1ထိုနောက် ဣဇာက်သည် အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟု ခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။
1Huan, hichi ahia, Isaak a hong teka, khomu theilou khopa a mit a hong mialin, a tapa upajaw Esau a sama, a kiangah, ka tapa, achia: huan, aman a kiangah, hiai ah ka om, achia.
2အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သော အခါ သေရမည်ကို ငါမသိ။
2Huan, aman, ngaiin, ka tek mahmaha, ka sih ni ding lah ka theikei a.
3မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊
3Huchiin tuin hehpihtakin na vanzat, na thal bawm leh na thalpeu, tawi inla, va gamvak inla, sakhi hon vamat sakin;
4ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပြောဆို၏။
4Huan, kasih ma a kon vualjawl theihna dingin, ka deihlam takin meh dingin limtakin honbawl sak inla, ka nek ding ka kiangah hontawi in, achia.
5ထိုသို့ ဣဇာက်သည် သားဧသောအား ပြောဆို သောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကို ရအောင်တောသို့ အရှာသွားစဉ်တွင်၊
5Huan, Isaakin a tapa Esau a houpih lai Rebekain a naja a. Huan, Esau sakhi benga honpo dingin a gamvakta hi.
6ရေဗက္ကသည် သားယာကုပ်ကို ခေါ်၍၊
6Huan, Rebekain, a tapa Jakob kiangah, ngaiin, na pan na u Esau kianga thu agen ka ja,
7သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကို ယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကို ဧသောအား ပြောသည်ကို ငါကြား ပြီ။
7Sakhi honpuakin, ka neka, ka sih ma a Toupa ma a kon vualzawlna dingin, meh limtakin honbawl sakin, chiin.
8သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသော စကားကို နားထောင်ပါ လော့။
8Huchiin, ka tapa, tuin kon thupiak bangin ka thu juiin.
9ယခုဆိတ်စုရှိရာသို့ သွား၍၊ ကောင်းသော ဆိတ် သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။
9Gan hon lakah vahoh inla, kelnou nih hoih tak, huai a kipan in, honla in; huchiin huai a deihlam takin na pa adingin meh limtakin ka na bawl ding:
10သင်၏အဘမသေမှီ သင့်ကို ကောင်းကြီးပေး မည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ သင် သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။
10Huan, a sih ma a honvualjawl sak dingin, a nek dingin na pa kiangah na vahohpih ding ahi, chiin, a gen a.
11ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကို ဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွှတ်သောသူ ဖြစ်၏။
11Huan, Jakobin, a nu Rebeka kiangah, ngaiin, ka u Esau mi mulhau ahia, kei bel mi nel ka hi,
12ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်း စမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသော သူဟူ၍ ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်ဟု အမိကိုဆို လေ၏။
12Ka pan a honna jawt vialvial kha dinga, huchiin amah adingin khempa bang ka honghi dinga, vualjawl gentaklouhin hamsiat kizon lel ka hi kei ding maw, achia.
13အမိရေက္ကေကလည်း၊ ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကား ကို နားထောင်၍ ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါဟု ဆိုသည်အတိုင်း၊
13Huan, a nu in, a kiangah, ka tapa, na hamsiat muh ding ka tungah om hen: ka thu jui inla, hon valakin, achia.
14သူသည် သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ၏။
14Huan, a kuana, a vala a, a nu kiangah a honpai piha huchiin, a nu in a pa deihlam takin meh limtakin a bawl hi.
15ထိုအခါ ရေဗက္ကသည် အိမ်တွင် မိမိလက်၌ ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သော အဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကို ဝတ်စေလျက်၊
15Huan, Rebekain a tapa upa Esau puansilh hoihtak, inna a kianga om a la a, a tapa naupang jaw Jakob a silhsak a:
16ဆိတ်သငယ်၏ သားရေကိုလည်းယူ၍ သူ၏ လက်၌၎င်း၊ လည်ပင်ချောသော ဘက်၌၎င်း ဆင်ယင်ပြီး လျှင်၊
16Huan, kelnou vunte leng a khut ah leh a ngawng nelna khawngah a phah a;
17မိမိချက်သော အမဲဟင်းနှင့် မုန့်ကိုသားယာကုပ် လက်၌အပ်ပေး၏။
17Huan, meh limtak leh tanghou a bawlte a tapa Jakob khut ah a pia hi.
18ယာကုပ်လည်း အဘထံသို့ သွား၍၊ အဘဟု ခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား။ သင်သည် အဘယ်သူနည်းဟု မေး၏။
18Huan, amah a pa kiangah a hoha, Pa aw, achia: huan, aman, hiai ah ka om; ka tapa, kua zopen na hia? achia.
19ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီး ဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်းပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်း ကြီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကို စား ပါလော့ဟု ဆိုလေ၏။
19Huan, Jakobin, a pa kiangah, na tapa upajaw Esau ka hi; non sawl bangin ka hihkhinta: hehpihtakin thou inla, non vualjawlna dingin tu inla, ka sakhi sa nein, achia.
20အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်း ဟု သားအားမေးလျှင်၊ အဘ၏ ဘုရားသခင် ထာဝရ ဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသော ကြောင့်၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏။
20Huan, Isaakin, a tapa kiangah, ka tapa, bangchidan ahia, hong man gang na tel chia? A chia.
21ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သား ဧသောမှန်သည် မမှန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်း သပ်စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊
21Huan, Isaakin, Jakob kiangah, ka tapa, hehpihtakin hongnai dih ve, ka honna jawt vialvial ding, ka tapa Esau na hina na ngel hiam, achia.
22ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘ သည် စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကား ဧသော၏လက်ဖြစ်ပေသည်ဟု ဆိုလေ၏။
22Huan, Jakobin a pa Isaak a vanaih a; huan, aman a najawt vialviala, a aw lah Jakob aw hiven, a khut khawng lah Esau khut hiven achia.
23ထိုသို့သူ၏ လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိ သဖြင့်၊ ကောင်းကြီးပေးလေ၏။
23Huchiin, a u Esau khut bangin a khut a mul jiakin amah a theikei hi: huchiin a vualjawlta hi.
24သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့သားဧသော စင်စစ်အမှန်ပင် ဖြစ်သလောဟု မေးပြန်လျင်၊ မှန်ပါ သည်ဟု ဆို၏။
24Huan, ka tapa Esau ngei na hi maw? achia. Huan, aman, hi e, a chi hi.
25အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ငါ့သား၏ အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့ သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကို လည်း ပေး၍ အဘသောက်လေ၏။
25Huan, aman, hontawi naiin, huchiin ka hon vualjawlna dingin ka tapa sakhi sa ka nane ding, achia. Huan, a hontawi naia, a neta a: uain leng a honlaka, huai leng a dawn hi.
26ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကို နမ်းပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘ ကို နမ်းလေ၏။
26Huan, a pa Isaakin, a kiangah, ka tapa, hongnai in, hon tawpin, achia.
27အဘဣဇာက်ကလည်း၊ သူ့အဝတ်၏ အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့် တူ၏။
27Huan, a vanaih a, a tawpa, huan, aman a puansilh gim a ja a, a vualjawl hi, enin, ka tapa gim Toupa vualjawl gam gim bang ahi:
28ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။
28Huchiin, Pathianin van daitui leh, lei hoihna leh, buh tampi leh uain tampi hon pia hen:
29သူတပါးတို့သည် သင်၌ကျွန်ခံ၍၊ အပြည်ပြည် တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌ အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိတ်ဆဲခြင်းကို ခံရကြစေ သတည်း။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ၏။
29Nam tuamtuam ten na nasem u henla, chi tuamtuam ten chibai honbuk uhen: na unaute tungah kumpipain om inla; na nu taten chibai honbuk uhen: honhamsiatte hamsiatin om uhenla, honvualjawl peuhmah vualjawlin om uhen, a chi hi.
30ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်း ကြီးမင်္ဂလာကို ခံ၍၊ အဘထံမှ ထွက်သွားသော ခဏခြင်း တွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှ ရောက်လာ၏။
30Huan, hichi ahia, Isaak in Jakob a vualjawl zoh takin, Jakob a pa Isaak kianga kipan a pawt khe man lela, a u Esau sabeng a hong tunga.
31သူသည်လည်း အမဲဟင်းလျာကို ချက်၍ အဘ ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်း၊ သား၏ အမဲသားကို ထ၍စားပါလော့ဟုဆိုလေ၏။
31Huan, aman leng mehlim takin a bawla, a pa kiangah, Pa, thou inla, non vualjawlna dingin na tapa sakhi sa nein, achia.
32အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင်၊ အကျွန်ုပ်ကား သားအကြီး ဧသော ဖြစ်ပါ၏ဟု ဆိုလေသော်၊ အဘဣဇာက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊
32Huan, a pa Isaakin, a kiangah, kua na hia? Achia. Huan, aman, na tapa, na tapa upajaw, Esau ka hi, achia.
33အမဲသားကိုရ၍၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသော သူသည် အဘယ်မှာ ရှိသနည်း။ သင်မရောက်မှီ ငါသည် အကုန်အစင်စားပြီး၍၊ သူ့ကို ကောင်းကြီးပေးမိပြီ။ သူ သည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။
33Huchiin Isaak nakpiin a ling zungzunga, sakhi man, ka kianga a sa hontawi, na hongtun ma a ka nanek khit veka, ka vualjawlpa kua ahia? Ahi, amah vualjawlin a omta himhim ding achia.
34အဘဆိုသော စကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊
34Esauin a pa thugen a jakin nakpi tak leh khase mahmahin a kapta a, a pa kiangah, pa aw, kei, kei leng honvualjawl mahmah ve aw, achi hi.
35အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။
35Huan, aman, na nauin a hong khema, nang vualjawlna a honlaksakta hi, achia.
36ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသော အမည်ဖြင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍ နိုင်ပါပြီ။ သားဦးအရိပ် အရာကို အရင်ယူသွားပါပြီ။ ယခုလည်း တဖန် အကျွန်ုပ် ၏ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီဟူ၍၎င်း၊ အကျွန်ုပ် အဘို့ ကောင်းကြီးမင်္ဂလာတပါးကိုမျှ မခြွင်းပါသလော ဟူ၍၎င်း ဆိုလေ၏။
36Huan, aman, a min dia Jakob a chih uh dik mahmah hi lou hia? Nihvei a honsuanta; ka ta masa hihna a honlaksaka; huan, ngaiin, tuin kei vualjawlna a honlaksak nawnta hi, a chi a. Huan, amah mahin, vualjawlna kei dia honsit saklou maw? a chi a.
37ဣဇာက်ကလည်း၊ သူ့ကို သင်၏အရှင်ဖြစ် စေပြီ။ ညီအစ်ကိုအပေါင်းတို့ကို သူ၌ကျွန်ခံစေပြီ။ ဆန်စပါး၊ စပျစ်ရည်နှင့်သူ့ကို ထောက်မပြီး။ သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု၊ ဧသော အား ပြန်ပြောလျှင်၊
37Huan, Isaakin a dawnga, Esau kiangah, Ngaiin, amah na kumpipain ka bawla, a unau tengteng leng a sikha dingin ka pe veka, buh leh uain leng ka vakta; nang a din, ka tapa, bang honhihsak ding ka hia? a chi a.
38ဧသောက၊ အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှ မရှိပါသလော၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလောဟု အဘအား ပြောဆိုလျက်၊ တဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။
38Huan, Esauin, a pa kiangah, Pa, vualjawlna khat kia ahi maw na neih? Pa aw, kei leng honvualjawl mahmah ve, achia.
39အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏ နေရာသည် မြေကြီး၏ဆီဥနှင့်၎င်း၊ အထက်မိုယ်း ကောင်းကင်၏နှင်းနှင့်၎င်း ပြည့်စုံလိမ့်မည်။
39Huan, Esau ngaihtakin a kapta, huan, a pa Isaakin a dawnga, a kiangah, ngaiin, na omna ding lei hoihna tak leh, tunglama kipana van daitui kiakna ah ahi, na om ding;
40ထားဖြင့် အသက်ကိုမွေးရလိမ့်မည်။ ညီ၌ ကျွန် ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင် သောထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
40Na namsauin ahi, na hin ding, na nau na leng na sem ding; huan, hichi a dinga, na kitutkhiak hun chiangin a hakkol na ngawnga kipanin na singkhe ta ding, a chi a.
41အဘသည် ယာကုပ်အား ပေးသော ကောင်းကြီး မင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကို အငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလ အချိန် နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်ဟု၊ အကြံနှင့် ပြောလေ၏။
41Huan, Pa in a vualjawl jiak in Esauin Jakob a mudah a: huan, Esauin a lungsim in, ka pa sunni ding a nai ta a, huai hun chiangin ka nau Jakob ka that mai ding, a chi a.
42ထိုသို့သားကြီး ဧသောပြောသောစကားကို အမိ အရဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏ အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌ စိတ်ပြေလိမ့်မည်။
42Huan, atapa upa jaw Esau thugen Rebeka kiangah a hilh ua; huchiin, mi a sawla, atapa naupang jaw Jakob a sama, a kiangah, ngaiin, na u Esau in na tungthu ah, nangmah honhihlup tumin ka kinem ahi.
43ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန် နေရာခါရန်မြို့သို့ ထ၍ ပြေးသွား ပါလော့။
43Huchiin, ka tapa tu in ka thumangin; thou inla, Haran khua a ka sanggampa Laban kiangah taimangin;
44သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍ နေပါလော့။
44Na u hehna a daih mateng a kiangah ni bangjah hiam va om phot in:
45သင်၏အစ်ကို စိတ်ပြေ၍၊ သင်သည် သူ၌ ပြုသောအမှုကို သူမေ့လျော့သောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက် လုံးကို တနေ့ခြင်းတွင် အဘယ်ကြောင့် ငါရှုံးရမည်နည်း ဟု ဆိုလေ၏။
45Na u hehna na tunga adaih a, a tunga na thilhih a mangngilh ma teng: Huan, adaih a, a mangngilh chiangin mi ka sawldinga, huai a kipan ka hong pi khesak ding: bang dingin ni khat a na nih ua hon tan ding ka hia? a chi a.Huan, Rebeka in, Isaak kiangah, Heth tanu te jiakin hin ka chimtak mahmah: Jakobin, hiai gam nungak, hiai Heth tanu te laka te bang, ji dia a neih nawn ngial le jaw, kei dingin hin bang a phatuam dia? A chi a.
46တဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသ အမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင်၊ ကျွန်မ အသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။
46Huan, Rebeka in, Isaak kiangah, Heth tanu te jiakin hin ka chimtak mahmah: Jakobin, hiai gam nungak, hiai Heth tanu te laka te bang, ji dia a neih nawn ngial le jaw, kei dingin hin bang a phatuam dia? A chi a.