Myanmar

Paite

Exodus

36

1ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဘို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သော ဥာဏ်ပညာကို ထာဝရဘုရား ပေးသွင်းတော်မူသော ပညာရှိအပေါင်း တို့နှင့်တကွ၊ ဗေဇလေလ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
1Huchi in Bezaleel leh Aholiab in a hih ua, michih lungtang pil, amau a TOUPA'N mun siangthou a nnasepna dan chiteng bangchi bang a sep ding ahia chih thei dia pilna leh theihna a koihnate, TOUPA'N thu a piak tengteng bang in.
2တဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကို၎င်း၊ ထာဝရဘုရားပေးတော်မူသော ဥာဏ် သဘောကို ရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကို၎င်း ခေါ်ပြီးလျှင်၊
2Huchi in Mosi in Bezaleel leh Aholiab leh, michih lungtang pil nei, a lungtang ua TOUPA'N pilna a koihnate, michih a lung ua nnasepna hong kuan a hih ding a tohthoh a omte ngei a sam ta hi:
3သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင်စေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ ဆောင်ခဲ့သော အလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှ ခံကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်း ထပ်၍ ဆောင်ခဲ့ကြသေး၏။
3Huan Mosi a kipan in thillat tengteng, Israel suanten mun siangthou a nnasepna ding a a hon tawi uh, huai nnasepna ding a la ua. Huan zingsang teng in utthu a piak thillatte a kiang ah a hon tawi nalai uhi.
4ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီး မိမိလုပ်ရာမှ၊
4Huan mun siangthou a nnasep tengteng hih, mi pil tengteng, michih a thilhih a bawl ua kipan a hong pai ua;
5မောရှေထံသို့ လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ ဆောင်ခဲ့ကြ ပါပြီဟု ကြားပြောလျှင်၊
5Mosi kiang a thugen in, Miten nnasepna a sepna hunzah sang a tamzaw a hon tawi uh, chi in.
6မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့ လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့် ဟု စီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။
6Huan Mosi in thupiak a pia a, giahbuk teng ah a tangkou pih ua, pasal hileh numei hileh mun siangthou a thillat ding in thilhih bawl neikei un, chi in. Huchi in, mite hon tawi lou ding a kham in a om ta uhi.
7ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကို ပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။
7Mun siangthou bawl ding a nnasepna khempeuh a ding in a van neihsa uh lah a kiching in, a tam lo ta ngal a.
8သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော သူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။
8A lak ua lungtang pil michih biakbuk nnasep hihten puan malngat koptah hoih puanzak sawm, a dum, a sandup, a san-au a bawl uh: khutsiam a hih cherubte toh huaite a bawl uh.
9ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။
9Puanzak khat dung lam tong sawmnih leh giat ahi, puanzak khat vai lam tong li; puanzak tengteng let lam kibang chiat ahi uh.
10ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ၏။
10Huan puanzak ngate a kithuah in a khep hi. Huan puanzak a dang ngate leng a khep a.
11ကုလားကာတထည် ပြင်ဘက်ကုလားကာ နားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။
11Huchi in a kithuahna ah mong khepna a kipan in puanzak khat gei ah a dum in bate a bawl; huchimah in a nihna khepna ah, puanzak dang gei chin ah a bawl hi.
12ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာအနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို ၎င်း လုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။
12Puanzak khat ah ba sawmnga a bawl a, a nihna kikhepna a puanzak gei ah ba sawmnga a bawl: bate a kizawn geihgeih in a om uhi.
13ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော် တဆောင်တည်းဖြစ်လေ၏။
13Huan dangka-eng in kilhna sawmnga a bawl a, kilhnate in puanzakte a gawmkhawm: huchi in biakbuk khat a hong hi hi.
14တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာ ဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်လေ၏။
14Huan puan inn biakbuk tung a ding in kel mul in puanzak a bawl a: huan sawm leh khat a bawl hi.
15ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍ ကုလားကာဆယ်တထည်တို့သည် အလျားအနံချင်း တူ၏။
15Puanzak khat dung lam tong sawmthuam ahi a, puanzak khat vai lam tong li ahi: puanzak sawm leh khatte a leh lam kibang vek uh ahi.
16ကုလားကာငါးထည်တစပ်၊ ခြောက်ထည်တစပ်တည်း ချုပ်လေ၏။
16Huchi in puanzak ngate amau in a khep tuam a, puanzak gukte amau in khep tuam hi.
17ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း လုပ်လေ၏။
17Huchi in a kikhepna ah puanzak mong chin ah ba sawmnga a bawl a, puanzak a nihna thuahna pen mong ah ba sawmnga a bawl hi
18ကြေးဝါချောင်းငါးဆယ်ကိုလည်း လုပ်၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။
18Khat a hih theihna ding in puan in kaihkhawmna ding in dal in kilhna sawmnga a bawl hi.
19အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသော သိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်လေ၏။
19Puan in khuhna ding in belampa vun diahsan in a bawl a, hual tungah ngalvang vun in khuhna a bawl.
20တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။
20Huchi in singgi sing in biakbuk singpek ding a bawl a, tun thoh in.
21ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။
21Singpek sau lam tong sawm ahi, singpek zat lam tong khat leh a kim.
22ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။
22Singpek khat in atgek nih a nei, a kigamlatdan uh kikim in: huchi bang in biakbuk singpek tengteng a ding in a bawl.
23တဲတော်တောင်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊
23Huchi in biakbuk a ding in singpek a bawl; sim lam sang a sim lam pang a ding in singpek sawmnih:
24ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက် နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်လေ၏။
24Singpek sawmnih nuai ah dangka-eng in kingakna khuakkuak sawmli a bawl; a atgek nihte a ding in singpek khat dang ah kingakna khuakkuak nih, a atgek nih a ding in singpek dang ah kingakna khuakkuak nih.
25ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊
25Huan biakbuk pang khat lam a ding in, a mal lam ning a om a ding in, singpek sawmnih a bawl,
26ထိုပျဉ်ပြား၌လည်း ငွေခြေစွပ် လေးဆယ်၊ တပြားနှစ်ခုစီ လုပ်လေ၏။
26A dangka-eng kingakna khuakkuak sawmlite toh; singpek khat dang ah kingakna khuakkuak nih, huan singpek dang khat dang ah kingakna khuakkuak nih.
27တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊
27Huchi in tum lam biakbuk pang ate ding in singpek nih a bawl.
28ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြား နှစ်ပြားကို၎င်း လုပ်လေ၏။
28A pang nihte ah biakbuk ningte a ding in singpek nih a bawl.
29အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။
29Huchi in a nuai ah a kithuah ua, huai a a tungah, sikkual khat ah a kikaikhawm: huchi bang in a ning tuaktuak ah a hih tuaktuak hi.
30ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိလေ၏။
30Huan singpek giat a om; a kingakna khuakkuak uh dangka bawl kingakna khuakkuak sawm leh guk ahi ua, singpek chih dang ah kingakna khuakkuak nih.
31တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို၊ တဘက်ငါးချောင်းစီ လုပ်လေ၏။
31Huan singgi sing chiangtawn a bawl; biakbuk pang khat a singpekte a ding in nga,
32တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့၊ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်လေ၏။
32Biakbuk pang dang a singpekte a ding in chiang tawn nga, tum lam pang a biakbuk singpekte a ding in chiangtawn nga.
33အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ ဆုံးစေ၏။
33Huchi in chiangtawn laita pen singpekte khat a kipan a dang kap paisuak in a bawl hi.
34ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
34Huchi in singpekte dangka-eng in a luan a, a dangka-eng sikkualte uh chiangtawn omna ding in a bawl a, chiangtawnte dangka-eng in a luan hi.
35တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊
35Huan a dum, a sandup, a san-au leh puan malngat koptah hoih in puankhai a bawl a: khutsiam tak in huai cherubte a bawl hi.
36ထိုကုလားကာဘို့ ရွှေချသော အကာရှသားတိုင်လေးတိုင်ကို၎င်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။
36Huchi in huai ah singgi sing in khuam li a bawl, dangka-eng in a luan: a bannate uh dangka-eng a bawl ahi: huan huaite a ding in dangka in kingakna khuakkuak li a sung hi.
37တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသော အထည်၊ နီသော အထည် ပိတ်ချောဖြင့် ပြီး၍ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊
37Huchi in biakbuk kongkhak a ding in a dum in, a sandup in, a san-au in leh puan malngat hoih koptah, phim a hih in puankhai a bawl a:Huan a khuam ngate a banna utoh: huchi in, a zingte uleh a puanduangte dangka-eng in a luan a: himahleh a kingakna khuakkuak ngate uh dal ahi.
38ထိုကုလားကာဘို့ တံစို့နှင့် ပြည့်စုံသော တိုင်ငါးတိုင်ကို၎င်း လုပ်၍၊ တိုင်ထိပ်နှင့်တိုင်တန်တို့ကို ရွှေနှင့် မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ၏။
38Huan a khuam ngate a banna utoh: huchi in, a zingte uleh a puanduangte dangka-eng in a luan a: himahleh a kingakna khuakkuak ngate uh dal ahi.