1ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိ နေရာမှ ရွေ့သွား၏။
1Hiaiah leng ka lungtang a linga, a mun akipan suanin a om hi.
2မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက် သောအသံကို စေ့စေ့နားထောင်ကြလော့။
2A awging leh a kam akipana ging paikhia nouten ngaikhia un.
3မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။
3Van pumpi nuaiah huai tuh a sawlkhiaa, huan a khophia lei tawpnate tannin.
4လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။
4Huai zohin aw a kikoua; a lalna awin vanpi a gingsaka: huan a aw jaka a om chiangin amau a len kei.
5အံ့ဩဘွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ၏။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။
5Pathianin a awin lamdangtakin vanpi a gingsaka; I theih theihlouh, thil thupite a hih jel hi.
6မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။
6Aman lah vuk kiangah, Lei ah kiain, a chi ngala; huchi mahbangin vuah malphin kiangah leng.
7ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ၏။
7Mi chiteng khut a tuambita; huchia a bawlsa mite tengtengin huai a theihtheihna ding un.
8ထိုအခါသားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။
8Huailaiin gamsate a mun uah a lut ua, huan a kuate uah a om nilouh uh.
9လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်း သည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။
9Simlam dantan akipan huihpi a honga: mallam akipan khovot.
10ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။
10Pathian huin tuikhal piak ahi: huan tuite nakna hihhaksatin a om.
11မိုဃ်းတိမ်မှမိုဃ်းရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့် စေတော်မူ၏။
11A hi, meipi nawnna a posaka; a khophia meipi a phalhsak hi:
12လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။
12Huan amah piin a kivial heihei ua, tentheihna khovel maikaih tunga amaute thu a piak peuhmah a hihna ding un: S
13ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။
13Bawlhoihna ding hiam, a gam ading hiam, ahihkeileh chitna ding hiama, a hon paisakna ah.
14အိုယောဘ၊ ဤစကားကိုနားထောင်လော့။ ဘုရားသခင်၏ အံ့ဘွယ်သောအမှုတော်တို့ကို ငြိမ်သက် စွာနေ၍ ဆင်ခြင်လော့။
14Hiai ngaikhiain, Aw Job: Ding kinken inla, Pathian thilhih lamdangte ngaihtuah in.
15ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
15Amaute tunga Pathianin a thupiak a koiha, a meipi khophia a tansak dan na thei hia?
16ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
16Meipite kibukdiknate, amah theihna hoihkim thilhih lamdangte na thei hia?
17မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။
17Sim huih jiaka lei a daih sisip laia, na puansilhte a lum dan?
18သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
18Amah toh van, suntawm limlang banga khauh, na phalh thei hia?
19ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။
19A kianga ka gen ding uh hon sinsak in; mialna jiakin lah ka thugen ding uh ka gelkhol theikei ua.
20ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
20Thu ka gen ding chih amah hilh ding a diam? ahihkeileh mihingin valh khita om ut ding a diam?
21လေသည် လာ၍မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။
21Huchiin miten vantea om vak khovak a mu kei ua: himahleh huih a nunga, amaute a hihsiang hi.
22မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ၏။
22Mal akipanin dangkaenga thupi a hongpaia: Pathianin lalna kihtakhuai a tungah a nei hi.
23အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
23Thil bangkim hihthei thu ahihleh, mu theikei hang: thilhihtheihna ah a thupi pet mah hi: Huan vaihawmna leh dikna hauhna ah gim a thuaksak kei ding hi.Huaijiakin miten amah a lau ua: lungtanga pil kuamahmah a limsak kei hi.
24သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။
24Huaijiakin miten amah a lau ua: lungtanga pil kuamahmah a limsak kei hi.