1ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊
1Amoz tapa Isaiin Judate kumpipa Uzzia te, Jothamte, Ahaz te, Hezekia te lal laia, Judate leh Jerusalem tugtang thu-a kilakna a muh thu.
2ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ။
2Vante aw, ngaikhia unla, lei aw, bil doh in, TOUPAN thu a gen hi: Tapate ka khoia ka khanglian saka, ka tungah lah a hel ngal ua.
3နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်သော် လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။
3Bawngtalin a neitu a theia, sabengtungin leng a pu anpiakna a thei: Israelten bel a theikei uh, ka miten a ngaihtuah kei uh, chiin.
4ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက် သော လူစု၊ မတရားသဖြင့်ပြုသောအနွှယ်၊ ဖောက်ပြန် သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေ ပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွားသွားကြပြီ။
4Ah! nam gilou thulimlouhna gikpi pua mite, chi thil hoihlou hihte, ta hoihlou pi-a gamta sekte ahi ua: TOUPA a paisan ua, Israelte Mi Siangthou a musit ua, kihihtuamin a nungtolhta uh.
5သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်း မရှိ။
5Bang achia hel sansana, vuaka om lailai na hi ua oi? Lutang a pumin a chi a naa, lungtang leng a pumin a gimta.
6ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဘယောင်းဆီးနှင့် မပြော့ စေရသေး။
6Khepek nuaia kipana lutang phain damlai himhim a om kei; chikeh, vuak sidup ek, meima nai la ngen ahi: huaite lah a mek bing kei ua, tuam leng a tuam sam kei ua, sathau leng a nuh kei uh.
7သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီလောင်ပြီ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။
7Na gam uh loihin a omkhita; na khuate uh meiin a kangkhinta: na gam uh gam dang miten na mitmuh un a neikhin ua, gam dang mite hihsiat bangin a sekhinta.
8ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်ထဲ ၌ တဲကဲ့သို့၎င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့၎င်း ကျန်ရစ်လေ၏။
8Zion tanu tuh grep huana vennabuk bang leh, tangmai huana buk bang leh, khopi um suak banga nutsiatin a omta.
9ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့ ၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
9Sepaihte TOUPAN hihmanthat bang tawmchik honna sit sakta lou hileh Sodom bangin i omkhin thamta ding ua, Gamorra bangin i omkhinta ding uhi.
10သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရား တော်ကို နားထောင်ကြလော့။
10Sodom vaihawmte aw, TOUPA thu ja un; Gomorra mite aw, i Pathian dan thu-ah bil doh un.
11ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။
11TOUPAN, Huzahzaha na kithoihna uh kei dinga bang ahia a thamatna om? Belamtal haltuma latte leh gan vakthaute thauin a honnimta; bawngpate leh belam noute leh kelpate sisan ah leng ka kipak kei, a chi.
12သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။
12Ka maa kilan dinga na hongpai un, ka biakin huangsuang intual sik kuan a honphuta?
13အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။
13Thilpiak bangmahloute hontawi nawn kei un; banghiam gimlim kei adingin thil kihhuaipi ahi; kha thakte, khawlnite, khawmpite na kichial khawmte mawkmawk uh ka iplah mahmah; thulimlouhna ahi, kikhopna thupitak leng.
14ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။
14Na kha thakte uleh hunbi neia na ankuangluinate uh ka lungsimin a hua hi: kei adin tunggikna ahi; ka thuak chimta hi.
15သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ၏။
15Huchiin na khut uh na jak chiang un leng ka mit kon humsan dia: ahi, tamveipi na thum chiang un leng ka ngaikhe kei ding: na khutte ulah sisanin a dim ngal a.
16ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ်စေကြလော့။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။
16Kisil unla, kihihsiang un; ka mitmuh phaklouh din na thilhihte uh a gitouhna koih mang un; gilou hih tawpta uh:
17ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့။ ကောင်းသောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မှုဆိုးမတို့၏အမှု ကို စောင့်ကြလော့။
17Thil hoih hih kisinta unla; vaihawmna diktat zong un, nuaisiahna thuakte panpih unla, pa neiloute vaihawm sak unla, meithai thu gensak un, a chi hi.
18ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
18TOUPAN, Hongpai un, ngaihtuah khawm dih ve ni! Na khelhnate uh san au bangin aom mahleh, vuk bangin a ngou ding; san dup bangin san khin mahleh belam mul bangin a om ding.
19သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီး အနှံကို စားရကြလိမ့်မည်။
19Gennoptak leh thumanga na om uleh, na gam thil hoihte uh na ne ding uh:
20သို့မဟုတ်လျှင်၊ ငြင်းဆန်ပုန်ကန်လျှင် ထား လက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ် တော်ထွက်အမိန့်တော်ရှိ၏။
20Ahihhangin na ut kei ua na hel uleh, namsau nekkhitin na om ding uh: TOUPA kamin huai thu a genta hi, a chi a.
21သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်း နှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာ ကျကြ၏။
21Bangchidan ahia khopi muanhuaitak kijuak a hongsuah maimah, vaihawm diktatnaa dimnu hi sek hi a! amahah diktatna a om seka, tun lah tualthatmite!
22သင်၏ ငွေသည်လည်းချော် ဖြစ်လေပြီ။ သင်၏ စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏။
22Na dangka eksia a honghita, na uain lah tui toh hel a hita.
23သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုး လက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ။
23Na mi liante mihel hat, guta te pawmte ahi uh; mi chihin golhna a deih ua, thilpiak a delh nak uhi: pa neiloute a hawmsak sek kei ua, meithaite makhua khualna leng a kiang uh a tung ngei sam kei hi.
24ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
24Huaijiakin, TOUPA, Sepaihte TOUPA, Israelte Mi Hatin hichiin a chi! A! hondoute tungah ka hehna ka tangtungsak dia, ka melmate tungah phu ka la ding:
25သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့်ရှင်း ရှင်း ကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။
25Huan, na tungah ka khut ka kha dinga, na eksia siang sipsipin ka hihmang ding, na sikgawm tengteng ka la mang vek ding:
26သင်၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ် တို့ကို ရှေ့ဦးစွာခန့်ထားသည် နည်းတူ၊ တဖန်ငါခန့်ထား ဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။
26Huan, na sung vaihawmtute a tunga a om bang un ka omsak nawn dinga, na sunga lemtheimite a masapena a om bang un ka omsak lai ding hi: Huai khitchiangin, Diktatna khopi, khopi muanhuai, a honchi ding uhi.
27ဇိအုန်မြို့သည် တရားအားဖြင့်၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ်သောအာဖြင့်၎င်း၊ ရွေးနှုတ်ခြင်း ကို ခံရကြလိမ့်မည်။
27Zion tun vaihawmna diktata hotkhiak a hita dinga, a sunga mi piangthak nawnte leng diktatnaa hotkhiak ahi ding uhi.
28လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့ အတူရောက်၍၊ ထာဝရဘုရားကို စွန့်သော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
28Ahihhangin mihelte leh mikhialte hihsiatna a kituakin a om dinga, TOUPA paisanmite leng hihanin a om ding uh.
29သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင်တို့ ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။
29Na tosaw deihmahmahte uh a zumpihta ding ua, na huan telte ujiakin zakta takin na om sin uhi.
30အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့၎င်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
30Tosaw a nah kaite leh huan tui mu lou bang phet lah na hi sin ngal ua, Huan, mi hat tak zija jial bang a hita dinga, a nasep meiek bang ahi ding; huchiin a kang tuaktuak ding ua, kuamahin a phelh kei ding uh, chiin.Huan, mi hat tak zija jial bang a hita dinga, a nasep meiek bang ahi ding; huchiin a kang tuaktuak ding ua; kuamahin a phelh kei ding uh, chiin.
31ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်းကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ။
31Huan, mi hat tak zija jial bang a hita dinga, a nasep meiek bang ahi ding; huchiin a kang tuaktuak ding ua; kuamahin a phelh kei ding uh, chiin.