1သင်တို့ ညီအစ်ကိုများကို ငါ၏လူဟူ၍၎င်း၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ်ကြလော့။
1Na unaute uh, Ammi kiangah gen un; na sanggamnute uh, Ruhama kiangah.
2သင်တို့အမိနှင့် ဆွေးနွှေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွှေးကြလော့။ ပြည်တန်ဆာမျက်နှာကို ပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။
2Na nu uh genpih un, genpih un; ka ji ahi keia, amah pasal lah ka hi sam kei hi; a maitang akipan a kijuaknate leh a nawite kikal akipan a angkawmna te koih mang heh;
3မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဘွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။
3Huchilouinjaw, vuaktangin ka omsakin, a pianni bangin ka koihin, gamdai bangin ka bawlin, gam keu bangin ka koihin, dangtaknain a mah ka hihlum kha ding hi;
4သူ၏သားသမီးတို့သည် သူမျောက်မထား၍ ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနား မစုံမက်ဘဲ နေမည်။
4A hi, a tate tungah chitna ka neikei dinga; kijuak tate a hih ding jiak un.
5သူတို့အမိသည် ပြည်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွှေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။
5A nu uh kijuak a hih jiakin; amaute painun zumhuaitakin a hihta hi; Ka tanghou leh ka tui, ka samul leh ka pat, ka sathau leh ka dawn ding honpia, ka itte ka delh ding a chih jiakin.
6သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှါ သူ့ပတ်လည်၌ ကျောက်ရိုးကို လည်း တည်မည်။
6Huaijiakin, ngaiin, lingin na lampi ka daikaih khum dia, amah nanna ding in dai ka kai dia, huchiin a lampite a mu kei ding.
7သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ၊ လင်ဟောင်းထံ သို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာသာ၍ ကောင်းသည်ဟု ဆိုလိမ့်မည်။
7Huchiiin a itte nungah a jui dinga, himahleh a pha kei ding; huan amau a zong dinga, himahleh a mu kei ding; huan, Ka pai dia ka pasal masapen kiangah ka kik ding; huaichiangin tu sangin kei dingin a hoihzo ding, a chi ding hi.
8ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။
8A buhlehbal, uain, sathau ka piak leh, a dangka leh a dangkaeng, Baal adia a zat uh, ka hihpungsak chih a theih louh jiakin.
9သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို၎င်း ငါသိမ်း ယူမည်။
9Huaijiakin ka buhlehbal a lak hunin ka la nawn ding, ka uain a hunin, a vuaktanna khuhna ding ka samul leh ka pat ka bot khe ding.
10ယခုပင် သူ၏ ရည်းစားများရှေ့၌ သူ့အဝတ်ကို ငါလှစ်လှန်၍ အရှက်ခွဲမည်။ ငါ့လက်မှ အဘယ်သူမျှ သူ့ကိုမနှုတ်ရ။
10Huchiin tuin amah itte muhin a zahlakna ka mukhe ding a, ka khut a kopan kuamahin amah a tankhe kei ding uh.
11သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။
11A vualnopna tengteng ka tawpsak dinga, a ankuanluite, a kha thakte, a khawlnite, leh a kikhawmpi kulmut tengteng
12ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။
12Hiaite ka kipahman ka itten kei a honpiak uh ahi, a chihna, a grep guite leh a theipi kungte ka suse vek ding huchiin gammangin ka bawl dinga, gamsaten huaite a ne ding uh.
13ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့၍ ဗာလဘုရား တို့ လက်ထက်၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
13Huan Baalim ni, huaitea gimlim a hal nite amah tungah ka kan dinga; a bilbahte leh a suangmantamtea kijema, a it a zuiha, kei a hon mangngilh jiakin, TOUPAN a chi.
14သို့ရာတွင်၊ သူ့ကို တဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။
14Huaijiakin, ngaiin, amah ka hip ding a, gamdai ah ka tonpih dinga, a kiangah lungmuanhuaitakin thu ka gen ding hi.
15တောတဘက်၌ စပျစ်ဥယျာဉ်တို့ကို၎င်း၊ အာ ခေါ်ချိုင့်၌မြော်လင့်ရာတံခါးကို၎င်း၊ အာခေါ်ချိုင့်၌ မြော်လင့်ရာတံခါးကို၎င်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။
15Huan huai akipanin a grephuangte amah ka pe dinga, lametna kongkhak dingin Akor guam; huan a tuilai nite bangin, Aigupta gam akipana a hongpawt khiak lai ni bangin huailaiah aman la a sa ding.
16ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ် ရမည်။
16Huai ni chiangin hichi ahi dinga, aIsi na honchita dia; Baali non chi nawnta kei ding, TOUPAN a chi.
17အခြားတပါးသော သခင်တို့၏ ဘွဲ့နာမများကို သူ၏ နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက် တဖန် မမှတ်မိမမြွက်ဆိုရ။
17A kam akipan Baalim minte ka lamangta dinga, a min un genkhiak a hih nawntak louh ding jiak un.
18ထိုကာလ၌ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုဃ်းကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့၍၊ လေး၊ ထား၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။
18Huai ni chiangin, gamsate toh, van vasate toh, leia bokvaka pai thilte toh amau adingin thukhun ka bawl ding; thalpeu leh namsau leh kidouna gam akipan ka hihmangta dinga, galmuangtakin amaute ka kualsakta ding hi.
19ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည်။
19Huan, kei dingin khantawnin nang ka honkhamta ding; ahi, diktatna leh, vaihawmna leh, itna siamna leh chitnain keia dingin nang ka honkham ding hi.
20သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။
20Ginomnain keia dingin ka honkham hial dinga; huan TOUPA na thei ding hi.
21ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် နားထောင်မည်။ မိုဃ်းကောင်းကင်စကားကို နားထောင်၍၊ သူသည် မြေကြီးစကားကို နားထောင်မည်။
21Huan huai ni chiangin hichi a honghi dinga, Ka dawng ding, vante ka dawn dinga, amau lei a dawng ding uh, TOUPAN a chi.
22မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ ၏ စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည်။
22Huan leiin buhlehbal leh, uain leh, sathau a dawng ding a, huan amau Jezreel a dawng ding uh.Huan lei ah kei din amah ka tuh dinga; chitna tanglounu tungah chitna ka nei ding; ka mite hiloute kiangah, Ka mite na hi, ka chi dinga; huan amau, Ka Pathian na hi, hon chi ding uhi.
23ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဘို့ ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။
23Huan lei ah kei din amah ka tuh dinga; chitna tanglounu tungah chitna ka nei ding; ka mite hiloute kiangah, Ka mite na hi, ka chi dinga; huan amau, Ka Pathian na hi, hon chi ding uhi.