Myanmar

Paite

2 Samuel

2

1ထိုနောက် ဒါဝိဒ်က၊ အကျွန်ုပ်သည် ယုဒမြို့ တစုံတမြို့သို့ သွားရပါမည်လောဟု ထာဝရဘုရား ထံတော်၌ မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့ဟုမိန့်တော်မူ၏။ ဒါဝိဒ်ကလည်း အဘယ်မြို့သို့ သွားရပါမည်နည်းဟုမေးလျှောက်သော်၊ ဟေဗြုန်မြို့သို့ သွားလော့ဟု မိန့်တော်မူသည်အတိုင်း၊
1Huan, hichi ahi a, huai nung in David in, Juda gam a a koi hiam ah ka hohtou diam? chi in TOUPA a thu a dong a. Huan, TOUPAN a kiang ah, Hohtou in aw, a chi a. Huan, David in, Akoi ah ahia ka hohtouh ding? a chi a, Huan, aman, Hebron ah, a chi a.
2ဒါဝိဒ်သည် မယားနှစ်ယောက်၊ ယေဇရေလမြို့သူအဟိနောင်၊ နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့နှင့်တကွ သွားလေ၏။
2Huchi in David huai lai ah a hohtou a, a zite nih Jezreel mi Ahinaom leh Karmel mi Nabal zi Abigail te toh.
3မိမိ၌ပါသောလူများ၊ အိမ်ထောင်များတို့ကိုလည်း ဒါဝိဒ်သည် ခေါ်ခဲ့၍သူတို့သည် ဟေဗြုန်မြို့ရွာတို့၌ နေကြ၏။
3Huan, David in a kiang a mi om tengteng a pitou a, mi chih a inkuante chiat utoh, Hebron khua khawng ah a omta uhi.
4တဖန်ယုဒလူတို့သည် လာ၍ဘိသိက်ပေးသဖြင့် ဒါဝိဒ်ကို ယုဒရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
4Huan, Juda gam a mite a vahoh ua, Juda mite tung a kumpipa ding in David sathau a nilh uh. Huchi in, Saula vuimite Jabes-gilead mite ahi uh, chi in David a hilh uh.
5ဂိလဒ်ပြည် ယာဗက်မြို့သားတို့သည် ရှောလုကို သင်္ဂြိုဟ်ပါပြီဟု ဒါဝိဒ်အားကြားလျှောက်သော်၊ ဂိလဒ်ပြည် ယာဗက်မြို့သားတို့ရှိရာသို့ တမန်တို့ကိုစေလွှတ်၍၊ သင်တို့သည် သင်တို့အရှင်ရှောလု၌ ကရုဏာ ကျေးဇူးပြု၍ အလောင်းတော်ကိုသင်္ဂြိုဟ်သောကြောင့်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရကြပါစေ သော။
5Huchi in Jabes-gilead mite kiang ah David in mi a sawl a, a kiang uah, Na pu, na pu uh Saula na hehpihdan uh hihlang a na navui ziak un TOUPAN hon vualzawl hen.
6ထာဝရဘုရားသည် သင်တို့၌ ကရုဏာကျေးဇူး၊ သစ္စာကျေးဇူးပြုတော်မူပါစေသော။ သင်တို့သည် ဤအမှုကို ပြုသောကြောင့် သင်တို့ကျေးဇူးကို ငါလည်းဆပ်မည်။
6Huchi in TOUPAN na tunguah chitna leh thutak langsak henla: hiai thil khawng na hih ziak un ken leng na chitman uh ka hon thuk ding.
7ယခုမှာ အားယူ၍ ရဲရင့်ခြင်းသတ္တိရှိကြလော့။ သင်တို့အရှင်ရှောလုသေပြီ။ ယုဒအမျိုးသားတို့သည် ဘိသိတ်ပေးသဖြင့် ငါ့ကိုရှင်ဘုရင်အရာ၌ ချီးမြောက်ကြပြီဟု မှာလိုက်လေ၏။
7Huchi in na khutte uh honghat henla, hangsan tak in om un: na pu uh Saula lah a sita ngal a, huan, Juda chiten atung ua kumpipa ding in lah sathau a hon nilh khinta uh, chi in.
8သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသားဣရှဗောရှက်ကိုယူ၍ မဟာနိမ် မြို့သို့ ဆောင်သွားပြီးလျှင်၊
8Huan, Ner tapa Abner, Saula sepaihte heutu in, Saula tapa Isboseth Mahanaim ah a pia;
9ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။
9Gilead tungah, Asur tungah, Jezreel tungah, Ephraim tungah, Israel tengteng tungah kumpipa in a bawlta hi.
10ရှောလု၏သား ဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော်၊ ဣသရေလနိုင်ငံကို အစိုးရ၍ နှစ်နှစ် စိုးစံလေ၏။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့ လိုက်ကြ၏။
10(Saula tapa Isboseth Israel tunga vaihawm a pat lai in kum sawmli a upa ahi a, kum nih vai a hawm hi. ) Himahleh Juda miten David pen a zui uh.
11ဒါဝိဒ်သည် ဟေဗြုန်မြို့၌နေ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လဖြစ် သတည်း။
11David in Hebron a Juda chite tung a vai a na hawmna kum sagih leh kha guk ahi khin a.
12တဖန်နေရသား အာဗနာသည် ရှောလုသား ဣရှဗောရှက်၏ကျွန်များနှင့်တကွ၊ မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့သွား၍၊
12Huan, Ner tapa Abner leh Saula tapa Isboseth sikhate Mahanaim a kipan a pawt khia ua, Gibeon ah a pai uh.
13ဇေရုယာသားယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ဆီးကြိုသဖြင့်၊ ဂိဗောင်ရေကန်အနားမှာဆုံမိလျက် ရေကန် တဘက်တချက်၌ ထိုင်ကြ၏။
13Huan, Zerui tapa Joab leh David sikhate a paikhia ua, Gibeon dil ah a kituak ua; huchi in pawl khat pen dil gal khatlam ah a tu ua, pawl khat pen dil gal langkhat ah.
14အာဗနာကလည်း၊ လုလင်တို့သည်ထ၍ ငါတို့ရှေ့မှာကစားကြပါလေစေဟုဆိုသော်၊ ယွာဘက ထကြပါ လေစေဟုဆိုသည်အတိုင်း၊
14Huan, Abner in Joab kiang ah, Tangvalte hong kuan uhenla, I ma uah hong kisual him le uh ake, a chi a.
15ရှောလုသားဣရှဗောရှက်၏ လူဗင်္ယာမိန်အမျိုးသားတကျိပ်နှစ်ယောက်နှင့် ဒါဝိဒ်၏ကျွန်တကျိပ် နှစ်ယောက်တို့သည် ထ၍ကူးလာကြ၏။
15Huan, Joab in, Hongkuan le uh ake, a chi a. Huchi in a kuan ua, a zahchiang sep in a galkah phei ua, Benjamin chi, Saula tapa Isboseth lam a pang sawm leh nih, huan David sikha sawm leh nih.
16သူတို့သည်လူချင်းတိုက်၍ လူတိုင်း မိမိတိုက်ဘက်၏ ခေါင်းကိုကိုင်လျက်၊ နံဖေးကိုထားနှင့်ထိုးလျက် တစုတည်းလဲသေကြ၏။ သို့ဖြစ်၍ ဂိဗောင်မြို့နယ်၌ ရှိသော ထိုအရပ်ကို ဟေလကသဇ္ဇုရိမ်ဟူသော အမည်ဖြင့် သမုတ်ကြ၏။
16A langte chiat uh a lu chiat uah a kiman ua, amau tumte chiat namsau in a nak uah a kisun chiat ua; huchi in a puk khawm vek ua: huaiziak in huai mun Helkath- hazurim a chi ua, huai bel Gibeon ah a om hi.
17ထိုနေ့၌ ပြင်းစွာစစ်တိုက်၍ အာဗနာနှင့် ဣသ ရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ရှေ့မှာ ရှုံးကြလေ၏။
17Huchi in huai ni a a kisual uh zaw a thupi mahmah hi; huan, Abner leh Israel mite David sikhate lakah a zahlakta uhi.
18ဇေရုယာသားသုံးယောက်၊ ယွာဘ၊ အဘိရှဲ၊ အာသဟေလပါကြ၏။ အာသဟေလသည်တော၌ ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန်၏။
18Huan, huai ah Zerui tapate thum, Joab te, Abisai te, Asahel te a om ua: Asahel bel zukpi bang ngial a ngalhat ahi.
19အာသဟေလသည် လက်ျားလက် လက်ဝဲဘက် သို့မလွှဲ အာဗနာကို လိုက်၏။
19Huchi in Asahel in Abner a delh a; Abner a delh taklam hiam veilam hiam ah a pial hetkei a a delh vengveng hi.
20အာဗနာသည်နောက်သို့ကြည့်၍၊ သင်သည် အာသဟေလမှန်သလောဟုမေးသော်၊ မှန်သည်ဟု ပြန်ပြော၏။
20Huchi in Abner a lehngat a, Nang na hi maw Asahel? a chi a. Huan, aman a dawng a, Kei hi e, a chi a.
21အာဗနာကလည်း၊ လက်ျာဘက်သော်၎င်း၊ လက်ဝဲဘက်သော်၎င်း လှည့်သွားလျက်၊ လုလင် တယောက်ကို ဘမ်းဆီး၍ သူ၏လက်နက်စုံကို လုယူတော့ဟုဆိုသော်လည်း၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး၏။
21Huan, Abner in a kiang ah, Na taklam hiam, na veilam hiam ah pial inla, tangval khat man inla, a kigalvanna laksak in, a chi a. Himahleh Asahel in amah a delh a pialsan nuam tuankei.
22တဖန်အာဗနာက ငါ့ကိုမလိုက်နှင့်။ လှည့်သွားတော့။ သင့်ကို မြေပေါ်သို့အဘယ်ကြောင့် ငါလှဲရမည် နည်း။ သို့ပြုလျှင် သင့်အစ်ကိုယွာဘရှေ့မှာ ငါ့မျက်နှာကို အဘယ်သို့ ငါပြနိုင်မည်နည်းဟု ဆိုသော်လည်း၊
22Huan, Abner in Asahel kiang ah, Hon pialsan in; Bangdia hon sunpuk ding ka hia? Na unaupa Joab mel ka mu ngam dia hia? a chi nawn a.
23အာသဟေလသည် နားမထောင်သောကြောင့်၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင်၊ ဝမ်း၌လှံဖျား ဝင်၍ ကျောကိုထုတ်ချင်းဖောက်သဖြင့်၊ အာသဟေလသည် လဲ၍ ထိုအရပ်၌သေ၏။ အာသဟေလလဲ၍ သေသော ထိုအရပ်သို့ရောက်သော သူအပေါင်းတို့သည် ရပ်နေကြ၏။
23Himahleh a pial nuam tuankei a: huaiziak in Abner in a teipi tawlam in a gil ah a sun a, teipi a nunglam ah a paisuak a, huai ah a puk vialvual a, huai mun ah a sita hi; huan, hichi ahi a, Asahel a puk a a sihna mun hongtung peuhmah huailai ah a khawl guih zel uh.
24ယွာဘနှင့် အဘိရှဲသည် အာဗနာကိုလိုက်၍ ဂိဗောင်တောသို့ သွာသောလမ်းနား၊ ဂိအာမြို့ရှေ့မှာ ရှိသော အမ္မတောင်သို့ရောက်သောအခါ နေဝင်၏။
24Himahleh Joab leh Abisai in Abner a delhzui ua; huan, Gibeon gamdai lampi a Gia chin Ama tang a tun un ni a tumta.
25ဗင်္ယာမိန်အမျိုးသားတို့သည် အာဗနာနောက်၌ စုဝေး၍ တတပ်တည်းဖွဲ့လျက် တောင်ပေါ်မှာ ရပ်နေ ကြ၏။
25Huan, Benjamin suante Abner kiang ah a kikaikhawm ua, pawl khat in a kibawl ua, mualvum ah a va dingta uh.
26ထိုအခါအာဗနာက၊ ယွာဘကိုဟစ်၍၊ ထားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော။ နောက်ဆုံး၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟုမသိသော။ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမစီရင်ဘဲ နေမည် နည်းဟုဆိုလျှင်၊
26Huchi in Abner in Joab a sam a, Namsau in a vat gige sin ahia? A tawplam chiang in a hong lungkhamhuai mahmah ding chih na theikei maw? bangtan ahia mipite a unaute uh delh kik nawn ding a hilhlou a na om sin? a chi a.
27ယွာဘက၊ ဘုရားသခင်အသက်ရှင်တော်မူသည်အတိုင်း သင်မပြောလျှင်၊ မိုဃ်းလင်းမှသာ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်ဘဲနေကြလိမ့်မည်ဟု ဆိုလျက်၊
27Huan, Joab in, Pathian hinna lou in ka gen hi, bangmah na genlou hile chin zingchiang a kipan a mipite paimang khin ding ua, a unaute uh delhlou ding hi ve un, a chi a.
28တံပိုးမှုတ်၍ လူများတို့သည် ဣသရေလ အမျိုးသားတို့ကို မလိုက်၊ စစ်မတိုက်ဘဲရပ်နေကြ၏။
28Huchi in Joab in pengkul a hon mut a, mipite a ding dedup ua, Israel mite a delhta kei ua, a sual nawnta kei uh.
29အာဗနာနှင့်သူ၏လူတို့သည် တညဉ့်လုံးလွင်ပြင် သို့ရှောက်သွား၍ ယော်ဒန်မြစ်ကိုကူးပြီးလျှင်၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ်မြို့သို့ ရောက်ကြ၏။
29Huchi in Abner leh a mite Arab a ken paisuak in huai zan in zankhua in a pai uh; huan, Jordan a kan ua, Bithron a kantan ua, Mahanaim a tung uh.
30ယွာဘသည်လည်း အာဗနာကိုလိုက်ရာမှ ပြန်၍ လူအပေါင်းတို့ကို စုဝေးစေသောအခါ၊ အာသဟေလနှင့် ဒါဝိဒ်၏ကျွန်တကျိပ်ကိုးယောက်တို့သည် မရှိဆုံးကြပြီ။
30Huan, Joab bel Abner delh a kik nawnta a; huan, mipi tengteng a kaih khawm vek leh David heute sawm leh kua leh Asahel a kimta kei ua.
31ဒါဝိဒ်၏ကျွန်တို့သည် ဗင်္ယာမန်အမျိုးသား၊ အာဗနာ၏လူသုံးရာခြောက်ဆယ်တို့ကို သေအောင် လုပ်ကြံကြပြီ။
31David heuten bel Benjamin mite leh Abner mite zathum leh sawmguk a hihlum uh.Huchi in Asahel luang a la ua, Bethlehem a a pa han ah a vui uh. Huan, Joab leh a mite zankhua in apai ua, Hebron a tun un khua a vak hi.
32အာသဟေလ၏ အလောင်းကိုထမ်းသွား၍ ဗက်လင်မြို့၌ရှိသော သူ့အဘ၏သင်္ချိုင်းတွင် သင်္ဂြိုဟ် ကြ၏။ ယွာဘနှင့် သူ၏လူတို့သည် တညဉ့်လုံးသွား၍၊ မိုဃ်းလင်းစတွင်ဟေဗြုန်မြို့သို့ရောက်ကြ၏။
32Huchi in Asahel luang a la ua, Bethlehem a a pa han ah a vui uh. Huan, Joab leh a mite zankhua in apai ua, Hebron a tun un khua a vak hi.