1သင်၏ဘုရားသခင် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေ ကောင်ရှိသည်ကို တွေ့၍၊ အဘယ်သူသတ်သည်ကို မသိ လျင်၊
1TOUPA na Pathian un luah dinga a honpiak gamah, gam lakah mi hihlupa na om bang hita leh, a hihlummi theih louh hita leh:
2သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
2Na upate uh leh na vaihawmte uh a hongpai ding ua, a hihlup na kim khua akipanin a teh ding ua:
3အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက် ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွားသငယ်ကို ယူ၍၊
3Huan, hichi ahi dinga, a luanga kipana kho naipen, huai kho upaten bawng hon laka bawngla, zat nai louh, hakkol po nai lou a kai ding ua:
4လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွား လည်ပင်းကို ဖြတ်ပြီးမှ၊
4Huan, huai kho upaten bawngla, tui luanna, leileh louh lai leh bangmah chin louhna guamah a kaisuk ding ua, guamah bawngla ngawng a tan ding ua:
5သင်၏ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။
5Huan, Levi tapa siamputen a honjuan ding ua, amau TOUPA na Pathian un a nasemmi leh TOUPA mina vualjawlmi dinga a sehte lah ahi ngalua; thubuai leh kivuak thu agen bangbang uh ahi ding.
6အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူ အပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက်၊
6Huan, luang naihpen kho upate tengtengin guama bawngla ngawng a tan tunguah a khut uh a sil ding ua:
7ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့ မျက်စိသည် မမြင်။
7Ka khut un hiai sisan a suah keia, ka mit un leng a mu sam kei.
8အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော် ၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည်။
8TOUPA aw, na tatkhiak na mi Israelte lakah poikhoih lou sisan suahna om phal ken, a chi ding ua, a pang ding uh ahi. Huchiin sisan thuah ngaihdam ahi ding uh.
9ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သော သူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။
9Huchibangin TOUPA mitmuha thil hoih hihin poikhoihlou sisan suahna na laka kipan na dangsak ding hi.
10သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဘမ်းယူသောအခါ၊
10Na melmate uh sim dinga na kipatkhiak ua, TOUPA na Pathian un na khut ua a honpiaka, sala n api ua,
11ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင်၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊
11Sal laka numei melhoih tak, na mi deihlam uh, ji dinga na mi deihlam tak uh na muh uleh;
12သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊
12Huchiin na in uah na pi ding ua; a lu a met dinga, a khutchin a tan ding;
13ဘမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌ နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။
13Huan, a sal puannak a suah ding ua, na in uah a om ding ua, kha khat mahmah a nu uh leh a pa uh a sun ding ua, huai khit chiangin, na kithuah pih ding ua, a pasal uh na hi ding ua, amau na ji uh ahi ding uhi.
14နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
14Huan, amaua kipahna na neih kei uleh a ututna ua a pai uh na phal ding uh ahi, sum leh paiin na juak ding uh ahi kei hiala, sumsinnain na bawl ding uh ahi kei, na daisakta ngal ua.
15လင်ချစ်သော မယား၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား၍၊ အဦးဘွားသော သားသည် မုန်းသောမယား၏ သားဖြစ်လျှင်၊
15Min ji nih nei bang hita leh, khatpen deihin khatpen hota leh, a deihnu leh a huatnuin ta suan sak tuaktuak ta leh; huan tapa upapen a huatnu ta hi taleh;
16ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏ သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏ သားကို သားဦးအရာ၌ မချီးမြှောက်ရ။
16A gou neih a tapate a khopsak hun chiangin a deihpen tapa a tapa upa a huatpen ta sanga deihsakna a bawl ding ahi keia:
17မုန်းသောမယား၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည် အဘ၏ ခွန်အားအစဦး ဖြစ်၏။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ၏။
17A huatpen ta, a ta upa pen, a neih tengteng akipan tan nih huai dinga a bawl ding ahi; a hatna bul ahi a, ta chil hihna a tuam ahi hi.
18အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘော ရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊
18Min tapa phengphi tak, hel hat tak nei bang hita leh, a nu leh a pa thumang louin, a sawina uh limsakta keileh:
19မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်၊
19A nu leh a pan a kai ding ua, a kho upate uh kiangah a kho kulh kongpi bul uah a pi ding uhi;
20အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသော သူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည်။
20Huan, a kho upate uh kiangah, Hiai ka tapa uh phengphi tak leh helhat tak ahi a, ka thu uh leng a mang nuam keia; kizat bei hat leh kham hat mi ahi, a chi ding uhi.
21မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
21Huchiin khuaa mi tengtengin suangin a denglum ding uhi; huchibangin na lak ua kipan thil hoihlou na hihmang ding uh ahi; huan, Israel mi tangtengin a za ding ua, a lau ding uhi.
22သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊
22Huan, min sihna khop gilou a hiha, hihlup a hiha singdawna na khai uleh;A luang singah jankhuain a om ding ahi keia; huai ni mahmahin na vui ding uhi; singa khai peuhmah lah Pathian hamse thuak ahi ngala; TOUPA na Pathian un luah dinga a honpiak na gam uh na hih nit louhna ding un.
23အသေကောင်ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။
23A luang singah jankhuain a om ding ahi keia; huai ni mahmahin na vui ding uhi; singa khai peuhmah lah Pathian hamse thuak ahi ngala; TOUPA na Pathian un luah dinga a honpiak na gam uh na hih nit louhna ding un.