1ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကား ဟူမူကား၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။
1Huchih laiin Mosi leh Israel suanten TOUPA kiangah hiai la a sa ua, thu a gen uh. Thupi taka a vualzoh jiakin, TOUPA kiangah la ka sa ding: sakol leh a tunga tuangmi tuipi ah a paikheta.
2ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင် ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင် ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။
2TOUPA ka hatna leh la ahi, ka hotdamna a honghi a: ka Pathian ahi, omna ka bawlsak ding: ka pa pathian, huchiin amah ka tawisang ding hi.
3ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ၏။
3TOUPA galhatpa ahi: TOUPA a min ahi.
4ဖာရောဘုရင်၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ရွေးသော ဗိုလ်မင်းတို့သည်၊ ဧဒုံပင်လယ်ထဲ၌ မြုပ်လျက်ရှိကြ၏။
4Pharo kangtalaite leh a sepaihte tuipi ah a paikheta: a heutute uleng Tuipi San ah a ke lum uh.
5နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ၏။
5Thuknain amaute a khuhta: suang bangin a tawah a tumta uh.
6အို ထာဝရဘုရား၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။
6TOUPA aw, na khut taklam thilhih theihna ah thupi a honghi: TOUPA aw, na khut taklamin melma a gawi jan ta hi.
7ကိုယ်တော် တဘက်၌ ထသောသူတို့ကို၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကို လွှတ်၍၊ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။
7Huchiin na hoihna thupinain nang a hondou dia thoute a zouta: na thangpaihna na sawlkhiaa, huaiin amaute buhpawl bangin a kangta hi.
8နှာခေါင်းတော်လေအားဖြင့် ရေသည် စုဝေး၍၊ စီးသောရေသည် ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ၌ပင် နက်သောရေသည် တောင့်မာလျက်နေရ၏။
8Na nakvangte mutin tuite kaihkhawmin a om ua, tui tampite vum banga chianin a om, huchiin tuipi sung gil ah thuknate kipsakin a om.
9ရန်သူက၊ ငါလိုက်မည်။ သူတို့ကို မှီလိမ့်မည်။ လုယူသောဥစ္စာကို ဝေ၍ သူတို့၌ ငါချင်ရဲပြေလိမ့်မည်။ ထားကို အိမ်မှ ထုတ်၍ သူတို့ကို ငါ့လက်နှင့် ဖျက်ဆီးမည်ဟု ဆိုသတည်း။
9Melmain, Ka delh dia, ka pha dia, gallak ka hawm ding: huaite ah ka duhgawlna a tai ding ka namsau ka phawi dia, ka khutin amau ka hihgawp ding, a chi a.
10ကိုယ်တော်သည် လေကို မှုတ်တော်မူသဖြင့်၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး၍ သူတို့သည် အားကြီးသောရေထဲမှာ ခဲကဲ့သို့ ဆင်းကြလေ၏။
10Nang na huihin na mut nguta, tuipiin amau a khuhta hi; tui hatteah ngen bangin a tumta uhi.
11အို ထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကို ခံစဉ်တွင်၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။
11TOUPA aw, nang tobang kua a oma, pathiante lakah! siangthounaa thupi, phatnatea lauhuai, thillamdang hih ah, nang bang kua a oma.
12လက်ျာလက်တော်ကို ဆန့်တော်မူသဖြင့်၊ သူတို့ကို မြေမြှုပ်လေ၏။
12Na khut taklam na zan khiaa, leiin amau a valhta.
13ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။
13Na tatsa mite nang na chitnain na pi khiaa; na tenna siangthou ah na hatnain amau na pita hi.
14လူမျိုးတို့သည် သိတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။
14Miten a ja ua, a ling uh: Philistin tengte nattomin a manta.
15ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့ သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။
15Huaichiangin Edom hausaten lamdang a sa mahmah ua: Moaba mi thilhihtheite, linnain aman; Kanana tengte tengteng a zul mang uh.
16အို ထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ရွေးတော်မူသော ကိုယ်တော်၏လူတို့ သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။
16Launa leh kihtakna a tunguah a hungtung; na khut thupinain suang bangin a dai uh; TOUPA aw, na miten a paikan masiah uh, na leisa, na miten a paikan masiah uh.
17အို ထာဝရဘုရား၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
17Na gouluah tangah a mau na hontun dinga, na suan ding, TOUPA aw, tenna dinga na kibawlna munah, munsiangthou ah, TOUPA aw, na khutin a lam kipsa ah.
18ထာဝရဘုရားသည် ကာလအစဉ်အမြဲ စိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ၏။
18TOUPAN tangtawn tangtawnin vai a hawm ding.
19အကြောင်းမူကား၊ ဖာရောဘုရင်၏ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင်၍၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကို လွှမ်းမိုးစေတော်မူ၏။ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၏။
19Pharo sakol kangtalaite leh a sakoltungtuangmite toh tuipi ah a pi lut a, huchiin TOUPAN a tunguah tuipi tuite a honnil khawm nawna; himahleh Israel suante lah tuipi lakah lei hul tungah a pai ngal ua.
20အာရုန်၏ အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကို ကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက် လိုက်သွားကြ၏။
20Huan Miriam jawlneinu, Aron sanggamnun khuangta a khut in a laa; huan numeite tengtengin khuangta toh leh lam kawmin a nungah a pai khia uh.
21မိရိအံကလည်း၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီဟု သူတို့နှင့် အသံပြိုင်၍ ဆိုလေ၏။
21Huchiin Miriamin amau a dawnga, Thupi taka a vualzoh jiakin, TOUPA kiangah lasa un; sakol leh a tungatuangmi tuipiah a paikheta hi, chiin.
22ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှ ဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကို မတွေ့မရကြ။
22Huchibangin Tuipi San akipan Mosiin Israelte a pi a, huchiin Sur gamdai ah a pai ua; huan gamdai ah a pai ua; huan gamdai ah ni thum a pai ua, tui a mu kei uhi.
23မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကို မာရဟု သမုတ်ကြသတည်း။
23Huan Mara a hongtun un, Mara tuite a dawn theikei uh; a khat jiakin: huaijiakin a min dingin Mara a chi uh.
24လူများတို့သည် မောရှေကို အပြစ်တင်၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟု ဆိုကြ၏။
24Huan Mosi demin mite a phun ua, Bang dawn ding i hia! chiin.
25မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တပင်ကို ပြတော်မူ၏။ ထိုအပင်ကို ရေထဲသို့ ချပြီးလျှင်၊ ရေသည် ချိုလေ၏။ ထိုအရပ်၌ သူတို့ကို စုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊
25Huan TOUPA kiangah a kapa; huchiin TOUPAN sing khat a ensaka, huai tuia a khiak leh, tuite a hong khumta hi; huailaiah amau adingin thuseh leh dan a bawla, huaiah amau a enchiana,
26သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူ သောအကျင့်ကို ကျင့်လျှင်၎င်း၊ ပညတ်တရားတော်အလိုသို့ လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎င်း၊ ငါသည် အဲဂုတ္တုလူတို့၌ စွဲစေသော ရောဂါတစုံတခုကိုမျှ သင်တို့၌ မစွဲစေ။ ငါသည် သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
26Lunglut taka TOUPA na Pathian aw na ngaihkhiaka, a mitmuha dik na hiha, a thupiakte bil na doha, a thusehte na zuih leh, Aiguptate tunga ka tut, huai hite laka a bangmah na tungah ka koih kei ding: nang honhihdampa TOUPA ka hi ngala, a chi hi.Huan, Elim, tui khuk sawm leh nih omna leh, tum sing sawmsagih omna a hongtung ua: huchiin tuite kiangah huailaiah a giakta uhi.
27ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း၊ စွန်ပလွံပင် ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက်၍၊ ထိုအရပ်တွင် ရေရှိရာအနားမှာ တပ်ချကြ၏။
27Huan, Elim, tui khuk sawm leh nih omna leh, tum sing sawmsagih omna a hongtung ua: huchiin tuite kiangah huailaiah a giakta uhi.