Myanmar

Paite

Ecclesiastes

4

1တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
1Huchiin ka kiheia ni nuaia nuaisiahna hiha om tengteng ka mu a: huan ngaiin, huchibanga nuaisiaha omte, lungmuanpa neiloute; huan amau nuaisiahte lamah thilhihtheihna a oma, himahleh lungmuanpa a neikei uh.
2သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသော လူရှင်ထက်သာ၍ မင်္ဂလာရှိသည် ဟု ငါဆိုရ၏။
2Huaijiakin misite a sikhinsate a damlai dama om laite sangin ka phat jaw:
3သို့ရာတွင် တခါမျှ မဖြစ်သေးသောသူ၊ နေ အောက်မှာ ပြုသော ဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ၍ မင်္ဂလာရှိ၏။
3A hi, a om khinsa nailou, ni nuaia nasep gilou hiha om mu khinsa nailoumi amau sangin ka ngaithupi jaw hi.
4တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
4Huchiin sepgimna leh nasep siamna tengteng, hiai jiaka mihing a inveng hajata omna ka muta hi. Hiai leng bangmahlou leh huih nungdelh ahi.
5မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိ အသားကို စားတတ်၏။
5Mihaiin a bante a khep khawma, amah sa a ne hi.
6ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကို ကျက်စားခြင်းနှင့်ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက်သာ၍ ကောင်း၏။
6Khut dim nih sepgimna leh huih nungdelhna sangin, lungmuanna toh khut dim khat a hoihjaw hi.
7တဖန်ငါထပ်၍၊ နေအောက်မှာအနတ္တအမှုကို ဆင်ခြင်သောအရာဟူမူကား၊
7Huchiin ka kiheia ni nuaia bangmahlou ka mu hi.
8လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
8Amah kiaa om khat ka mu a, nihna a neikeia; ahi, tapa a neikei, sanggampa leng a neikei; hinapiin lah a sepgim tawpna a om keia, hauhsaknain a mitte leng a lungkim tuan kei hi. Kua adia semgima, ka kha hoih tansak ka hia? a chi a. Hiai leng bangmahlou ahi, ahi, nakpi-a gimthuakna ahi.
9လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။
9Khat sangin nih a hoihjaw; a sepgimna ua dinga kipahman hoih a neih jiak un.
10တယောက်လဲလျှင် တယောက်ထူလိမ့်မည်။ တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသော သူမရှိ။
10Puk le uh, khatin a lawm phong ding a hih jiakin: himahleh a puk chianga amah kiaa oma, amah phong ding midang neilou tung a gik hi.
11လူသည် နှစ်ယောက်အတူအိပ်လျှင် နွေးတတ် ၏။ တယောက်တည်းသောသူမူကား၊ အဘယ်သို့ နွေးနိုင် သနည်း။
11Huailouin, nih a lup khawm un, lumna a thei uh: himahleh khat kia bangchiin a lum thei dia?
12လူတယောက်သည် တယောက်ကိုနိုင်လျှင် ထိုလူကိုနှစ်ယောက် ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူမပြတ်တတ်။
12Huan, mi khatin amah kiaa ompen zou leh, nihin amah a dou ding ua; huan khau zang guka hek a kitat mengmeng kei.
13ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သော ရှင် ဘုရင်ထက်၊ ပညာရှိသောဆင်းရဲသား သူငယ်သည် သာ၍မြတ်၏။
13Kumpipate leh hai, thuhilhna sang thei nawn lou sangin tuailai genthei leh pil a hoihjaw hi.
14ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင် မူကား၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။
14Suangkulh akipana kumpipa hi dinga hongpai khia lah a hingala; ahi, amah gam mahmaha gentheisaa piang ahi.
15နေအောက်မှာ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် မင်းအရိပ်အရာကိုခံရသော ထိုဒုတိယ သူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။
15Ni nuaia vaka hing tengteng, tuailaite toh a om uh a hih leh, a nihna, a munah a ding chih ka muta hi.Mi tengteng, a amaute tunga a omna mahmah, bei chih a om keia: hinapiinlah tunung chia hongom dingte amahah a kipak kei ding uh. Chihtaktakin hiai leng bangmahlou leh huih nungdelh ahi.
16ထိုမင်းအုပ်စိုးသော သူအပေါင်းတို့ကို ရေတွက် ၍ မကုန်နိုင်။ နောက်လာသောသူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲနေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
16Mi tengteng, a amaute tunga a omna mahmah, bei chih a om keia: hinapiinlah tunung chia hongom dingte amahah a kipak kei ding uh. Chihtaktakin hiai leng bangmahlou leh huih nungdelh ahi.