Myanmar

Paite

Deuteronomy

26

1သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်သို့ သင်သည် ဝင်စား၍ နေသောအခါ၊
1Huan, hcihi ahi dinga, TOUPA na Pathian un gouluah lehg luah dinga gam a honpiak na valut ua, na vaom hun chiang un;
2သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ အဦးသီးသော အသီးအမျိုးမျိုးကိုယူ၍ ခြင်တောင်း၌ ထည့်ပြီးမှ သင်၏ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်တည်စရာဘို့ ရွေးကောက်တော်မူ သော အရပ်သို့ သွား၍၊
2TOUPA na Pathian un a honpiak na gam lei gah tung masapen chiat uh na hontawi ding ua; bawmah na koih ding ua, TOUPA na Pathian un a min omsakna dinga a seh dingah na hoh ding uhi.
3ထိုကာလ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ ချဉ်းလျက်၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ် ရောက်ပါပြီဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ် အား ပြောဆိုရမည်။
3Huan, huai huna siampu kiangah na hoh ding ua, a kiangah, Honpiak dinga i pi leh pute kianga achiamna gamah i hongpaita uh chih tuniin TOUPA na Pathian uh kiangah i hih lang uhi, na chi ding ua.
4ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပုလ္လင်ရှေ့မှာ ချထားရမည်။
4Huan, siampuin na khut ua kipan bawm a la dinga TOUPA na Pathian uh maitam bulah a tung ding hi.
5သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တုပြည်သို့ သွား၍ လူအနည်းငယ်နှင့်တကွ တည်းခို စဉ်တွင် ကြီးမားများပြားသော လူမျိုးဖြစ်ပါ၏။
5Huan, nou TOUPA na Pathian uh maah, Ka pu uh Suria mi mi vakvai ahia, Aigupta gamah a pai suka, a vatenga, tawm chik ahi ua; huan, huailaiah nam thupi tak, thilhihthei tak, tamtak a hong hita ua.
6အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ် စက်၍ ကျပ်တည်းစွာ ကျွန်ခံစေကြ၏။
6Huan, Aigupta miten honsimmoh ua, honhihgenthei ua, nasep haksa pipi honsem sak ua:
7ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင် ထာဝရ ဘုရားကို အော်ဟစ်၍ လျှောက်ကြသောအခါ၊ ထာဝရ ဘုရားသည် နားထောင်တော်မူသဖြင့်၊ အကျွန်ုပ်တို့ ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းတို့ကို ကြည့်ရှု တော်မူ၏။
7Huchiin TOUPA i pi leh pute Pathian i sam ua, TOUPAN i aw uh a najaa, i gentheihdan te, i gim dan te, nuaisiah i hihdan te a mua:
8ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့်၍ ကြောက်မက်ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ပြီးလျှင်၊
8Huan, TOUPAN Aigupta gam akipan khut hat tak te, ban jak te, thil lauhuai tak te, chiamtehnate, thillamdangtein a honpi khiaa:
9နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။
9Hiai munah a honpi luta, hiai gam, nawitui leh khuaiju luanna gam a honpia hi.
10ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ပေးသနား တော်မူသောပြည်၌ အဦးသီးသော အသီးကို အကျွန်ုပ် ဆောင်ခဲ့ပါပြီဟု သင်၏ဘုရားသခင် ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ထားရမည်။ ရှေ့တော်၌လည်း ကိုးကွယ်ခြင်းကို ပြုရမည်။
10Huan, ngaiin, TOUPA aw, nang na honpiak lei gah masapen chiatte ka hontawi uhi, na vachi ding uhi. Huan, TOUPA na Pathian uh maah na vual ding ua, TOUPA na Pathian uh maah chibai bukin na kun ding ua:
11သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့် သင်၏အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှ သော ကျေးဇူး၌၊ သင်သည် သင်နှင့်အတူ တည်းခိုသော လေဝိသားမှစ၍ တပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည်။
11Huan TOUPA na Pathian un na inkuan te, nou te, Levi mi te, na lak ua gam dang mite thil hoiha honpiak tengteng ah nuamsa takin na om ding uhi.
12သုံးနှစ်တွင် ဆယ်ဘို့တဘို့ပေးရသော တတိယ နှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍၊ လေဝိသား၊ တပါးအမျိုးသား၊ မိဘမရှိ သောသူ၊ မုတ်ဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေး မွေးပြီးမှ၊
12Huan, kum thum kum, sawma khat piak kuma na thil tung tengteng uh sawma khat na piak khit uleh, Levi mite, gam dang mite, pa neiloute, meithaiten na omna uah a ne ding uh, a hongkhosak theih samna ding un;
13သင်၏ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ် တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တပါး အမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့အား ပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။
13Huan, TOUPA na Pathian uh maah, Na thu honpiak, na thu honpiak tengteng bangin ka in ua kipanthil siangthoute ka koih khia ua, Levi mite, gamdang mi te, pa neiloute, meitheite ka peta uh; na thupiak a koi mahmah ka bohse kei ua, ka mangngilh kei uhi;
14မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဘို့ အနည်း ငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။
14Ka dah lai un huaia ka ne kei ua, ka buah lai un ka thehthang sam kei ua, misi tuam dingin leng ka pe kei un; TOUPA ka Pathian uh aw ka dawp ua, na thu honpiak tengteng bangin ka hih uhi.
15ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့ အား ပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသော ပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါဟု လျှောက်ဆို ရမည်။
15Na omna siangthou van akipan honen inla, nawitui leh khuaiju luanna gam, ka pi uh leh pute piak dinga na nakichiam sa bangin na mi Israelte leh na gam honpiak vualjawlin, na chi ding uh.
16ယခုစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည် ဖြစ်၍ စိတ်နှလုံးအကြွင်းမဲ့ ကျင့်စောင့်ရမည်။
16Tuniin TOUPA na Pathian un hiai dan khawng leh vaihawmte jui dingin thu a honpia hi; huaijiakin, nalungtang tengteng uh leh, na lungsim tengtengun na pom uh na jui ding uhi.
17ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍၎င်း၊ လမ်းတော်သို့ လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့် ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ၍ ၎င်း၊ ယနေ့ သင်သည် ဝန်ခံပြီ။
17Tuniin TOUPA a lampite juia, a dante, a thupiakte leh a vaihawmte juia a awte dawp tumin na Pathian ding un na telta ua:
18ထာဝရဘုရားသည်လည်း ဂတိထားတော်မူသမျှ အတိုင်း၊ သင်သည် ပညတ်တော် အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှာ၊ အထူးသဖြင့် ကိုယ်တော်၏ လူမျိုး ဖြစ်သည်ဟူ၍၎င်း၊
18Huan, thu a honchiamsa bangin leh, a thupiak tengteng na zuihna ding un TOUPAN tuniin amaha dia mi lamdang hi dingin nou a honna telta;A na gensa banga TOUPA na Pathian uh adinga mi siangthou na hih theihna ding un leh nam a bawl tengteng tunga phat, min hoih, pahtawi na hihna dingun, a chi a.
19ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေကျော်စော ကိတ္တိကို လွန်ကဲစေတော် မူမည်ဟူ၍၊ ၎င်းဂတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောလူမျိုး ဖြစ်စေ ခြင်းငှာ၎င်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုး သားတို့အား ဟောပြောလေ၏။
19A na gensa banga TOUPA na Pathian uh adinga mi siangthou na hih theihna ding un leh nam a bawl tengteng tunga phat, min hoih, pahtawi na hihna dingun, a chi a.