Myanmar

Paite

Exodus

13

1မောရှေကို ခေါ်၍ ဣသရေလအမျိုးသားတို့တွင် အဦးဘွားသောသူ၊
1Huan TOUPAN Mosi kiangah thu a gena,
2လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဘို့ သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။
2Piang masapente tengteng, Israel suante laka sul hong peuhmah, mihing lam leh ganta lam, honpekhia in; keia ahi, chiin.
3မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကို မစားရ။
3Huchiin Mosiin mite kiangah, Hiai ni theigige un, Aigupta gama kipana na hongpawt khiak ni uh, saltannain akipana na hongpawt khiak ni uh; khut hatnain TOUPAN hiai mun a hontun lah ahi ngala: tanghou silngou soh nek ding a om kei ding.
4အဗိဗလ၊ ယနေ့၌ပင် သင်တို့သည် ထွက်လာကြပြီ။
4Hiai niin Abib khain na hongpai khia uhi.
5သင်တို့အားပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ ဟိတ္တလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည်။
5Hichi ahi ding TOUPAN Kanante, Hitte, Amorte, Hivte leh Jebuste gam nou honpiak dinga na pipute uh kianga a kichiamna, bawngnawitui leh khuaijua luang gam a hontut chiangin, hiai silbawl hiai khain na hih ding uh.
6ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရား အဘို့ ပွဲခံရကြမည်။
6Ni sagih tanghou silngou soh louh na ne ding ua, a ni sagih niin TOUPA adingin ankuangluina a om ding.
7တဆေးမပါသောမုန့်ကို စားရသော ခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေ သောအရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။
7Ni sagih tanghou silngou sohlouh a kine dia; na kiang uah tanghou silngou soh a kimu ding ahi kei, na omna tengteng uah leng silngou muhin a om ding ahi sam kei hi.
8ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့် ဤသို့ပြုရ၏ဟု ထိုနေ့၌ သားမြေးတို့အား ကြားပြောရမည်။
8Huai ni chiangin na tapa na ensak ding, Aigupta gama kipana ka hongpai khiak laia TOUPAN ka tunga huai a hih jiaka hiai hiha om ahi, chiin.
9ထာဝရဘုရား၏ တရားသည်၊ သင်၏နှုတ်၌ တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌ လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဘို့ရာ ဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ။
9Huan na banah nang adingin chiamtehna ding ahi dia, na mite kikala theihgigena, huchia na TOUPA dan a om theihna dingin TOUPAN ban thahata Aigutpa gama kipan nou a honpi khiak jiakin.
10ထို့ကြောင့် စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။
10Huaijiakin kum tengin a hunbiin hiai dan na jui ding.
11သင်တို့၌၎င်း၊ ဘိုးဘေး၌၎င်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကို ပို့ဆောင်၍၊ ထိုပြည်ကို ပေးသနားတော်မူသောအခါ၊
11Huan, hichi ahi dinga TOUPAN, nang kiang leh na pipute kianga a kichiam banga, Kanante gam a hontut chiangin, huai a honpe ding.
12သင်တို့၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဘို့ အသီးအခြား ခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။
12TOUPA adingin sul hong tengteng nakoih tuam ding, na neih ganta akipana hongom a nou masapen teng; a pa te TOUPA a ahi ding uh.
13မြည်းမ၌ အဦးဘွားသော မြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ် လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။
13Huan sabengtung nou masapen teng belamnouin na tan dinga; huchia na tat keileh, a ngawng na hektan ding: huan na tate laka mihing ta masa tengteng na tan ding hi.
14နောင်ကာလ၌ သင်၏သားကလည်း၊ အဘယ်သို့နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ၏။
14Hun hongtung dingah hichi ahi dinga na tapain, Hiai banga hia? chia a hondot chiangin, nang a kiangah, Banthahatin TOUPAN Aigupta gam akipan, koltanna ina kipan a hon lakheta, a kiang ah na chi ding:
15ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည်။
15Huan, hichi ahia, Pharoin a honpai sak nop ngel louh laiin, TOUPAN Aigupta gama piang masa tengteng na thata, mihinga piang masate leh gantaa piang masate: huaijiakin sul hong tengteng, pasal hiin, TOUPA kiangah ka kithoihnaa; himahleh ka tate laka a piang masa tengteng ka tan hi.
16ဤအရာသည်လည်း၊ သင်၏လက္ခဏာ သက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ၏။
16Huchiin na khutah theihna ding ahi dinga, na mitte kikala khaukhip ding, ahi ding: TOUPAN Aigupta gama kipana ban thahata a hon pi khiak jiakin.
17ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို ရှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကို တွေ့မြင်သောအခါ စိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။
17Huan, hichi ahia, Pharoin mite a paisak laiin, Pathianin, naijaw mahleh, Philistinte gam lam kanin amaute a pi kei; Pathianin, Kidouna a muh chiang un mite a kisik kha ding ua, Aigupta gam lamah a kihei kha ding uh, a chih jiakin:
18ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့် ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသော တပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။
18Himahleh Pathianin mite a pi kawia, Tuipi San gamdai lampi lam kanin; huchiin Aigupta gama kipanin kigalvansain Israel suante a paitou ta uhi.
19အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာ တော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ် ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ ယူဆောင်လေ၏။
19Huchiin Mosiin Joseph guhte a kipuaka: Pathianin pellouin a honveh dinga: hiai akipanin ka guhte na kipuak ding uh ahi, chia Israel suante kianga chihtaktaka a kichiam jiakin.
20တဖန် သူတို့သည် သုကုတ်အရပ်မှ ထွက်သွား၍ တောအနား၊ ဧသံမြို့၌ စားခန်းချကြ၏။
20Huchiin Sukkoth akipan a zin khe ta ua, gamdai jul ah, Etham mun ah a giakta uhi.
21သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့် ၎င်း၊ ညဉ့်၌ကား၊ အလင်းပေးဘို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့က ကြွတော်မူ၏။
21Huan TOUPA a ma uah sunin meipi dingin, a maute lampia pi dingin, a paia; janin mei dingin, amaute vakna pe dingin; sun leh jana pai dingin:Mite maa kipanin suna meipi ding hiam, a hihkeileh jana mei ding hiam a la mang kei hi.
22နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။
22Mite maa kipanin suna meipi ding hiam, a hihkeileh jana mei ding hiam a la mang kei hi.