1ဘုရားသခင်၏လူမောရှေသည် မသေမှီ ဣသ ရေလအမျိုးသားတို့ကို ကောင်းကြီးပေးသော မင်္ဂလာ စကား ဟူမူကား၊
1Hiai vualjawlnain ahi, Pathian mi Mosiin a sih maa Israel suante vual a jawl.
2ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွ တော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့် ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဘို့၊ လက်ျာလက်တော် မှ ထွက်လေ၏။
2Sinai akipanin TOUPA a honga, Seir akipanin a kiang uah a thou khiaa, mi siangthou sang sawm laka kipanin a hongpai; a khut taklamah amau adingin dan kuang thei a om.
3အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိ သန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ ပြပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
3A hi, chi chihte a ita, mi siangthou tengteng nakhutah a om uh; a khebulah a tu ua; na thu a pom chiat ding uh.
4ယာကုပ်အမျိုး ပရိသတ်အမွေခံရသော ဓမ္မ တရားကို မောရှေသည် ငါတို့အားထား၏။
4Mosiin dan honpia, Jakob mipite dingin gouluah ding.
5ဣသရေလအမျိုးမင်းများနှင့်တကွ၊ အမျိုးအ နွယ်များတို့သည် စည်းဝေးသောအခါ၊ ထိုသူသည် ယေရှု ရုန်အမျိုး၌ ရှင်ဘုရင်ဖြစ်၏။
5Jesurunah kumpipa ahia, mipite intekpen a kikhawm khawm ua; Israel chi tengteng a om khawm uh.
6ရုဗင်အမျိုး မသေ၊ အသက်ရှင်၍ သူ၏လူတို့ သည် များပါစေသော။
6Reuben dam gige leh, silouin, a mite a hihleh tawm zo le uh, a chi a.
7ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကား သံကို နားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဘို့ တန်ပါ စေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။
7Huan, hiai Judate a vualjawlna ahi; TOUPA, Juda aw ngaikhia inla, a mite kiangah pi lutin; a khut amah adingin kiching henla, a melmate sualpihpa honghiin, chih.
8လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့် ဥရိမ် သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေ အနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ ၌ ရှိပါစေသော၊
8Huan, Levite tungthu ah bel, Na Thumin leh na Urim na mi siangthou kiangah a om, Masa ah na zeeta, Meribe tui ahte na sual hi;
9ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့ မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကို ကိုလည်း မမှတ် တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူ ကား၊ စကားတော်ကို နားထောင်၍ ပဋိညာဉ်တရားတော် ကို စောင့်ရှောက်တတ်၏။
9Ka nu leh ka pa ka theikei, chiin; a unaute leng a thei sam kei hi, amah tate ngei leng a thei tuan kei; na thu a pom ua, na thukhun a jui uhi.
10သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အ မျိုး၌၎င်း၊ တရားတော်ကို ဣသရေလ အမျိုး၌၎င်း သွန် သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌၎င်း၊ တကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌၎င်း တင်ထားကြလိမ့်မည်။
10Jakobte na vaihawmte a sin sak ding ua, Israelte, na dan; na maah gimlim a koih ding ua, na maitam ah pumhal thillat.
11အိုထားဝရဘုရား၊ သူ၏ဥစ္စာကို ကောင်းကြီးပေး ၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တ ဘက်၌ ထ၍ သူ့ကို မုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
11Vualjawlin, TOUPA, sum a pai, a khut nasepte nana pom inla; amah sualte kawng sat inla, amah hote kawng toh, a tat nawn louhna ding un, a chi a.
12ဗင်္ယာမိန် အမျိုးကိုကား၊ ထာဝရဘုရား ချစ် တော်မူသော သူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရ လိမ့်မည်။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။
12Huan, Benjaminte tungthu ah jaw, TOUPA deihtak jaw a kiangah bitin a om ding; nitumin a opkhum dinga, a po jel ding, a chi a.
13ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသော ပြည် သည် အထက်မိုဃ်းကောင်းကင် ဘဏ္ဍာအားဖြင့်၎င်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသော အရာအားဖြင့်၎င်း၊
13Huan, Josephte tung thu ah jaw, A gam TOUPA vualjawlin om hen, van thil mantam daituitein, tui thuk mahmah nuai lama tuitein.
14နေဖြစ်စေသော ဘဏ္ဍာ၊ လဖြစ်စေသော ဘဏ္ဍာ အားဖြင့်၎င်း၊
14Ni gah suah thil mantam tein, khaten thil mantama suah tein.
15အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင် ထဲက ထွက်သော ဘဏ္ဍာအားဖြင့်၎င်း၊
15Nidanglai tang tea thil deihhuai pentein, khantawn tanga thil mantamtein.
16မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်၎င်း၊ ထာဝရ ဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေ တော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်း ထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
16Lei leh a tunga thil mantam tein, loubuka ompa deihsakna in; vualjawlna Josephte lu tungah hongom hen, a unaute akipana hihtuama ompa sipah.
17သူ၏ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချို တို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင် နက် ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။
17A thupina a bawngtal piang masa thupina bang ahi a, a ki gam bawngtal ki bang ahi; huaiin nam chih a si ding, kawlmong tanin; Ephraimte sangsawm ahi ua, Manaserte sang ahi uhi, a chi a.
18ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက် သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိ တဲ၌နေလျက် ဝမ်းမြောက်လော့။
18Huan, Zebulunte tung thu ah bel, Kipakin, Zebulun, na vak khiaknate ah, huan, Isakar, na puaninte ah.
19ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့် မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကို နို့စို့ကြလိမ့်မည်။
19Tangah chi chih a sam ding ua, huaiah diktatna kithoihnate a lan ding uh; tuipi buchinna a ne sin ngal ua, piaunela gou kiselte toh, a chi a.
20ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေ သောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုး သည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့ တတ်၏။
20Gadte tungthu ah bel, Gadte hihzapa phatin om hen, humpinelkai bangin a tenga, ban a ham keka, ahi, lujang leng.
21ရှေ့ဦးစွာသောအဘို့ကို မိမိအဘို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏ တရား မှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။
21Amah adingin a hoihna pen a tela, vaihawmpa tantuan lah guanbehin a om ngala, Intekpente kiangah a hoha, TOUPA vaihawmna dik a juia; Israelte kianga vaihawmnate, a chi a.
22ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ် ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
22Dante tungthu ah bel, Dan bel humpinelkai nou ahi a, Basan akipana hongtawm khia, a chi a.
23နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေး ဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာနှင့် ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ဝင်စားလော့။
23Naphtalite tungthu ah bel, Naphtali aw, deihsaknaa lungkim, TOUPA vualjawlnaa tai, sim leh tum luahin, a chi a.
24အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သား သမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏ စိတ် နှင့်တွေ့ခြင်း၊ မိမိခြေကို ဆီ၌နှစ်ခြင်း ရှိပါစေသော။
24Aserte tungthuah bel, Aser bel tatea vualjawlin om henla, a unaute lakah tuitum henla; thau ah a kha diah heh.
25သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့်ကြေး ဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည် အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်။
25Na painate sik leh dal ahi ding, na damsung ni bangin na hatna leng a om ding, a chi a.
26သင့်ကို ပြုစုစေခြင်းငှါ ဘုန်းအာနုဘော်နှင့် ပြည့်စုံ လျက်၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော ယေရှုရုန် အမျိုး၏ ဘုရားသခင်နှင့် တူသောသူမရှိ။
26Pathian bang kuamahmah a om kei uh, Jesurun aw, nang honpahpih dinga van a tuang, thupi taka vana tuang, thupi taka van a tuang.
27ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာ ဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မ တော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ်၍ သူတို့ကို ဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
27Khantawn Pathian na omna ahi a, nuailamah khantawn ban a om, melmate lah a honsat mang saka, Hih mangin, a chi.
28ဣသရေလအမျိုးသည် ဘေးလွတ်၍ တမျိုး တည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ် ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက်ကျလိမ့်မည်။
28Huan, Israel bel galmuang takin a oma, Jakob tuileh a pumut; buh leh uain gamah, ahi, a vanten daitui chim a tang sak.A hampha hi, aw, Israel, nang bang mahmah kua a oma, TOUPA hotdam mite? Nang hon honpanpihpa phaw, na thupina namsau a hi! Na melmate na kiangah a hongkipe ding ua, a mun sangte uh na chil ding hi, a chi a.
29အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရား ကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အ ဘယ်သူတူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာ သော ဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ထားလက်နက် ဖြစ်တော်မူ၏။ သင်၏ ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏ မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့် မည်ဟု မြွက်ဆို၏။
29A hampha hi, aw, Israel, nang bang mahmah kua a oma, TOUPA hotdam mite? Nang hon honpanpihpa phaw, na thupina namsau a hi! Na melmate na kiangah a hongkipe ding ua, a mun sangte uh na chil ding hi, a chi a.