Myanmar

Paite

Daniel

12

1ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမှဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ ရောက်ကြလိမ့်မည်။
1Huchiin huai hun chiangin Mikael, lal thupi na mite tapa adia pangpa, a ding khe ding hi; huan buai hun, nam a om kipan huai hun mah tan hiala leng huchibang om ngei lou, a om ding, huai hun chiangin na mite hutkhiakin a om ding ua, laibu sunga gelha oma amuh khiak ding mi chiteng.
2ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သော သူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရအသက် ရှင်ခြင်းနှင့်၎င်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရ အသရေပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။
2Huan a lak ua mi tampi leia leivuia ihmute a khanglou ding ua, a khen tangtawn hinna tang dingin, a khen zumna leh tangtawna simmohna tang dingin.
3ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည်။
3Huan a pilte vansin vakna bangin a tang ding ua; huan mi tampi diktatna lama heite tangtawn tangtawn in akisite bangin.
4သင်ဒံယေလမူကား၊ အမှုကုန်ရသည် ကာလတိုင်အောင်၊ ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသော သူတို့သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို ၏။
4Himahleh nang, Aw Danial, thute khakkhum bikbek inla, tawp hun tan ading ngeiin, laibu tuh bilhin; mi tampi a vial tai ding ua, theihna a pung ding hi.
5ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌ တဘက်တပါး စီရပ်နေကြ၏။
5Huailaiin kei Danialin ka ena, huan ngaiin, mi nih dang, khat lui gei hiai lam pangah, huan khat lui gei hua lam pang ah a ding ua.
6တပါးကလည်း၊ အံ့ဘွယ်သော ဤအမူအရာတို့သည် မကုန်စင်မှီ အဘယ်မျှ လောက်ကြာလိမ့်မည်နည်း ဟု ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသော လူကိုမေးမြန်း၏။
6Huan khatin puan malngat a silha, lui tuite tunga ompa kiangah, Hiai thillamdangte tawpna ding bangchi sawt ahi ding? a chi a.
7ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်းသော သူတို့၏ အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူ အရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင်သို့ချီလျှက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆို သည်ကို ငါကြား၏။
7Huan puanmalngat silha, lui tuite tunga dingpan van lama a khut taklam leh a khut veilam zan toua, hun khat, hunte leh hun kimkhat ahi ding chia amah khantawna hingpaa a kichiam ka zataa; huan mi siangthoute thilhihtheihna a suk nen dimdem khit chiang un, hiai thil tengteng zoh ahi ding hi, chiin.
8ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင် ပါမည်နည်းဟု မေးလျှောက်လျှင်၊
8Huan ka jaa, himahleh ka theisiamn keia; huan ken, Aw ka TOUPA, hiai thilte tawp bang ahi ding? ka chi a.
9ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက်ရှိ၏။
9Huan aman, Pai in, Danial: thute lah khakkhum bikbek ahi ua tap hun matana bilh bikbek ahi ngala.
10လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသော သူတို့သည် မတရားသဖြင့် ပြု၍ တယောက်မျှ နား မလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့် မည်။
10Mi tampi a kihihsiang ding ua, a kingousak ding ua, a kibawlhoih ding uh; himahleh gilouten giloutakin a hih ding ua; huan giloute laka kuamahin a theisiam kei ding uh; himahleh a pilten a theisiam ding uhi.
11နေ့ရက် အစဉ်ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ် အရာသည် ပေါ်လာပြီးမှ၊ အရက်တထောင် နှစ်ရာကိုးဆယ် ကြာလိမ့်မည်။
11Huchiin halmang thillat gige lak manga oma, hihgawptu kihhuai tun khiaka hong om ding hun akipan, ni sang khat zanih leh sawmkua a om ding hi.
12အရက်တထောင်သုံးရာသုံးဆယ်ငါးရက်တိုင် အောင် ငံ့လင့်၍ မှီသောသူသည် မင်္ဂလာရှိ၏။
12Ni sangkhat za thum leh sawmthum leh nga ngaka, huai a hong-a paiten nuam a sa uhi.Himahleh a tawp matan nang jaw pai in; na khawl dinga, nang adia piak na muh ah nite beina ah ding ding na hi ngala.
13သင်မူကား အဆုံးမဖြစ်မှီတိုင်အောင် သွား လော့။ ငြိမ်ဝပ်စွာ နေရလိမ့်မည်။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိပ်အရာကိုခံ၍ ပေါ်ရလိမ့်မည်ဟုဆို၏။
13Himahleh a tawp matan nang jaw pai in; na khawl dinga, nang adia piak na muh ah nite beina ah ding ding na hi ngala.