1ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီးတပြင်လုံး၌ အရပ်ရပ်နေ၍ အသီးသီး အခြားခြား သော ဘာသာစကားကို ပြောသောလူမျိုးတကာတို့၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်းများပြားစေသော။
1Bebukadnezzar kumpipa, mite tengteng, namte leh paute, lei tengtenga tengte kiangah; na kiang uah lemna hihpunin om hen.
2မြင့်မြတ်တော်မူသော ဘုရားသခင်သည် ငါ၌ ပြုတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြခြင်းငှါ ငါအလိုရှိ၏။
2Tungnungpen Pathianin kei lama a bawl chiamtehnate leh thillamdangte etsak kei adingin hoih leh a kilawm hi.
3နိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ၏။ အံ့ဘွယ်သော အမှုတော်လည်း တန်ခိုးနှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ အာဏာစက်တော်လည်း ကမ္ဘာအဆက်ဆက် တည်တော် မူ၏။
3A chiamtehnate thupi hina mahmah e: a thillamdangte thilhihthei hina mahmah uh e: a gam khantawn gamahi a, a lalna a khang a khangin a om in.
4ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာ နေ၍ စည်းစိမ်ကြီးစဉ်အခါ၊
4Kei Nebukadnezzar ka in sungah ka khawla, ka inpi sungah ka luna,
5ကြောက်မက်ဘွယ်သော အိပ်မက်ကို မြင်၍၊ သာလွန်ပေါ်မှာ အိပ်လျက် စိတ်ထဲ၌ အာရုံပြုသော ရူပါရုံ အားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။
5Honlausak mang ka nei a; huan ka lupna tungah ngaihtuahnate leh ka lungtang mengmuhten honhihbuai uhi.
6ထိုကြောင့်၊ အိပ်မက်အနက်ကို ငါ့အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေဟု ငါအမိန့်တော်ရှိသည်အတိုင်း၊
6Huaijiakin hilhchetna ka kianga a kithihsak ding un, Babulon mi pil tengteng ka maa pi ding thupiak ka bawlta hi.
7မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာ ဂတ္တိဆရာတို့သည် ဝင်ကြလျှင်၊ ငါမြင်မက်သော အိပ်မက် ကို သူတို့အား ပြပြောသော်လည်း၊ သူတို့သည် အနက်ကို မဘော်မပြနိုင်ကြ။
7Huchiin mitkhialdawitawite, bummite, Kaldaimite leh asisanmite a hongpai ua: huan a ma uah ka mangka genta hi; himahleh a hilhchetna ka kiangah a kitheisak kei uh.
8နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအား ဖြင့် ဗေလတရှာဇာဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ထံသို့ဝင်လာလျှင်၊
8A hihhangin a tawptawpin ka maah, Danialm a min ka pathian min dung juiin, Beltesazar hi ven, amaha pathian siangthoute kha a omna: huchiin a maah mang tuh ka gentaa.
9အချင်းမာဂုဆရာချုပ် ဗေလတရှာဇာ၊ သင် သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသည်ကို၎င်း၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကို၎င်း ငါသိ၏။ သို့ဖြစ်၍၊ ငါမြင်မက်သော အိပ်မက်၏ အနက်ကိုဘော်ပြလော့။
9Aw Beltesazar, mitkhialdawitawite heutup, nang ah, [athian siangthoute kha a oma, thugk bangmahin nang a honhihbuai kei chih ka theih jiakin, ka manga ka muh mengmuhte leh a hilhchetna honhilh in, ka chia,
10ငါအိပ်ပျော်စဉ်တွင် မြင်မက်သည်ကား၊ ငါကြည့်ရှု၍ မြေကြီးအ လယ်၌ အရပ်မြင့်လှသော သစ်ပင်တပင်ရှိ၏။
10Ka lupna tunga ka lutang mengmuhte hichibang ahi: Lei lai ah, ngaiin, sing khat ka mua, huai sandan a thupi mahmah hi.
11ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ ရောက်၏။ မိုဃ်းကောင်းကင်သို့ထိ၍ မြေကြီးစွန်း တိုင်အောင် ထင်ရှား၏။
11Huai sing a hongkhanga, a honghata, a sannain van a sun toua, lei tengteng tawp huaiah a kimu hi.
12အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သော အသီးနှင့်ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်း ကင်ငှက်တို့သည် နားနေကြ၏။
12A nahte a hoih un, a gah pha mahmaha; huaiah tengteng adingin an a om hi: gama sate a nuai lim ah a om ua, vana vasate ahiangahte a teng ua, sa tengteng huaia kipanin a kivak uhi.
13အိပ်ပျော်၍ မြင်မက်စဉ်၊ တဖန်ငါကြည့်ရှုပြန် လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတယောက် သည် ကောင်းကင်မှ ဆင်းလာ၍၊
13Ka lupna tungah ka lutang mengte ka mu a, ngaiin, van akipanin veng mi siangthou khat a hongpai suk hi.
14သစ်ပင်ကိုလှဲလော့။ အခက်တို့ကို ခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်း အခက်ထဲက သွားကြစေ။
14Ngaih takin a kikoua, hichibangin a chi a: Sing tuh phuk inla, ahiangte sat khia inla, a nahte akipan vasate.
15သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်တိုခြွင်းထား၍၊ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကိုခံ၍၊ တိရစ္ဆာန်တို့နှင့် အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့။
15A hihhangin leia a zungte kithuahpih pen hawiin, sik leh dal guia henin, gama loupa nou lakah van daituiin kawt henla, a tantuan leia loupa lak sate toh hi hen.
16လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့် ပြည့်စုံစေလော့။
16A lungtang mihing akipan khenbin om henlam a kiangah sa lungtang piak hihen; huan hun sagih a tungah bei hen.
17အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို၎င်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။
17Gawtna vengmite thupiak ahi a, mi siangthoute thuphut: huchia Tungnungpenin mite gamah vai a hawma, a utna peuh kiangah huai tungah a dingkhe saka chih mihingten a theihna dingun.
18ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ၊ ငါမြင်သော အိပ်မက်အနက်ကိုဘော်ပြလော့။ ငါ့နိုင်ငံတွင် ပညာရှိ အပေါင်းတို့သည် အနက်ကို ငါ့အား မဘော်မပြနိုင်သော် လည်း၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြော၏။
18Hiai mang kei kumpipa Nebukadnezzarin ka mana: huan, nang, Aw Beltesazar, a hilhchetna genkhia in, ka gama mi pilte tentenin ka kiangah a hilhchetna a honthei sak thei ngal kei ua; himahleh nang na hihthei, nanga pathian siangthoute kha a om jiakin.
19ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေ လသည် တနာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက် နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလ တရှာဇာ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက် အနက် ရောက်ပါစေသော။
19Huan Daniel, a min Beltesazar in, sawtlou kal lamdang a sa a, a ngaihtuahnaten amah a patausak uh. Kumpipan a dawnga huan, Beltesazar, mang hiam a hilchetna hiamin nang honpatausak kei hen, a chi a. Beltesazar in a dawng a, Ka TOUPA, mang nang honmudahte lam thu hi henla, a hilhchetna na galte lam thu hi hen.
20မြင်မက်တော်မူစဉ်တွင် ကြီးပွား၍ ခိုင်မာ ထသော၊ မိုဃ်းကောင်း ကင်သို့ထိ၍ မြေကြီးတပြင်လုံး၌ ထင်ရှားထသော၊
20Na sing muh, hong khanga, honghata, a sanna in van a sut touha, hiai a kipan lei tengteng a kimuhna;
21အရွက်လှလျက်၊ သတ္တဝါ အပေါင်းတို့ စား၍ ဝလောက်သော အသီးနှင့် ပြည့်စုံထသော၊ မြေတိရစ္ဆာန် တို့သည် အောက်၌နေကြသဖြင့်၊ အခက်အလက်တို့၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင် သည်၊
21a nahte a hoih a, a gah pha mahmah a, huai ah tengteng a ding an a oma; huai nuaiah gama sate a teng ua, ahiangte ah vana vasaten tenna a nei uh:
22အရှင်မင်းကြီး၊ ကိုယ်တော်ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား၍ ခွန်အားနှင့်ပြည့်စုံတော်မူ၏။ ဘုန်းစည်းစိမ်တော်ကြီးမြင့်၍ မိုဃ်း ကောင်းကင်သို့ထိ၏။ အာဏာစက်တော်လည်း၊ မြေကြီးစွန်းတိုင်အောင် ရောက် တော်မူ၏။
22Aw kumpipa, huai hongkhang a, honghat, nangmah na hi a: na thupina lah a khangin, van a sunin, na lalna lah lei tawp pha in ahi ngala.
23သစ်ပင်စောင့်၊ သန့်ရှင်းသူတယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ သစ်ပင်ကို ခုတ်လှဲဖျက် ဆီးလော့။ သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ရှိစေလော့။ ခုနစ် နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကို ခံ၍၊ မြေတိရစ္ဆာန်တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊
23Vana kipana kumpipan vengmi siangthou hongpai suk a muh a, Sing tuh phuk inla, hihgawpin; himahleh leia a zungte kithuahpih hawiin, sik leh dal guia hen toh, gama loupa nou lak ah; vana daitui in kawt henla, huan a tantuan gama sate kiangah hi hen, a tunga hun sagih a bei matan, chih thu ahih leh;
24အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ၍၊ အရှင်မင်းကြီးအပေါ်၌ ရောက်ရသော မြင်မက်တော် မူချက်၏ အနက်ဟူမူကား၊
24Aw kumpipa, hiai a hilhchetna ahi, ka TOUPA kumpipa tunga hongtung, Tungnungpen thupiak ahi a:
25ကိုယ်တော်ကို လူစုထဲက နှင်ထုတ်၍၊ မြေ တိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလို သော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မှီကာလ၊ ခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်ကိုစား၍၊ မိုဃ်းစွတ်ခြင်းကို ခံလျက်နေရမည်။
25Mite akipan hawlkhiak in na om dia; gama sate kiang ah na tenna a omta dia; bawngtalte bang a loupa neksak in na om dinga; van daitui in na kawt ding a; na tungah hun sagih a bei ding; mite gamah Tungnungpen in vai a hawma; a ututna kiangah huai tuh a pia chih na theih ma tan.
26သစ်မြစ်၊ သစ်ငုတ်ကိုခြွင်းထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်း ကို ကိုယ်တော်သိပြီးသောနောက်၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲ တည်လိမ့်မည်။
26Huan sing zungte kithuahpih nuse ding a thu piak a om pen a hihleh; vanten vai hawm petmah uh ahi chih natheih khit chiang in na gam nang a ding in a kip ahi.
27သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
27Aw kumpipa, huaijiakin ka honthuhilh nanga dingin pomtuak leh tagahte kianga chitna etsaknain na thulimlouhnate tawpsan in; na hamphatna suksaua a om khak zenzen leh chiin.
28ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ်သို့ ရောက်သည်အကြောင်းကား၊
28Hiai tengteng kumpipa Nebukadnezzar tungah a hong tung hi.
29တဆယ်နှစ်လလွန်ပြီးသော်၊ ဗာဗုလုန်နန်းတော် ပေါ်မှာ စင်္ကြံသွားလျက်၊
29Khasawm leh nih beiin Babulona kumpi inpi sungah a vaka.
30ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဘို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည် လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို၏။
30Kumpipan thu a gena, Hiai Babulon thupi, kumpi tenna mun dinga, ka thilhihtheihna hatnaa, ka lalna thupina dinga ka lam ahi kei maw? a chi a.
31ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။
31Kumpipa kam sunga thu a om lai mahmahin, van akipan aw a hongkiaa, Aw kumpipa Nebukadnezzar, na kianga thugen ahi: nang akipan gam a paimangta.
32သင့်ကို လူစုထဲကနှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့ နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသောဘုရား သည် လောကီနိုင်ငံကိုအုပ်စိုး၍၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို မင်းကြီးမသိမမှတ်မှီကာလ၊ ခုနစ်နှစ် ပတ်လုံးနွားကဲ့သို့ မြက်ကိုစားလျက်နေရမည်ဟု အသံ ဖြစ်လေ၏။
32Mite akipanin hawl khiak na hi dinga, huan na tenna gama sate kiangah ahi ding; bawngtalte banga loupa ne dinga bawlin na om dia; na tungah hun sagih a bei ding; Tungnungpenin mite gamah vai a hawma, huan, huai tuh a ututna kiangah a pia chih na theih matan, chiin.
33ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ခြင်း ဖြစ်၍၊ လူစုထဲက နှင်ထုတ်ကြလျက်၊ သူသည်နွားကဲ့သို့ မြက်ကိုစား၍ မိုဃ်းစွတ်ခြင်းကို ခံသဖြင့်၊ ကိုယ်အမွေး သည် ရွှေလင်းတအတောင်ကဲ့သို့၎င်း၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့၎င်းဖြစ်၏။
33Huai thil tuh a tungtaa: mite a kipana hawlkhiakin a oma; bawngtalte bangin loupa a ne petmaha; a pumpi tuh van daituiin a kawta; a sam mu vanlai multe a hongbata, a chinte vasate chinte a hongbat ma tan.
34ကာလအချိန်စေ့သောအခါ၊ ငါနေဗုခဒ်နေဇာ သည် ကောင်းကင်သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံးသောဘုရားကို ကောင်းကြီးပေး၍၊ ထာဝရ အသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာ ပြု၏။ အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏။
34Huan nite beiin kei Nebukadnezzarin van lamah ka mitte ka suantou a, huan ka theihtheihnate ka kiangah a hongkik nawna, huchiin Tungnungpen ka pahtawia; amah khantawna om gepa ka phatin ka zahtaka hi: A lalna lah khantawn lalna ahi a, a gam lah a khang akhangin ahi ngala:
35မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှမဟုတ်သကဲ့သို့ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေ တို့၌၎င်း၊ မြေကြီးသားတို့၌၎င်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူ မရှိ။
35Huan leia tengte tengteng bangmahlou banga ngaih ahi ua: huan van sepaih pawl leh leia tengtengte lakah a deihlam bangin a hih jela: kuamahin a khut a len thei un, a kiangah, Bang dia hih na hia? a chi theikei uh.
36ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့နိုင်ငံ၏ အသရေဘို့ ယမန်ကဲ့သို့ တင့်တယ်ခြင်း အရောင်အဆင်း နှင့် ပြည့်စုံ၍၊ တိုင်ပင်သော မှူးတော် မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက် တိုးပွါး၏။
36Huai lai mahin ka theihtheihna ka kiangah a hongkika; ka gam thupina, ka lalna leh hoihna ka kiangah lah a hongkika; huan ka midotte leh ka toupaten kei kiang a honzong ua; huchiin ka gamah kiptakin ka dinga, kei dingin thupina lian mahmah behlapin a omta hi.Huchiin kei Nebukadnezzarin van Kumpipa ka phatin ka pahtawiin ka zahtaka; a thilhih tengteng lah thutak ahi a, a lampite taka omte a hihniam thei hi.
37ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပြည့်စုံ၍တရားနှင့် ညီလျော်ကြ၏။ မာနထောင် လွှားသော သူတို့ကို နှိမ်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။
37Huchiin kei Nebukadnezzarin van Kumpipa ka phatin ka pahtawiin ka zahtaka; a thilhih tengteng lah thutak ahi a, a lampite taka omte a hihniam thei hi.