Huan, a sikhain, bang e: mi ja tak hiai ka lui ding maw? a chi a. Aman bel, hiai mite nek dingin pia in; Toupan hichiin a chi, A ne ding ua, a kham val lai ding uh, chiin, a chi a.Huchiin a luia, a ne ua, toupa chih bang ngeiin a kham val lai uhi.
44ကျွန်သည်လူများရှေ့မှာထည့်၍ ထာဝရဘုရား ၏ စကားတော်နှင့်အညီ ထိုသူတို့သည် ဝစွာစားကြ၍၊ စားစရာကျန်ကြွင်းလျက်ရှိ၏။
44Huchiin a luia, a ne ua, toupa chih bang ngeiin a kham val lai uhi.