Myanmar

Paite

Exodus

28

1သင်၏ အစ်ကိုအာရုန်သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့်သူ၏ သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။
1Huan na kiangah Aron na unaupa, leh amah toh a tapa, Israel suante laka kipanin kilak inla, aman siampu nasepnamuna ka na a sep theihna dingin, Aron ngei, Nadab leh Abihu, Eleazar leh Ithamar, Aron tapate.
2သင်၏အစ်ကိုအာရုန်၌ဘုန်း အသရေ ထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသော အဝတ်ကို လုပ်၍ပေး ရမည်။
2A thupina ding leh a kilawmna dingin na unaupa Aron adingin na puan siangthou na bawl ding hi.
3အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသော အခွင့်ရှိ၍၊ သူ့ကို သန့်ရှင်းစေခြင်းငှါ၊ ငါပေးသော ဥာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကို လုပ်ရမည် အကြောင်း မှာထားရမည်။
3Pilna khaa ka dimsaksa, mi lungtang pilte tengteng kiangah thu na gen ding, amau Aron puan amah hihsiang dinga a bawl theihna ding un, huchia aman siampu nasepnamuna ka na a septheihna dingin.
4လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗေါင်း၊ ခါးပန်းတည်း ဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှါ၊
4Huan a puan bawl dingte uh hiaite ahi: awmtuam, siampupuan, puanaktual, puanakjem, lukhu leh kawnggak: huan na unaupa Aron adingin a tate ading puan siangthoua a bawl ding uh ahi, huchia aman siampu nasepnamuna ka na sep theihna dingin.
5ရွှေနှင့်ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ယူရမည်။
5Huan dangkaeng leh, dum leh sandup leh, sanau leh puan malngat hoih a la ding uh.
6ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်းစွာ လုပ်ရမည်။
6Huchiin dangkaeng, dum, sandup, sanau leh puanmalngat koih koptahin, hoih taka bawlin, siampupuan a bawl ding uh.
7သိုင်းကြိုးနှစ်ပင်ရှိ၍၊ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်ရမည်။
7Huaia a liang nihte huaia a gei nihte ah a kimat ding ua; huchiin a kimat ding uh.
8သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာ သောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို၎င်း လုပ်ရမည်။
8Huan, siampupan kongak lamdang a tunga om, huaia nasep bangin, akibang ding hi; dangkaengin, a dum leh, a sandup leh, a sanau leh puanmalngat hoih koptahin.
9ရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတဆယ်နှစ်မျိုးကို၊
9Huan onik suang nih na la dia, huaite tungah Israel suante min na na gelh ding:
10အသက်အကြီးအငယ် အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာ တင်ရမည်။
10Suang khat tungah a minte uh laka guk, suang dang tungah, a om laite min guk dangte, a pianna bang jel un na delh ding.
11တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ဣသရေလအမျိုး၏ နာမည် တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။
11Suanga gelhmi nasep toh, chiamtehna gelhna bangin, Israel suante adingin theihgigena suang dingin siampupuan liangjangah na koih ding: huaite dangkaeng bulhin na bawlding ahi.
12ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ သူတို့နာမည်များကို အာရုန် သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။
12Huan huai suang nihte Israel suante adinga theihgigena suang dingin siampupuan liangjangah na koih ding: huchiin theihgigena dingin Aronin a liangjang nih tungah TOUPA maah a minte uh a po ding hi.
13ကျောက်အိုးတို့ကို ရွှေနှင့်လုပ်ရမည်။
13Huan dangkaeng bulhna na bawl ding;
14အဆုံးနှင့်တပ်ရသော ကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍ လုပ်ပြီးမှ ကျောက်အိုး၌ တွဲရမည်။
14Huchiin a mongtea dangkaeng tak khainiang nihte; pakkhi banga bawlin na bawl dia, a kibulhnate ah huai pakkhi bang khainiangte na khih ding hi.
15ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ဗျာဒိတ် ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။
15Huan vaihawmna omtuam siamtaka bawlin na bawl dinga; siampupuan bawl dangiin na bawl ding; dangkaengin, dumin, sandupin, leh sanauin, leh puan malngat hoih koptahin, na bawl ding hi.
16နှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်း လေးထောင့် ဖြစ်ရမည်။
16Linvuallouha kip thuah nih ahi ding; huaia a dunglam khap khat ahi ding, huaia a vailam khap khat ahi ding.
17ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်းစီရမည်။ ပဌမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊
17Huchiin huai suang bulhte na bulh ding, suang vual li hialin: a vual khatna sardi suang, topazi suang leh karbunkul suang ahi ding: huai a vualkhatna ahi ding hi;
18ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊
18Huan a vual nihna emeraldi suang, sapphirei suang, leh diamond suang ahi ding hi;
19တတိယအတန်းကား၊ ဝှါကိန္တုမဟူရာ၊ ဂေါ်မိတ်။
19Huan a vual thumna lingure suang, a gate suang leh amithisti suang ahi ding.
20စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီရမည်။
20Huchiin a vual lina beril suang leh onik suang leh jasper suang ahi ding hi: a bulhna uah dangkaeng bulh ding ahi.
21ဣသရေလအမျိုး တဆယ်နှစ်မျိုး ရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက် တို့၌၊ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက်၊
21Huan suangte Israel suante min toh a kithuah ding uh, a min uh dungjuiin, sawm leh nih, chiamtehna gelhte bangin; michih a min toh nam sawm leh nihte dungjuiin ahi ding uhi.
22ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည်။
22Huan awmtuam tungah pakkhi banga bawl mongte ah dangkaeng khainiang na bawl ding.
23ရင်ဖုံးအပေါ် ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကို၎င်း၊
23Huan awmtuam tungah dangkaeng sikkual nih na bawl ding, huai sikkual nihte awmtuam mong nihte tungah na koih ding hi.
24ကျစ်သော ရွှေကြိုးနှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌ တပ်၍၊
24Huchiin awmtuam mongte tunga om sikkual nihte ah dangkaeng pakkhi bang nihte na koih ding.
25သင်တိုင်း သိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲရမည်။
25Huan pakkhi bang khainiang nihte mong nih dangte bulhna nihteah na khih dinga, a maa siampupuan liangjangte ah na koih ding hi.
26တဖန် ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု၌ တပ်ရမည်။
26Huan dangkaengin sikkual nih na bawl dia, huan huai a geia siampupuan mong nihte tungah na koih ding, a sunglama siampupuan geia ompen ah.
27အခြားသော ရွှေနှစ်ကွင်းကိုလည်း လုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်း အပေါ်နားဆက်မှီရာတွင်၊ သင်တိုင်းကိုယ် တဘက်တချက်၌ တပ်ရမည်။
27Huan dangkaengin sikkual dang nihte na bawl dia, siampupuan geih nihte nuailama a tungah na koih ding, huai a malam sangah, huaia a kikhepna jawn takah, siampupuan konggak lamdang tung takah.
28ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်း ရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ ရင်ဖုံးကို ထူးဆန်းသော ရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။
28Huaia sikkual in awmtuam siampupuan sikkualah puanduang dum toh na hen ding, huchia siampupuan kawnggak lamdang tunga a om theihna dingin leh siampupuan akipan awmtuam a kiphel louhna dingin.
29အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ်ဌာနတော်ထဲသို့ ဝင်သောအခါ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှါ၊ ဗျာဒိတ်ရင်ဖုံး၌ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာ ဆောင်ရမည်။
29Huan Aronin, TOUPA maa theihgige tawntungna dinga, mun siangthoua a hoh chiangin, a lungtang tungah vaihawmna omtuamah Israel suante minte a po ding hi.
30ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည်။
30Huchiin vaihawmna omtuamah Urim leh Thumim na koih ding; TOUPA maa a valut chiangin, Aron lungtang tunga a om ding uh ahi: huchiin Aronin TOUPA maah a lungtang tungah Israel suante vaihawmna a po gige ding hi.
31သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို၊ ပြာသောအထည်နှင့်သာ လုပ်ရမည်။
31Huan siampupuan puannak tual a dumin na bawl ding.
32ဝတ်လုံ၌ လည်စွပ်ပါ၍ လည်စါပ်ကို မစုပ်စေခြင်းငှါ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည် နှင့် ကွပ်ရမည်။
32A khungah a awng a om ding lu adin, huai a lai takah: a awng kimvel ah nasep gatin khihna a om ding, siklen puannak banneilou hileh kilawm, a kek louhna dingin.
33ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်သော သလဲသီးများကို၎င်း၊ ရွှေ ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊
33A gei tung nuaiah, a dumin, a sandupin, leh a sanauin na bawl ding, huai a gei kimvelin; huan dangkaeng dakte a kimvelin a kikal jel uah na bawl ding:
34သလဲသီးတလုံး၊ ရွှေဆည်းလည်းတလုံးစီခြားလျက်၊
34Dangkaeng dak leh pomgrenet, dangkaeng dak leh pomgrenet, puanaktual gei tungah a kivelin.
35အစဉ်အတိုင်း ဆွဲထားရမည်။ အာရန်သည် အမှုတော်ကို ဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲ မှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကို ဝတ်၍ သူ၏ အသံကို ကြားရမည်။
35Huan huai Aron tungah a om ding nasem dingin: huchiin TOUPA maa mun siangthou a lut chiang leh, a hongpawt chiangin a din a kiza ding, a sih louh theihna dingin.
36ရွှေစင်သင်းကျစ်ကိုလည်း လုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း ခြင်းဟု အက္ခရာတင်၍၊
36Huan dangkaeng takin kuang na bawl dia, a tungah na gelh ding, chiamtehna gelhnate bangin TOUPA LAMA SIANGTHOUNA.
37ပြာသောကြိုးနှင့်ဗေါင်းရှေ့၌ ချည်ထားရမည်။
37Lukhu tunga a om theihna dingin puanduang dum tungah na koih ding; lukhu malam tungah a om ding hi.
38အာရုန်သည် ထိုသင်းကျပ်ကို နဖူး၌ ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အလှူ ဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏ စိတ်တော်နှင့် တွေ့ခြင်းငှါ၊ အာရုန်၏ နဖူး၌ အစဉ်ဆင်ရမည်။
38Aronin thil siangthou, Israel suanten a thilpiak siangthoute tengteng uha a siansak ding uh, gitlouhna a puak theihna dingin, Aron taltang tungah a om ding hi; TOUPA maa pom a hihtheihna ding un, a taltang tungah a om gige ding hi.
39ပိတ်ချောအင်္ကျီကိုလည်း လုပ်၍ ချယ်လှယ်ရမည်။ ဗေါင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကို လည်း ချယ်လှယ်သော အလုပ်နှင့် ပြီးစေရမည်။
39Huan puan malngat hoih puanak na gan dinga, puan malngatin lukhu na bawl dia, khuinasepin kawnggak na bawl ding hi.
40အာရုန်၏သားတို့ ဘုန်းအသရေကို ထင်ပေါ်စေခြင်းငှါ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကို လုပ်ပေးရမည်။
40Huan Aron tapate adingin puanakte na bawl dia, kawnggakte bawlsak ding, thupina ding leh kilawmna dingin lukhute amau adingin na bawl ding hi.
41ထိုသို့ သင်၏ အစ်ကိုအာရုန်နှင့် သူ၏သားတို့ကို ဝတ်ဆင်စေပြီးမှ၊ သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ၌ ခန့်ထား၍ သန့်ရှင်း စေရမည်။
41Huan huaite na unaupa Aron tungah leh, a kianga a tapate tungahna koih ding; amau thau a nilh dia, na sehtuam dia, na siangsak dinga, siampu nasepna muna ka na a sep theihna ding un.
42သူတို့၌ရှက်စရာအကြောင်း၊ မထင်မပေါ်စေခြင်းငှါ၊ ခါးမှပေါင်သို့အထိ ပိတ်ပေါင်းဘီကို ချုပ်၍ ပေးရမည်။
42Huan a vuaktanna uh khuh dingin puan pheitawm zumte na bawlsak dinga; tai akipanin phei chiang a tun hial ding uh ahi:Huan kihoupihna puanina a lut chiang un, hiam ahihkeileh mun siangthou nasem dinga dohkan kianga a hongpai chiang un, Aron tung leh a tapate tungah a om ding, uhi; huchia gitlouhnate a puak louhua a sih louhna ding un: huchiin amaha ding leh a nunga a chite a dia khantawna thuseh ahi ding hi.
43အာရုန်နှင့်သူ၏သားတို့သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သော်၎င်း၊ သန့်ရှင်းရာ အရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော်၎င်း၊ အပြစ်ရောက်၍ မသေစေခြင်းငှါ ထိုသို့ ဝတ်ရမည်။ အာရုန်မှစ၍ သူ၏အမျိုး အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။
43Huan kihoupihna puanina a lut chiang un, hiam ahihkeileh mun siangthou nasem dinga dohkan kianga a hongpai chiang un, Aron tung leh a tapate tungah a om ding, uhi; huchia gitlouhnate a puak louhua a sih louhna ding un: huchiin amaha ding leh a nunga a chite a dia khantawna thuseh ahi ding hi.