1တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
1TOUPA PATHIAN thu ka kiangah a hong ung nawna,
2အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရား သခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရား ဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင် သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊
2Mihing tapa, Tura heutupa kiangah gen inla, TOUPA PATHIANIN hichiin a chi: Na lungsim a kisathei a, Pathian ka hi a, tuipi laia Pathian tutmunah ka tu, na chi a: himahleh mihing lel na hia, pathian na hi kei a, pathian lungsim bang in kingaihtuah mahle chin:
3သင်သည် ဒံယေလထက်သာ၍ ပညာရှိပါသည် တကား။ သင်မသိရအောင် သူတပါးဝှက်ထားနိုင်သော အရာ တစုံတခုမျှမရှိ။
3Danial sang sangin na pil zawa, nalakah thu guk himhim a om theikeia;
4ကိုယ်ဥာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကို ဆည်းပူးပြီ။
4Na pilna leh na lemtheihnain na nakihihhaua; na goubawm ah dangka leh dangkaeng na khuma;
5ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအား ဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။
5Na pilna thupi mahmah leh na sumsainain sum na hihpunga; na hauh sak jiakin na lungsim a nakisaheitaa;
6သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ် သောကြောင့်၊
6Huaijiakin TOUPA PATHIANIN hichiin a chi a; Pathian lungsim bang pua na ki ngaihtuah jiak in, ngaiin, pautuam mi, nam lauhuai tak na kiang ah ka hon sawl sin ahi:
7ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်၊ သူတို့သည် သင်၏ ပညာဂုဏ်ကို ထားနှင့်ခုတ်၍၊ သင်၏တင့်တယ်ခြင်း အသရေကို ရှုတ်ချကြလိမ့်မည်။
7Na pilna gah kilawm tungah a namsau uh a lek ding ua, na thupina a hihse ding uh.
8သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့် မည်။
8Khuk thuk tak ah a hon sawl lut ding ua, tuipi laia a thahte uh sihin na si ding.
9သင့်အသက်ကို သတ်သော သူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက် ဖြစ်လျက် နှင့်၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။
9Nang honthatmi maah, Pathian ka hi, na chi lailai dia hia? Nang hon liamsakmi khut ah pathian na hi kei a, mihing lel na hizaw.
10အရေးဖျားလှီးခြင်းမခံသော လူသေသကဲ့သို့၊ သင်သည် တကျွန်းတနိုင်ငံသားတို့ လက်ဖြင့်သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
10Pautuam mite khut ah, zeksumlou sih in na siding; ka pau ta ngala, chih TOUPA Pathian thupawt ahi.
11တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
11Huailou leng TOUPA thu ka kiang ah a hongtunga,
12အချင်းလူသား၊ တုရုရှဘုရင်အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ၏။
12Mihing tapa, Tura kumpipa sunna la phuah inla, a kiangah, Hichiin TOUPA PATHIANIN a chi: Hoih buching tak, pilna a dim, kilawmna chiteng:
13ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသော နေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။
13Pathian huan, Eden ah na tenga; suangmantam chitengin na kituama, sardion, topaz suang leh diamond, beril, onik, zasper, saphir, emeraldi, karbankul, aphum kipna leh a gelh kilawmna dangkaenga bawl te, nang siam nia bawlsa te.
14သင်သည် ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ၏။
14Nang chingmi cherub sathau nilh nahi; Pathian tang singthou ah ka honomsaka, mei suangte lakah na vak.
15ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။
15Na hoih buching; siama na omni akipan, nanga diktatlouhna a om ma tengin.
16သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအား ဖြင့်၊ အဓမ္မအမှုတို့နှင့်ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါ ပယ်ရှင်းမည်။
16Na sum sinna a pung hulhul; a hondiksak, hiamgamnain, khelhna ah na napukta hi; Pathian tang akipanin bangmahlouin ka hong paitaa; chingmi cherubin a hon delh khiaa, mei suangte laka kipan.
17သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေ ကြောင့်၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့်၊ သင်၏ပညာသည် ဖေါက်ပြန်လျက်ရှိလေ ပြီ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။
17Na kilawmna jiaka hong kisatheiin, na thupinaa na pilna hihsiain, leiah ka honpala, kumpipate maah mualah ka honphoua-etnop din.
18သင့်အပြစ်သည်များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသော ကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ၊ သင်၏ ပြာကို မြေပေါ်သို့ ငါချထားမည်။
18Na sumsin diktatlouh nate ah, na siatna jiak in, na mun siangthoute na hihbuaha, huaijiak in mei ka khah; na sunga kipan, ahong kang bei, leiah leivui ka hon suaksak; a hon mu sekte tengteng muhin.
19သင့်ကိုသိသောလူ အမျိုးမျိုးတို့သည် သင်၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ နောက်တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။
19Mite laka a hon thei peuhmah lamdangsak, launa na hongsuak ta; na om ngei nawn himhim kei ding, chiin.
20တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
20Huan TOUPA thu ka kiangah a hongtunga,
21အချင်းလူသား၊ သင်သည် ဇိဒုန်မြို့တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
21Mihing tapa, Sidon masuan inla, atung thu genin.
22အရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဇိဒုန်မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကိုခံရသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည်။
22Hichiin TOUPA PATHIANIN a chi: Ka hon nang ahi, aw sidon, ka hihlang ding, ka thupina; nangah TOUPA ka hihdan a thei ding ua, amah ah vai ka hawm hun chiangin, ka ensak mahmah ding, ka siangthouna.
23သင့်အပေါ်သို့ ကာလနာဘေးကို၎င်း၊ သင်၏ လမ်းတို့၌ ထားဘေးကို၎င်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သော ထားဖြင့်သူရဲတို့သည် သင့်အလယ်၌ လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
23A kongzing ah sisan leh hipi ka tungsak ding, a sung ah mi liam a puk ding ua; mun kil Chiha kipan namsauin. Huan, TOUPA ka hi chih a thei ding uh.
24ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၍နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူတတ်သော ဆူးပင်၊ နှောက်ရှက်တတ်သောငြောင့် တစုံတခုမျှ မကုတ်ကြွင်းရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
24Huchiin Israel inkote adin sun ding loulingnei a om nawn kei dinga, akim a amau musitmite lakah hihna ding ling a omta keiding; huan, kei TOUPA PATHIAN ka hi chih a thei ding uh
25တဖန် အရှင်ထာဝရဘုရား၏ မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည်၌သူတို့သည် နေကြလိမ့်မည်။
25Hichiin TOUPA PATHIANIN a chi ahi: Israel inkote a dalhna gam mite laka kipan ka pi khawm nawn hunin Zakob kiangah ka piak, a gam mahmah uah a teng ta ding uh.Huchiin bit takin a om ta ding ua; ahi, inte a lam ding ua; grep huan a bawl ding ua; bit tak in a om ding ua; a kim ua musit mite tengteng tung a vai ka hawmching in kei TOUPA a Pathian uh ka hi chih a thei ding uh, chiin.
26ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ ပတ်လည်၌ နေ၍မထီမဲ့မြင်ပြုသော သူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ၍၊ ငါသည် သူတို့၏ ဘုရားသခင် ထာဝရ ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
26Huchiin bit takin a om ta ding ua; ahi, inte a lam ding ua; grep huan a bawl ding ua; bit tak in a om ding ua; a kim ua musit mite tengteng tung a vai ka hawmching in kei TOUPA a Pathian uh ka hi chih a thei ding uh, chiin.