Myanmar

Paite

Joshua

12

1ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန် မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
1Hiaite ahi uh huai gam kumpipa, Israel suanten a hihman ua, a gam uh Jordan lui gal, ni suahnalam gam, Arnon guam akipan Hermon tang tan, suah lampanga Araba tengteng toh a neihsak uh kumpipate:
2အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည်တဝက်မှစ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်၎င်း၊
2Hiai Amorte kumpipa sihon, Hesbona omin Arnon guam panga om Aroer khua akipanin vai a hawma, huan, guam lai taka khopi te, Amon suante gamgi Jabok lui phain Gilead gam kimkhat tungah vai a hawma;
3အရှေ့မျက်နှာ၌ လွင်ပြင်မှစ၍ ဂင်္နေသရက် အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါ မြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်၎င်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်တပါး၊
3Huan, Suahlam ah Araba ah Kineroth dil tanin ahi a; huan, suahlam ah mah Beth-jeshimoth hohna lampi lamah Araba tuipi, Tuipi AI tanin ahi a; huan, simlamah Pisga tang kham nuai, phain ahia:
4ဟေရမုန်တောင်နှင့် သာလကပြည်ကို၎င်း၊
4Huan, Astaroth leh Edrei khuaa om Rephaim nam omsunte lakah Basan kumpipa Ogin vai a hawma:
5ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊
5Amah Hermon tang ah te, Salka khua ah te leh Basan tengtengah Gesurte lah Maakatte gamgi pha leh Hesbon kumpipa Sihon gamgi chiang Gilead gam kimkhat phain vai a hawm hi.
6ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ၏။
6TOUPA sikha Mosi leh Israel suanten huaite a that ua: huan, TOUPA sikha Mosiin Reuben chite, Gad chite, Manassi nam kimkhatte a gouluah ding un a hawm hi.
7ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊
7Huan, hiai gam Kumpipate ahi Josua leh Israel suanten Jordan lui gal tumlam panga a thahte uh, Lebanon guam Baal-gad akipana Seir tang sun tou Halak tang phain; huan, Josuain Israel namte a kikhen dan bang jel un huai gam a gouluah ding un a pe chiate;
8စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
8Tang gamah te, phai gamah te, Araba ah te, tang kham gamah te, gamdai gamah te sim gamah te; huaite bel Hit mite, Amor mite, Kanan mite, Pariz mite, hiv mite, Jebus mite gamahi.
9ယေရိခေါမင်းကြီးတပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတပါး၊
9Hriko Kho Kumpipa, khat, Bethel kho sika Ai kho kumpipa, khat;
10ယေရုရှလင်မင်းကြီးတပါး၊ ဟေဗြုန်မင်းကြီး တပါး၊
10Jerusalem kho kumpipa, khat, Hebron kho kumpipa, khat;
11ယာမုတ်မင်းကြီးတပါး၊ လာခိရှမင်းကြီးတပါး၊
11Jarmuth kho kumpipa, khat, Lakis kho kumpipa, khat;
12ဧဂလုန်မင်းကြီးတပါး၊ ဂေဇာမင်းကြီးတပါး၊
12Eglon kho kumpipa, khat, Gezer kho kumpipa, khat;
13ဒေဗိရမင်းကြီးတပါး၊ ဂေဒါမင်းကြီးတပါး၊
13Debir kho kumpipa, khat, Geder kho kumpipa, khat;
14ဟောမာမင်းကြီးတပါး၊ အာရဒ်မင်းကြီးတပါး၊
14Horma kho kumpipa, khat, Arad kho kumpipa, khat;
15လိဗနမင်းကြီးတပါး၊ အဒုလံမင်းကြီးတပါး၊
15Libna kho kumpipa, khat, Adulam kho kumpipa, khat;
16မက္ကဒါမင်းကြီးတပါး၊ ဗေသလမင်းကြီးတပါး၊
16Makeda kho kumpipa, khat, Bethel kho kumpipa, khat;
17တာပွါမင်းကြီးတပါး၊ ဟေဖါမင်းကြီးတပါး၊
17Tapua kho kumpipa, khat, Hepher kho kumpipa, khat;
18အာဖက်မင်းကြီးတပါး၊ လာရှရုန်မင်းကြီးတပါး၊
18Aphek kho kumpipa, khat, Lasaron kho kumpipa, khat;
19မာဒုန်မင်းကြီးတပါး၊ ဟာဇော်မင်းကြီးတပါး၊
19Madon kho kumpipa, khat, Hazor kho kumpipa, khat;
20ရှိမရုန်မင်းကြီးတပါး၊ အာခရှပ်မင်းကြီးတပါး၊
20Simron-meron kho kumpipa, khat, Aksaph kho kumpipa, khat;
21တာနက်မင်းကြီးတပါး၊ မေဂိဒ္ဒေါမင်းကြီးတပါး၊
21Taanak kho kumpipa, khat, Magido kho kumpipa, khat;
22ကေဒေရှမင်းကြီးတပါး၊ ကရမေလတောင်ပေါ် မှာ ယောကနမ်မင်းကြီးတပါး၊
22Kedes kho kumpipa, khat, Karmel tanga Jokneam kho kumpipa, khat;
23ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတပါး၊ ဂိလဂါ လပြည်မှာ ဂေါအိမ်မင်းကြီးတပါး၊
23Dor kho zousanga Dork kho kumpipa, khat Gilgala Goimnamte kumpipa, khat.Tirza kho kumpipa, khat; kumpipa tengteng sawmthum leh khat ahi uh.
24တိရဇမင်းကြီးတပါး၊ မင်းကြီးပေါင်း သုံးဆယ် တပါးတည်း။
24Tirza kho kumpipa, khat; kumpipa tengteng sawmthum leh khat ahi uh.