1တဖန်ဧလိရှဲသည် အထက်က အသက်ရှင်စေ သော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူ အိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍ နေနိုင်သော အရပ်တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။
1Huan, Elisain a tapa a hih dam sak numei kiangah, Thou inla, nang leh na inkote toh, na om theihna munmun uah va omta dih un; Toupan kial a ke sak sin hi; hiai gamah kum sagih sung tak ake ding hi, chiin a na gen khina.
2ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နား ထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။
2Huchiin numei a thoua, Pathian mi thu bangin a hiha; a inkote toh Philistiate gamah kum sagih a va omta uh.
3ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှ ပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံမည့် အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။
3Huan, kum sagih hong kivei nungin hichi ahia, huai numei bel Philistiate gam a kipan a kiik nawna; huan, a in leh lou ngen dingin kumpipa a juana.
4ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ၏ ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဘွယ် သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊
4Huan, Kumpipan Pathian mi Sikha Gehazi bel, Elisain thil thupi a hih tengteng hon hilh dih ve, chia a na houpih laitak ahi.
5ဧလိရှဲသည် သေသောသူ အသက်ရှင်စေ ကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက် ရှင်စေသောသူငယ်၏ အမိသည်ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသော မိန်းမ၊ ဤ သူငယ်ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါ သည်ဟု လျှောက်လျှင်၊
5Huan, mikhat sisa a hinsak nawn thu kumpipa ana hilh laitakin hichi ahi a, ngaiin, a tapa a hinsak nawn numeiin a in leh a lou kumpipa a hong ngen. Huan, Gehaziin, kumpipa ka pu aw, hiai ahi numei, huan, hiai ahi a tapa Elisa in a hinsak nawn, achi a.
6ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်း သက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကို ၎င်း၊ ပြည်တော်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ ဖြစ်သမျှကို၎င်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှါ အရာရှိ၏တယောက်ကို ခန့်ထားတော်မူ၏။
6Huan, kumpipan numei a dot aleh a hilh a. Huchiin kumpipan heutu khat a sehsaka, amaha tengteng, a loua thil tung tengteng tanin, hiai gam a pawtkhiak san apat tutan a penawn vek un, a chi a.
7တဖန်ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရား သခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေ သော်။
7huan, Elisa bel Damaska khua ah a hoha; huan, Suria kumpipa Benhadad a chi a naa; huchiin, Pathian mi hiaiah a hong ve, chiin a hilh ua.
8ဟာဇေလကို ခေါ်၍၊ သင်သည်လက်ဆောင်ကို ဆောင်လျက် ဘုရားသခင်၏ လူကိုခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည် အတိုင်း၊
8Huan, kumpipan Hazael kiangah, Kipahman tawi inla, Pathian mi houpih dingin vahoh inla, ka china ka hoih khe nawn thei ding hiam Toupa honna dotsak peuhmah leh, a chi a.
9ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ် မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကို ဆောင် သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှါသွား၍ ရှေ့တော်၌ ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို၏။
9Huchiin Hazael bel amah houpih dingin a kuana, kipahman ding Damasaka khuaa thil hoih chiteng, sa ngawngsau sawmli puak a tawia, a maah a va dinga, Na tapa Benhadad, Suria kumpipa in, Ka china ka hoih khe nawn diam? Chi dingin na kiangah kei a honsawl hi, a chi a.
10ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော် သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော် လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊
10Huan, Elisain a kiangah, pai nawn inla a kiangah, na hoih khe nawn na mah ke, a chi ve, chiin, ahihhangin a si khongkhong ding chih Toupan a hon theisak hi, a chi a.
11စေ့စေ့ကြည့်ရှု၍ ဟာဇေလသည် မျက်နှာပျက် လေ၏။ ဘုရားသခင်၏ လူသည်လည်း မျက်ရည်ကျ၏။
11Huchiin amah adia zumhuai khopin a ensal nilouha; huan, Pathian mi a kaptaa.
12ဟာဇေလကလည်း၊ သခင်သည် အဘယ် ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က၊ သင်သည် ဣသရေလအမျိုးသားတို့၌ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့၏ ရဲတိုက်များကို မီးရှို့ ခြင်း၊ လုလင်များကို ထားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမ များ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊
12Huan, Hazaelin, Bang dinga ka pu kap ahia? A chi a. Aman a dawnga, Israel suante tunga na thil hoihlou hih ding ka theih jiakin ahi; a kulhte uh na hal sak dinga, a tangvalte uh namsauin na that dinga, a tanu nou chikchikte uh na pai jan dinga, nau pai lai a numeite uh na pik kek ding, a chi a.
13ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက် နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည် လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အား ပြတော်မူပြီဟုဆို၏။
13Huan, Hazaelin Kei na sikha ui lel takin huchi thil thupi hih thei ding ka hi mahmah ahia? A chi a. Huan, Elisain a dawnga, Suriate tungah na hong lal ding chih Toupan a hon theisak hi, a chi a.
14ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ ရောက် သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း ဟု မေးလျှင်၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည်ဆိုပါသည်ဟု လျှောက်လေ၏။
14Huchiin Elisa kianga kipan a pawt a, a pu kiang lam ah a paitaa; aman, Elisa in bang honna hilh a? a chi a. Huan, aman, na hoih khe nawn na tham ke, chiin a hon hilh, a chi a.
15နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ်ကို ရေ၌ နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
15Huan, ajingin hichi ahi a, puan sah pi a laa, tui ah a diaha, a mai a khuhsak a, a sita a; huan, hazael a sikin a lalta hi.
16ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟော ရံသည် နန်းထိုင်လေ၏။
16Huan, Israel kumpipa Ahab tapa Joram kum nga a lal kumin (huailaiin Jehosaphat bel Juda kumpipa ahi a), Juda kumpipa Jehosaphat tapa Jehoram a lal pan a.
17အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင် မြို့၌ မင်းပြု၍ ရှစ်နှစ်စိုးစံ၏။
17A lal pat lain kum sawm thum leh kum niha upa ahi; Jerusalem khuaah kum giat vai a hawma.
18အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
18Ahab inkote bangin, Israel kumpipate lampi tot a tawna; Ahab tanu jiin a nei hi; huchiin Toupa mitmuhin thil hoihlou pi a hihsek hi.
19သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ၏။
19Ahihhangin Toupan a sikha david jiakin Juda gam a hihse nuam keia, a suante tana khawnvak neihsak gige a nachiamta ngala.
20ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
20A dam lain Edomte Judate tungah a hel ua, a tung ua kumpipa ding a kibawl tawm ua.
21ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့ နှင့်တကွ၊ ဇာဣရမြို့သို့ စစ်ချီ၍ ညဉ့်အခါဝိုင်းသော ဧဒုံ လူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
21Huchiin Joram bel Zair khuaah kangtalai tengteng toh a hoha; huan, janin a kisa khiaa, amau um Edomte leh a kangtalai tung ua heutute a vasualta hi; huan, mite a puanin lam uah a tai chiat uhi.
22သို့သော်လည်း၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။
22Huchiin Edomte tu tanin Judate tungah a hel lailai uhi. Huai lai mahin Libna khua leng a na hel sam uh.
23ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
23Huan Jehoram tanchin dangte leh a thilhih tengteng Juda kumpipate lal lai thu gelhna buah a kigelh a hikei maw?
24ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
24Huan, Jehoram bel a pi leh pute kiangah a ihmu a, a pi leh pute lakah David khopi ah a vui uh; a tapa Ahazia a sikin a lalta hi.
25ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။
25Israel kumpipa Ahab tapa Joram lal kum sawm leh kum nih kumin Juda kumpipa Jehoram tapa Ahazia bel a lal pana.
26အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊မင်းပြု၍ ယေရု ရှလင်မြို့၌ တနှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလ ရှင်ဘုရင်ဩမရိမြေးအာသလိ အမည်ရှိ၏။
26Ahazia in vai a hawm pat lain kum sawmnih leh kum nih a upa ahi; huan, Jerusalem khuaah kum khat vai a hawm. Huan, a nu min Athalia, Israel kumpipa Omri tanu ahi.
27အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့လိုက်၍၊ အာဟပ်အမျိုး ကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
27Ahab inkote lampi tot a tawn teia, Ahab inkote makpapa lah ahi ngala.
28အာဟပ်၏သားယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ၏။
28Huan, Amah Ahab tapa Joramin Ramoth-gilead khuaa Suria kumpipa hazael a vasualna ah a pang sama; huan, Suriaten Joram a na hihliam uh.Huan, kumpipa Joram bel Suria kumpipa Hazael a sualna ua Suriaten Rama khuaa a na hihliam uh Jezreel khuaa kidamsak dingin a kiik nawnta hi. Huan, Juda kumpipa Jehoram tapa Ahazia bel Ahab tapa Joram a damlouh jiakin veh dingin Jezreel khuaah a hoh suk hi.
29ထိုသို့ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်း ငှါ ထိုမြို့သို့ ဆင်းသွားလေ၏။
29Huan, kumpipa Joram bel Suria kumpipa Hazael a sualna ua Suriaten Rama khuaa a na hihliam uh Jezreel khuaa kidamsak dingin a kiik nawnta hi. Huan, Juda kumpipa Jehoram tapa Ahazia bel Ahab tapa Joram a damlouh jiakin veh dingin Jezreel khuaah a hoh suk hi.