1ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာ ပြုသော ပြင်တံခါးသို့ ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။
1Huan mun siangthou kongpi ponung jaw, suah lama ngaah a honpi kik nawna, khak a nahi a.
2ထာဝရဘုရားကလည်း၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူ ကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည်။
2Huan TOUPAN ka kiangah, Hiai kongpi a kikhak thek dinga, a kihong kei dinga, kuamah a lut samkei ding uh; TOUPA, Israel Pathian a honglut khit jiakin; a kikhak thek dinga hi.
3မင်းသားအဘို့ဖြစ်၏။ မင်းသားသည် ထာဝရ ဘုရားရှေ့တော်၌ စားသောက်၍ထိုတံခါးဝမှာ ထိုင်ရ လိမ့်မည် မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင် ရလိမ့်မည်ဟု မိန့်တော်မူ၏။
3Lal bel TOUPA maa an ne dingin huailaiah a tu phet dinga; sumtawng kongkhak ah a lut dinga, huaimah ah a pawt nawn ding, a chi a.
4ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍။ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည် ပြပ်ဝပ်လျက်နေ၏။
4Huan mal lam nga kongpi ah inpi intual ah a honpi a; huan, ka ena ngaidih, TOUPA in TOUPA thupinain a dim vek mai maha; huan khupbohin ka pukta hi.
5ထာဝရဘုရားကလည်း၊ အချင်းလူသား၊ စေ့စေ့ ကြည့်ရှု၍ မှတ်လော့။ ထာဝရဘုရား၏ အိမ်တော်အဘို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင် လော့။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့။
5Huan TOUPAN ka kiang ah, Mihing tapa, TOUPA in zatdan leh a dan tengteng na kianga ka gen tungtang ah na bil doh inla, na mit suan inla, na lungsim ah chiamteh hoih dih: a inpi lut dan te, a mun siangthou a kipan pawtdante, na lungsim ah hoihtakin chiamteh in.
6ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့ အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဣသရေလအမျိုးသားတို့၊
6Huan helhat, Israel inkote ngei kiangah hichiin na gen ding ahi: TOUPA PATHIANIN hichiin a chi ahi: Aw, nou Israel inkote aw, na kihhuaina tengteng uh behlap dinga pautuam mi,
7သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့် အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်း ငှါ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံ သောကိုယ်ရှိသော တပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲသော စိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။
7lungtang leh sa zeksum louh, ka tanghoute, thaute na lat lai ua ka mun siangthou, ka in mahmah hihbuah dinga na pilutua, ka thukhun a na tatlek uh, na kihhuaina tengtengte uh na tawpta heh.
8ငါ၏သန့်ရှင်းရာဌာနကို မစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။
8Huan ka thil siangthoute nou na kem kei ua, hiai pautuam mite ka mun siangthou ah nou sik a kemmiin na sep zota uh.
9အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်နေ၍၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသော ကိုယ်ရှိ သောတပါးအမျိုးသားသည် ငါ၏သန့်ရှင်းရာဌာနထဲသို့ မဝင်ရ။
9TOUPA PATHIANIN hichiin a chi ahi: Pautuam mi kuamah, lungtang leh sa zeksumlouh, Israel tate lak a pautuam mi himhim ka mun siangthou ah a lut ding uh a hikei.
10ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွား သောအခါ၊ ငါ့ထံမှထွက်၍လမ်းလွှဲသော လေဝိသားတို့ သည်လည်း ကိုယ်အပြစ်ကို ခံရကြမည်။
10Levi chi, Israelte milim delha a vak mang lai ua kei akipana gamla pia paisaten bel a thulimlouhna uh a po ding uh.
11သို့ရာတွင်၊ ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သော အမှုစောင့်ဖြစ်၍၊ ဗိမာန်တော်၌တံခါးတို့ကို စောင့်လျက်၊ အမှုတော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ရာယဇ် နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကို သတ်၍၊ လူများ ကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည်။
11Ka mun siangthou ah nasemmiin a pang ding ua; inpi kongkhakte a ngak ding ua; inpi sung ah na a sem ding uh: halmang kithoihnate, mipi a dia kithoihnate a gou ding ua; mipi nasep sak ding in a ma uah a ding ding uh.
12သူတို့သည် ရုပ်တုတို့ရှေ့မှာ လူများအမှုကို ဆောင်ရွက်သဖြင့်၊ ဣသရေလအမျိုးထိမိ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့်၊ သူတို့ တဘက်၌ငါကျိန်ဆို၍၊ သူတို့သည် ကိုယ်အပြစ်ကို ခံရ ကြမည်။
12A milimte uh maah a na uh a sep sak dingua; Israelte inkote a din thulimlouhnaa pukna a hih sek nak jiak un a tunguah ka khut ka lik dinga; a thulimlouhna uh a po ngei ding uh, chih TOUPA PATHIAN thu pawt ahi.
13ယဇ်ပုရောဟိတ်လုပ်၍ ငါ့ထံသို့မချဉ်းကပ်ရကြ။ အလွန်သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်းသောအရာတို့ကို မချဉ်းကပ်ရကြ။ ကိုယ်အရှက်ကွဲခြင်း၊ ကိုယ်ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ခံရကြမည်။
13Huchiin ka kiang ah siampu nasem dingin a hon naih ngeikei ding ua; ka thil siangthoute, thil siangthoupente a hong naih ngei samkei ding uh; a zahlakna uh leh a thil kihhuai hih sate uh a po zo ding uh.
14အိမ်တော်ကိုစောင့်၍၊ အိမ်တော်၌ ခပ်သိမ်း သောအမှုတို့ကို ဆောင်ရွက်စေခြင်းငှါ ငါခန့်ထားမည်။
14A inpi kemmite dingin ka bawl dinga, nasepna tengteng leh hih ding om peuhmahte hih dingin.
15ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေ သော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရော ဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှါ ငါ့ထံသို့ ချဉ်းကပ် ကြ၏။ ငါ့အားဆီဥနှင့်အသွေးကို ပူဇော်ခြင်းငှါ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
15Siampu Levi chi, Zadok ta, keia kipana Israel tate a vak mang lai ua ka mun siangthou kemmiten bel ka nasem dingin a hong naih phet ding uh; thau leh sisan lan dingin ka maah a ding ding uh, chih TOUPA PATHIAN thu pawt ahi.
16ထိုသူတို့သည် ငါ၏သန့်ရှင်းရာဌာနထဲသို့ဝင်၍ ငါ့အမှုကိုဆောင်ခြင်းငှါ၊ ငါ့စားပွဲအနားသို့ ချဉ်းကပ်၍ ငါ့အမှုစောင့်ဖြစ်ရကြမည်။
16Ka mun siangthou ah a lut ding ua, na honsep sak ding in ka dohkan a honnaih ding ua, kei honkemmiin a pang ding uh.
17သူတို့သည် အတွင်းတန်တိုင်းတံခါး အတွင်းသို့ ဝင်သောအခါ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည်။ အတွင်း တန်တိုင်းတံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွေးအဝတ်ကို မဝတ်ရကြ။
17Huan, huang sungnungjaw kongpitea a lut un puannaktual malngatin a kithuam ding ua, huang sungnungjaw leh in sung lama na a sep sung un samul puan a silh ding uh ahi kei hi.
18ခေါင်းပေါ်မှာ ပိတ်ဦးထုပ်ကို ဆောင်း၍၊ ခါး၌ ပိတ်ပေါင်းဘီကိုဝတ်ရကြမည်။ ချွေးထွက်စေသော အဝတ်ကို မဝတ်ရကြ။
18Dial malngat a khim dingua, puan malngat pheitom a bun ding ua, khua ul sak thei himhim a silh ding uh ahi kei hi.
19လူများရှိရာ ပြင်တန်တိုင်းသို့ ထွက်သွားသော အခါ၊ အမှုတော်ကို ဆောင်စဉ်တွင် ဝတ်သောအဝတ်ကို ချွတ်၍၊ သန့်ရှင်းသောအခန်းတို့၌ ထားပြီးလျှင်၊ အခြား သောအဝတ်ကိုဝတ်ရကြမည်။ အရင်အဝတ်ကိုဝတ်လျက် လူများတို့ကို မသန့်ရှင်းစေရကြ။
19Huan huangsung ponung jaw, vantang kianga a hong pawt khiak uleh a nasepna puansilhte uh a suah ding ua, dantan siangthou ah a koih ding uh, puansilh dang a silh ding uh; mipite a puansilh ua misiangthoua abawl tei louhna ding un.
20မိမိတို့ဆံပင်ကိုလည်း မရိတ်ရ၊ မရှည်စေခြင်းငှါ ဖြတ်ရမည်။
20A lute uh a met giau ding uh ahi keia; a sam uh leng a hawi sau ding uh ahi sam kei; a met lel ding uh ahi.
21ယဇ်ပုရောဟိတ်သည် အတွင်းတန်တိုင်းထဲသို့ ဝင်သောအခါ စပျစ်ရည်ကိုမသောက်ရ။
21Siampu peuhpeuh huang sungnungzopen a lut chiang un uain a dawn ding uh ahi sam kei.
22မုတ်ဆိုးမနှင့် မစုံဘက်ရ။ လင်ကွာသောမိန်းမ နှင့် မစုံဘက်ရ။ ဣသရေလအမျိုး အပျိုကညာနှင့် သော်၎င်း၊ ယဇ်ပုရောဟိတ်၏မယားဖြစ်ဘူးသော မုတ်ဆိုးမ နှင့်သော်၎င်း စုံဘက်ရမည်။
22Meithai hiam maksa nung hiam jiin a nei ding uh ahi sam kei hi; Israel inkote chi, nungak siangthou hiam siampu sihsan meithai hiam a kitenpih jawk ding uh ahi.
23ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာတို့ကို၎င်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ် သောအရာတို့ကို၎င်း ပိုင်းခြား၍သိစေခြင်းငှါ သွန်သင် ရကြမည်။
23Ka mite thil siangthou leh siangthoulou kibatlouhdan a hilh ding uh ahi; thil siang leh siang lou a khentuam sak ding uhi.
24တရားတွေ့မှုကိုစီရင်လျှင်၊ ငါ၏ဓမ္မသတ် အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ ငါ၏ဥပုသ်နေ့တို့ကို၎င်း စောင့်ရှောက်ရကြမည်။
24Thubuaite leng a ngaihtuah ding uh ahi; ka ngaihtuah bang jelin a ngaihtuah dinguh: Ka ankuanglui sehsa tengteng ah ka dante leh ka dan bawlsate a zuih ding uh ahi; ka khawlnite leng a tan ding uh ahi.
25အသေကောင်ကိုချဉ်း၍ ကိုယ်ကို မညစ်ညူး စေရ။ သို့ရာတွင်၊ ကိုယ်မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မနေသောနှမအတွက် ကိုယ်ကို ညစ်ညူးစေရသော အခွင့်ရှိ၏။
25Amau kihihbuah ding in mi luang a naih ding uh ahi kei; himahleh nu hiam, pa hiam, tanu hiam, tapa hiam unaupa hiam sanggamnu pasal neilou hiam a din a kihihbuah thei ding uh.
26သန့်ရှင်းခြင်းကိုပြုပြီးမှ ခုနစ်ရက်နေရမည်။
26Huan a kisiansak nungin amah adingin ni sagih sim sak nawn ding ahi.
27သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှါ အတွင်းတန်တိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
27Huang sungnungjawa mun siangthoua nasem dinga mun siangthoua a lut niin khelh jiaka kithoihna amah adingin a lan ding ahi, chih TOUPA PATHIAN thu pawt ahi.
28ထိုအရာသည် ယဇ်ပုရောဟိတ်တို့၏ အမွေဥစ္စာ ဖြစ်ရမည်။ ငါသည်သူတို့အမွေဥစ္စာဖြစ်၏။ ဣသရေလ ပြည်၌ သူတို့အားအမွေမြေကို မပေးရ။ ငါသည်သူတို့၏ အမွေမြေဖြစ်၏။
28Goutan bangmah a neikei ding ua; a goutan uh tuh keimah ka hi ding. Israel ah tan bangmah na pe ding uh ahi kei, a tan uh keimah ka hi.
29ပူဇော်သောမုန့်ညက်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည်။ ဣသရေလအမျိုး သား ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည်။
29Nek ding latte, khelh jiak a thil latte, moh jiak a thil latte a ne ding ua; Israel lak a thil siangthou peuhmah amaua ding ahi.
30အဦးသီးသောအသီးအမျိုးမျိုးနှင့်၊ ချီးမြှောက်ရာ ပူဇော်သက္ကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူ ရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကို သက် ရောက်စေခြင်းငှါ၊ အဦးနယ်သော မုန့်စိမ်းကို သူ၌ လှူရမည်။
30Gah masate lak a a hoihpen pente, na thil lat chiteng ua a hoihpen, na thillat tengteng ua siampute ading ahi: na in ua vualjawlna a tam den theihna ding in tangbuang meklom hoihpen siampu kiang ah na pe ding uh ahi.Siamputen sapul a neklouh ding uh ahi. vasa hiam gamsa hiam khut thuak hiam, amah siha si hiam a nek ding uh ahi kei hi.
31ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသော အကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။
31Siamputen sapul a neklouh ding uh ahi. vasa hiam gamsa hiam khut thuak hiam, amah siha si hiam a nek ding uh ahi kei hi.