1ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ၏။
1Huan, huai nung in hichi ahi a David in Philistia mite a sual a, a zou a: huchi in David in Philistia mite thu neihna bulpi pen a laksak hi.
2မောဘပြည်ကိုလည်းလုပ်ကြံ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့်၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ်၏။ တစုကိုချမ်းသာပေး၏။ ထိုသို့မောဘ အမျိုးသားတို့သည် ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။
2Huan, Moab mite a sual a, lei ah a lumsak a, tehna khau in a teh a; vual nih bel hihlup ding in a teh a, vual khat bel a tawn a hing a hawi ding in a teh a. Huchi in Moab mite bel David sikhate a hong hita ua, siah a pia uhi.
3ဇောဘမင်းကြီးရဟောဘ၏ သားဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကိုသိမ်းယူခြင်းငှါ သွားသော အခါ၊ ဒါဝိဒ်သည် တိုက်ဖျက်၍၊
3David in Lui a a gam la nawn ding a a hoh kawm in Zoba kumpipa Rehob tapa Hadadezer leng a sual a.
4ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာတို့ကိုသိမ်းထားပြီးမှ၊ အခြားသောမြင်းရထားရှိုသမျှတို့ကို ဖျက်ဆီးလေ၏။
4Huchi in David in a sakol tung tuangmi sangkhat leh za sagih leh sepaih singnih a matsak a: huchi in kangtalai kai sakol tengteng a tha uh a tah sak a, kangtalai za kai ding bel a hawi hi.
5ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊
5Huan, Damaska a Suria mite Zoba kumpipa Hadadezer hon ding a kuante David in Suria mite lak a mi singnih leh sangnih a that a.
6ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထားသဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မ တော်မူ၏။
6Huchi in David in Suria gam a Damaska ah sepaih a koih a; huan Suria mite David sikhate a honghita ua, siah a liau uhi. Huan, TOUPAN David a hohna peuh a zousak zel hi.
7ဟာဒဒေဇာ၏ ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင် သွား၏။
7Huan, David in Hadadezer pawlte dangka-eng lumte a laksak a, Jerusalem ah a paipih a.
8ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား၏။
8Huan, Hadadezer khua Beta a kipan, Berothai a kipan in David in dak tampi a la hi.
9ဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ် လုပ်ကြံကြောင်းကို၊ ဟာမတ်မင်းကြီးတောဣသည် ကြားလျှင်၊
9Huan, Hamath kumpipa Toi in Hadadezer sepaih tengteng David in a zou chih a zak in,
10မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိဿဟာယဖွဲ့၍ ကောင်းကြီး ပေးစေခြင်းငှါ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ယောရံသည် ငွေဖလား၊ ရွှေဖလား၊ ကြေးဝါ ဖလားတို့ကို ဆောင်လျက်လာ၏။
10Hadadezer a sual a a zoh ziak a chibai buk ding leh vualzawl ding in Toi in a tapa Joram David kiang ah a sawl a: Hadadezer in lah Toi a nakidoupih khin ngal a. Huchi in Joram in dangka belte, dangka-eng belte leh dal belte a hon la hi:
11ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူအောင်မြင်သောရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၌ သိမ်းယူသော ရွှေငွေကို၎င်း၊
11Huaite gam dang a zoh tengteng a dangka chi leh dangka-eng a latte toh kumpipa David in TOUPA kiang ah a lan lai hi:
12ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ၏ ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရား အား ပူဇော်၏။
12Suriate a bang, Moabte a bang, Amon suante a bang, Philistiate a bang, Amalekte a bang, Zoba kumpipa Rehob tapa Hadadezer a kipan a a gallakte.
13ဆားချိုင့်တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံရာမှ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေ ကြီး၏။
13Huan, David Chi guam ah, Suria mi singkhat leh sanggiat va sual pailam a min a na thang taa.
14ဧဒုံပြည်အရပ်ရပ်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မတော်မူ၏။
14Huan, Edom ah sepaih a koih a; Edom gam mun chih ah sepaih a koih ngennguan a, huchi in Edom mi tengteng David sikha a hong hita uh. Huchi in TOUPAN David bel a paina peuh ah a zousak zel hi.
15ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ် တော်မူ၏။
15Huchi in David in Israel mi tengteng tungah vai a hawm a; huan, David in a mite tengteng tungah diktat tak in vai a hawm hi.
16ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ အဟိလုပ်၏ သားယောရှဖတ်သည် အတွင်းဝန် ဖြစ်၏။
16Huan, Zerui tapa Joab sepaih heutu pen ahi a; huan, Ahilud tapa Jehosaphat bel tanchin gelhpa ahi a;
17အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
17Huan, Ahitub tapa Zadok leh Abiathar tapa Ahimelek bel siampu ahi uh; huan, Serai bel laigelhmi ahi;Huan, Jehoiada tapa Benai bel Keret mi leh Pelet mite heutu ahi; huan, David tapate siampu ahi uh.
18ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့ သည်လည်း မင်းသားအရာနှင့် နေကြ၏။
18Huan, Jehoiada tapa Benai bel Keret mi leh Pelet mite heutu ahi; huan, David tapate siampu ahi uh.