Myanmar

Paite

Joshua

21

1လေဝိသား အဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပု ရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုး တို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ်၍၊
1Huchiin Levi chi inkuana intekpente siampu Eleazar kiangah leh Nun tapa Josua kiangah leh Israel suante nam inkuana intekpente kiangah a vahoh ua;
2အကျွန်ုပ်တို့ နေစရာဘို့ မြို့တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှါ ထာဝရဘုရား သည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊
2Kanan gama Silo khua ah, TOUPAN Mosi zangin ka omna ding uh khopite, ka gan uh tatna ding a kim a vel toh non piak ding uh thu a napeta hi, chiin a gen ua.
3ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသော မြေထဲ က၊ မြို့နှင့် မြို့နယ်တို့ကို ပေးကြ၏။
3Huchiin Israel suanten TOUPA thupiak bangin a tantuam ua kipan huai khopite a kim a vel toh Levi chite a pia uh.
4စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။
4Huan, aisan tuh Kohath mite nam tungah a puktaa: huchiin siampu Aron suan Levi chia miten Juda nam tantuam akipan, Simeon mite nam tantuam akipan, Benjamin nam tantuam akipan khopi sawm leh thum aisanin a tang sam uhi.
5ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ၏။
5Huan, Kohath suan dangten Ephraim nam suan te tantuam akipan, Dan nam tantuam akipan, Manassi nam kimkhat tantuam akipan khopi sawm aisanin a tang sam ta uhi.
6ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။
6Huan, Gerson suanten Isakar nam suante tantuam akipan, Aser nam tantuam akipan, Naphtali nam tantuam akipan, Basan gama Manassi nam kimkhatte tantuam akipan, khopi sawm leh thum aisanin a tang sam uh.
7မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကို ရကြ၏။
7Merari suanten a inkuan uh dungjui jelin Reuben nam tantuam akipan, Gad nam tantuam akipan, Zebulun nam tantuam akipan khopi sawm leh nih a tang sam uh.
8ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ၏။
8Huan, Israel suanten TOUPAN Mosi zanga thu a piak bangin Levi mite khopite leh a kim a vel aisanin a pia uh.
9ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊
9Huan, Juda suante nam tantuam akipan, Simeon suante nam tantuam akipan a pia ua; hiai khopi a minlohte:
10အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊
10Huaite tuh Levi suan, Kohat pawl namte, Aron suan pawl ading ahi: aisan lah amau tungah a ke masapen namah a.
11ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူ သော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
11Huan, Judia singtang gama Kiriath-arba khua a kim a vel toh a pia ua, huai Arba bel Anak pa ahi a, (huai bel Hebron a hi).
12သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများ တို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။
12Khopi kimvelte leh a khopelte bel Jephuni tapa Kaleb tantuam dingin a pia uh.
13လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန်၏သားမြေးတို့အား ပေးကြ၏။
13Huan, siampu Aron suante Hebron, mi thatmite kihumbitna khopi a kim a vel khawng toh, Libna khua a kim a vel khawng toh;
14ထိုမှတပါး၊ လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊
14Jatir khua a kim a velte toh, Astemoa khua akim a velte toh;
15ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊
15Holon khua a kim a velte toh, Debir khua a kim a velte toh;
16အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင် ထဲက ကိုးမြို့တို့ကို၎င်း၊
16Ain khua a kim a velte toh, Juta khua a kim a velte toh; Beth-semes khua a kim a velte toh; huai nam nihte tantuam akipan khopi kuate a pia uh.
17ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊
17Huan, Benjamin nam tantuam akipan Gibeon khua a kim a velte toh, Geba khua a kim a velte toh;
18အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
18Amahoth khua a kim a velte toh, Almon khua a kim a velte toh; khopi li a pe lai uh.
19အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသော မြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။
19Aron suan, siampute khopi tengteng khopi sawm leh thum ahi, a kim a velte toh.
20ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ် သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲ က ရသည်အတိုင်း၊
20Huan, Kohath suante inkuan, Levi pawl, Kohath suan dangten leng a tantuam khopite uh Ephraim nam tantuam akipanin ahi a tan uh.
21လူအသက်ကို သတ်မိသောသူမှီခိုရာမြို့ ဖြစ်စေ ခြင်းငှါ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
21Huan, mi thatmite khihumbitna khopi Ephraim singtang gama Sekem a kim a velte toh, Gezer khua a kim a velte toh,
22ထိုမှတပါး ဂေဇာမြို့နှင့်မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေး မြို့တို့ကို၎င်း၊
22Kibzaim khua a kim a velte toh, Beth-horon khua a kim a velte toh; khopi li a pia uh.
23ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗိ သုန်မြို့နှင့် မြို့နယ်၊
23Huan, Dan nam tantuam akipan Elteke khua a kim a velte toh, Gibethon khua a kim a velte toh;
24အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
24Aijalon khua a kim a kim a velte toh, Gathrimon khua a kim a velte toh, khopi li.
25မနာရှေခရိုင်ဝက်ထဲက တာနက်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း ပေးကြ၏။
25Huan, Manassi nam kimkhatte tantuam akipan Taanak khua a kim a velte toh; Gath-rimon khua a kim a velte toh; khopi nih.
26ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့ တည်း။
26Kohath suan dangte nam khopi tengteng kho sawm ahi, a kim a velte toh.
27လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း၊
27Huan, Gerson suante pawl, Levi namte Manassi nam kimkhatte tantuam akipan, mi thatmite kihumbitna khopi, Basan gama Golan a kim a velte toh; Be-estera khua a kim a velte toh; kkhopi nih a pia uh.
28ဣသခါခရိုင်ထဲက ကိရှုန်မြို့နှင့် မြို့နယ်၊ ဒါဗရေ မြို့နှင့် မြို့နယ်၊
28Huan, Isakar nam tantuam akipan Kision khua a kim a velte toh, Daberath khua a kim a velte toh;
29ယာမုတ်မြို့နှင့် မြို့နယ်၊ အင်္ဂန္နမ်မြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
29Jarmuth khua a kim a velte toh, Enganim khua a kim a velte toh; khopi li.
30အာရှာခရိုင်ထဲက မိရှလမြို့နှင့်မြို့နယ်၊ အာဗ ဒုန်မြို့နှင့် မြို့နယ်၊
30Huan, Aser nam tantuam akipan Misal khua a kim a velte toh;
31ဟေလကတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
31Helkath khua a kim a velte toh, Rehob khua a kim a velte toh, khopi li.
32နဿလိခရိုင်ထဲက၊ လူအသက်ကို သတ်မိသော သူမှီခိုရာမြို့၊ ဂါလိလဲပြည်၌ ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နယ်၊ ကာတံမြို့နှင့် မြို့နယ်တည်းဟူ သော သုံးမြို့တို့ကို၎င်း ပေးကြ၏။
32Huan, Naphtali nam tantuam akipan, mi thatmite kihumbitna khopi, Galili gama Kedes a kim a velte toh, Hamoth-dor khua a kim a velte toh, Kartan khua a kim a velte toh, khopi thum.
33ဂေရရှုံသားတို့သည်၊ အဆွေအမျိုးအလိုက်ရ သော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း။
33Gerson pawl a inkuan uh dungjui jela a tantuam uh khopi tengteng khopi sawm leh thum ahi, a kim a velte toh.
34ကြွင်းသော လေဝိသား၊ မေရာရိအဆွေအမျိုးတို့ အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ်၊ ကာတမြို့နှင့်မြို့နယ်၊
34Huan, Merari suante pawl inkuan, Levi pawl dangte bel Zebulun nam tantuam akipan Jokneam khua a kim a velte toh, Karta khua a kim a velte toh,
35ဒိမနမြို့နှင့် မြို့နယ်၊ နဟာလာလမြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
35Dina khua a kim a velte toh, Nahalal khua a kim a velte toh, khopi li.
36ရုဗင်ခရိုင်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယဟာဇမြို့နှင့် မြို့နယ်၊
36Huan, Reuben nam tantuam akipan Bezer khua a kim a velte toh, Jahaz khua a akim a velte toh,
37ကေဒမုတ်မြို့နှင့်မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
37Kedemoth khua a kim a velte toh; khopi li.
38ဂဒ်ခရိုင်ထဲက၊ လူအသက်ကို သတ်မိသောသူမှီ ခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့ နှင့် မြို့နယ်၊
38Huan, Gad nam tantuam akipan, mi thatmite kihumbitna khopi, Gilead gama Ramoth a kim a velte toh, Mahaim khua a kim a velte toh;
39ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
39Hesbon khua a kim a velte toh, Jazer khua a kim a velte toh; a vekin khopi li.
40ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့ သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ရသော မြို့ နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း။
40Huaite tengteng Levi pawl inkuan dante Merari suante pawl a inkuan uh dungjui jela a khopite uh ahi; huchiin a tantuam uh khopi sawm leh nih ahi.
41ဣသရေလအမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း။
41Israel suante pawl tantuam akipan Levi pawl khopi tengteng khopi sawmli leh giat ahi, a kim a velte toh.
42ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့် စုံလျက်ရှိသတည်း။
42Huai khopiten a kim a vel a nei chiat uhi: huai khopi tengteng huchibang vek ahi uh.
43ထာဝရဘုရားကလည်း၊ ငါပေးမည်ဟု ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလ အမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ ၍ နေရာကျကြ၏။
43Huchiin TOUPAN A pipute uh kichiama piak a nachiamsa gam tengteng Israelte a piaa; huchiin huai gam a luah ua, a tengta uhi.
44ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း၊ ပတ်ဝန်းကျင်အရပ်တို့၌ ငြိမ်ဝပ်ရာအခွင့်ကို ပေးတော်မူ သဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင်။ ရန်သူ အပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ၏။
44Huan TOUPAN a pipute uh kianga kichiama a nachiamsa bang ngeiin mun chih ah muanna a pia: a melmate tengteng uh kuamah a ma ua pangthei himhim a om kei uhi; TOUPAN a melmate tengteng a khut uah a pe vek hi.TOUPAN Israel inkuante kiangah a hoihlam thu a nagen tengteng vuaksuak mahmah a om keia, a hontung vek hi.
45ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ မိန့်တော်မူသော ကောင်းကျိုးတစုံတပါးမျှမလျော့၊ ရှိသမျှ တို့သည် ပြည့်စုံကြ၏။
45TOUPAN Israel inkuante kiangah a hoihlam thu a nagen tengteng vuaksuak mahmah a om keia, a hontung vek hi.