Myanmar

Paite

2 Samuel

20

1ထိုအခါ ဗင်္ယာမိန်အမျိုးဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလအမျိုး၊ ငါတို့သည် ဒါဝိဒ်၌ တဘို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊
1Huan, huailai ah Benjamin mi, Bikri tapa Seba, Belial mi khat a na om zenzen a, pengkul a mut a, David ah tantuan i neikei ua, Jesai tapa ah leng gouluah ding i nei samkei: Israel mite aw, na puanin lam chiat uah pai un, a chi a.
2ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက်၍ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။
2Huchi in Israel mi tengteng in David a zuih uh a lehngatsan ua, Bikri tapa Seba a zuita uh; Juda mite'n Jordan a kipan in Jerusalem pha in a kumpipa uh a len chinten uh.
3ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကို စောင့်စေခြင်းငှါ ထားခဲ့ သော ကိုယ်လုပ်တော်တကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုတ်ဆိုးမ ကဲ့သို့ နေရကြ၏။
3Huchi in, David Jerusalem a a in ah a hongpai a; huan, kumpipa'n numei sawm a meite inngak ding a a koihte a pi a, a khum a, a nek ding uh a tumsak a, himahleh a kiang ah a lutkei hi.
4ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင် လာရမည်ဟု အာမသအား မိန့်တော်မူ၏။
4Huchi in kumpipa'n Amasa kiang ah, Ni thum sung in Juda mite hon sap khawmsak inla, huan, nang leng hong om sam in, a chi a.
5အာမသသည်သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊ ချိန်းချက်သောအချိန်ကို လွန်စေ၏။
5Huchi in Amasa Juda mite sam khawm ding in a kuan a; himahleh a hun sehsak sang in a vatam sawt zota hi.
6ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည်သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ ကျွန်တို့ကိုခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့တစုံတမြို့ထဲသို့ ဝင်၍ ငါတို့ လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊
6Huchi in David in Abisai kiang ah, Bikri tapa Seba in Absalom sang in leng i poi uh khoih zo sin aka hia: na pu mite pi inla delh un; huchilou in zaw kho kulh nei ah a lut man ding a, i muh phaklouh in i khahsuah kha ding, a chi a.
7အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့်ခေရသိ လူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်း တို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှါ ယေရုရှလင် မြို့မှထွက်သွားကြ၏။
7Huchi in, Joab pawlte, Keret mite, Pelet mite leh a mi hat tengteng un amah a zui kheta ua: Jerusalem a kipan in Bikri tapa Seba delh ding in a pawtkhia uh.
8ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည်သူတို့ ရှေ့သို့ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွ ဆွဲလျက် ထား၏။ သွားစဉ်တွင်ထားသည် လျှော၍ကျ၏။
8Gibeon a suangpi omna a vatun un Amasa in amaute a na dawn a. Huan, Joab in kidouna van a silh a, huan, a tungah namsau a pai toh kawnggak ah a kuah a, huan, a pawt khiak leh a keta hi.
9ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏မုတ်ဆိတ်ကို ကိုင်၏။
9Huan, Joab in Amasa kiang ah, Unaupa, Na hoih tadih na maw? a chi a. Huan, Joab in Amasa khoih tum in a khamul a khut taklam in a len a.
10လက်ဝဲလက်၌ကိုင်သောထားကို အာမသသည်သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာ ချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသား ရှေဘကို လိုက် ကြ၏။
10Himahleh Amasa in Joab in namsau a tawi a limsakkei a; huchi in a gil ah a vut a, a gil khawng a tolhkhe sak zelzul a, a vut tuan nawnkei; huchi in a sita hi. Huchi in Joab leh a unaupa Abisai in Bikri tapa Seba a delh ua.
11သူအနားမှာ ယွာဘ၏ လူတယောက်သည် ရပ်၍ ယွာဘနှင့် ဒါဝိဒ်ဘက်၌နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။
11Huan, a kiang ah Joab pawlte laka tangval khat a dinga, Joab lam a pang leh David lam a pang peuhmah in Joab zui zel uheh, a chi a.
12အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူအပေါင်းတို့ သည် ရပ်၍ နေကြသည်ကို ယွာဘ၏ လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။
12Huan, Amasa bel lamlian lai tak ah a si in a na kidiah zezua mawk a. Huan, huai mi in mi tengteng ding didepa a muh in Amasa luang lamlian a kipan gamlak ah suan in puan in a tuam a, a kiang a hongpai peuhmah khawl zel a a muh ziak in.
13ထိုသို့လမ်းမကရွေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာလနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။
13Huan, lamlian a kipan suankhiak a hih nungin Bikri tapa Seba delh ding in mi tengteng in Joab a zui uh.
14ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့ တိုင်အောင် ဣသရေလတိုင်းခရိုင်ရှိသမျှကို ရှောက်သွား ၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘ နောက်သို့ လိုက်ကြ၏။
14Huan, Abel pha leh Beth-maaka pha in Israel nam tengteng leh Ber mite tengteng a tawn vek a; huan, a kikaikhawm ua amah a zui teita uhi.
15ရှေဘတည်းခိုသောဗက်မာခပြည်၊ အာဗေလမြို့ ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတဘက်တချက်၌ မြေရိုးကို ဖို့ကြ၏။ ယွာဘနှင့်သူ၏ လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှါ ထိုးဖေါက်ကြ၏။
15Huan, Beth-maaka Abel khua ah amah a um ua; huan, kho zulzul ah lei achiang ua, kulh zul ah a ding uh: huan, Joab kiang a mi om tengteng in chimsak ding in kulh a khoh okok uh.
16ထိုအခါပညာရှိသော မိန်းမတယောက်သည် မြို့ထဲကဟစ်၍ ဆိုသည်ကား၊ နားထောင်ကြ၊ နားထောင်ကြ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း၊
16Huchi in numei pil khua a kipan a hong kikou a, Khaikhaia; Joab kiang ah, Hongpai nai in, na kiang ah thu ka nagen ding, a chi a, va chi un, a chi a.
17ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည်ယွာဘဟုတ်သလောဟုမေးလျှင်၊ ငါဟုတ်သည် ဟုဆိုသော်၊ မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနား ထောင်လျက် နေသည်ဟု ဆိုသော်၊
17Huan, a kiang ah a va hoh nai a: huan, numei in, Joab na hi hia? a chi a. Hi e, a chi a, a dawng a. Huchi in a kiang ah, Na sikhanu thugen ngaikhe dih, a chi a. Huan, aman a dawng a, Ka ngaikhia hi, a chi a.
18မိန်းမက၊ အကယ်စငင်စစ် အာဗေလမြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ်ပါလေစေဟု ရှေးကာလ၌ ဆိုတတ်ကြ၏။
18Huchi in, Nidanglai in, Abel khua ah a kikum ngeingei ding uh, a chi sek ua; huchi bang in thu a tawp sak zel uh.
19ကျွန်မသည် ဣသရေလအမျိုး၌ အမှုမလုပ်ပါ။ သစ္စာစောင့်သောသူဖြစ်ပါ၏။ကိုယ်တော်သည် မြို့တမြို့ တည်းဟူသော ဣသရေလအမျိုးတွင် အမိတယောက်ကို ဖျက်ဆီးခြင်းငှါ ရှာတော်မူ၏။ ထာဝရဘုရား၏ အမွေ တော်ကို မျိုခြင်းငှါ အဘယ်ကြောင့် အလိုရှိတော်မူ သနည်းဟု လျှောက်လျှင်၊
19Kei Israel lak a kituah ut leh muanhuai pawl a mi ka hi a, nang zaw Israel khua, a kho bul pipen hihsiat tum nei lim ve; bang ding a TOUPA gou nawmvalh tum na hia? chi in a gen a.
20ယွာဘက၊ မျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ဝေးပါစေသော။
20Huan, Joab in a dawng a, Huchibang ahi zenzen kei, nawmvalh hiam, hihsiat hiam ka tumkei himhim hi.
21ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ၏သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင် ဒါဝိဒ်ကို ပုန်ကန်ပြီ။ ထိုသူကို အပ်လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွားမည်ဟု ပြောဆိုသော်၊ မိန်းမက၊ သူ၏ ဦးခေါင်းကိုကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ၊
21Huchi bang lam thu ahikei hi: Ephraim tang gam a mi Bikri tapa a min Seba in kumpipa nang in, David hial nang in a khut a zak a; amah hon pe mai le uchin khua pen ka pawt san mai ding, a chi a. Huan, numei in Joab kiang ah, Ngai dih, a lutang kulh ah ka honpaihkhiak sak ding uh, a chi a.
22ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကို ဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့ နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။
22Huchi in numei in bel a pilna thoh in mipi tengteng lak ah a pai a. Huan, Bikri tapa Seba lutang a tan ua, Joab kiang lam ah a pai khia uh. Huan, pengkul a mut a, amau puan in lam chiat zuan in khua a kipan a dalh zakta uh. Huan, Joab bel Jerusalem ah kumpipa kiang ah a pai nawnta.
23ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။
23Joab bel Israel sepaih tengteng heutu ahi a; huan, Jehoiada tapa Benai ahihleh Keret mi leh Pelet mite heutu ahi:
24အဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ အဟိ လုပ်သားယော ရှဖတ်သည် အတွင်းဝန်ဖြစ်၏။
24Huan, Adoram bel nasem dia goih teiteite heutu ahi a, huan, Ahilud tapa Jehosaphat bel tanchin gelhmi ahi hi;
25ရှေဝသည် စာရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ်၏။
25Huan, Seva bel laigelhmi ahi a; huan, Zadok leh Abiathar bel siampu ahi uh:Huan, Jair mi Ira leng David siampu ahi.
26ယဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ်၏။
26Huan, Jair mi Ira leng David siampu ahi.