1ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ် ၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ် လုံး ပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်း သောအခါ၊
1Huan, Hichi ahi a, kum bangzah hiam a hih nunga, TOUPAN Israel pawlte a kim ua melma tengteng laka muanna a piak nungin Josua mah leng a hong upain, a hong tek mahmah ta a:
2ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသား အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။
2Huchiin Josuain Israel pawl tengteng, a upate uh leh a intekpenpente uh, a vaihawmmite uh leh a heutute uh a sam saka, a kiang uah, Kei jaw ka na upain, ka na tek ta;
3သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင် တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။
3TOUPA na Pathian un noute jiaka hiai namte tengteng tunga a hih dan na mu ua; TOUPA na Pathian un, amah mah hi noua dia gal hondou sak.
4ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင် အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်း သေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဘို့ စာရေးတံချ၍ ငါဝေဖန်ပြီ။
4Ngai un, hiai nam a omlaite hiai nam ka hihman khitsa tengteng gamte toh, Jordan akipana ni tumna lam tuipi lian phain chite gouluah dingin ka honsehsak.
5သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့ မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့၏ မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။
5Huan, TOUPA na Pathian un na ma uah amau a delhkhe dinga, na muh batlouhna uah a hawlmang vek ding; huchiin TOUPA na Pathian un na kiang ua a gensa bangin a gam uh na tang ding uhi.
6သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်း စာလမ်းမှ လက်ျာဘက် ဘက်ဝဲဘက်သို့ မလွှဲဘဲ၊ ပါသမျှ အတိုင်း ကျင့်စောင့်ခြင်းငှါ၎င်း၊
6Huaijiakin Mosi dan laibua gelh tengteng taklamah, hiam veilamah hiam na pialsan het louhna ding un hangtakin pom unla, hih un;
7သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဘော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြု ဦးမညွှတ်ဘဲ၊
7Hiai nam na lak ua omlaite toh kipilhel loua a pathiante uh min leng lou loua, a min uh loua kichiam loua, a na uh leng sem loua, kuna chibai leng na buk louhna ding un:
8ယနေ့တိုင်အောင် ကျင့်သကဲ့သို့၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှါ၎င်း၊ အလွန်ရဲရင့်သောစိတ် ရှိကြလော့။
8Tuni tana na hih gige bang un, TOUPA na Pathian uh lenkip gige jaw un.
9အကြောင်းမူကား၊ ကြီးမား၍ ခွန်အားနှင့်ပြည့်စုံ သော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှ မရပ်နိုင်။
9TOUPAN na ma uah chi thupi tak leh hattakte a delhkhe khinta hi: na ma uah tuni tanin kuamah pang thei himhim a om kei hi.
10သင်တို့တယောက်သော်လည်း အခြားသော သူ တထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည် အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။
10Na lak ua mi khatin mi sang khat a delh ding: na kiang ua a gensa bangin, TOUPA na Pathian un nou adingin gal a hondou sak ahi.
11သို့ဖြစ်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား ကို ချစ်ခြင်းငှါ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။
11Huchiin TOUPAna Pathian uh it dingin pilvang pha mahmah un.
12သို့မဟုတ် သင်တို့သည် ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင်၊
12Pilvang loua, na lehngatsan himhim ua, hiai namte laka omlaite, na lak omlaite ngei, na pawlmat ua, amaute toh pasal leh jia na kineih ua, amaute na kithuahpih ua, amau leng nou honkithuahpih zenhouh ule jaw,
13သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။
13TOUPA na Pathian un hiai namte na mitmuh un a hon delhkhiak sak nawn het kei ding hi, TOUPA na Pathian un hiai gam hoih tak a honpiakna akipan na manthat vek masiah uh amaute nou adingin pial leh thang leh, na nak ua dingin khetna chiang leh, na mit ua dingin ling a honghi zo ding uh chih tel takin thei un.
14ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်း သို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့အဘို့ မိန့်တော်မူသော ကောင်းကျိုး တစုံတပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်း ကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။
14Huan, ngai un, tuin lei pumpi dan bangin ka pai sinta ahi: TOUPA na Pathian un na tungtang ua a hoihlam a nagensa tengteng vuaksuak khat lel leng a om kei chih na lungtang tengteng uh leh na lungsim tengteng un na thei uhi; na tunguah a hongtung vektaa, khat lel leng vuaksuak a om kei.
15သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။
15Huan, hichi ahi dinga, TOUPA na Pathian un thil hoih na kiang ua a gen tengteng na tunguah a hongtung vekta mahbangin, TOUPA na Pathian un hiai gam hoihtak nou a honpiakna akipan a honmanthat sak vekmasiah TOUPAN thil hoihloute na tunguah a hongtung sak ding hi.TOUPA na Pathian uh thukhun, pom dinga a honpiak na tatlek san ua, pathian dangte na na sepsan ua, kuna chibai na buk uleh, TOUPA hehna na tunguah a om dinga, gam hoihtak a honpiak akipan na mangthang pah mai ding uh, a chi hi.
16သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြု လျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေး တော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။
16TOUPA na Pathian uh thukhun, pom dinga a honpiak na tatlek san ua, pathian dangte na na sepsan ua, kuna chibai na buk uleh, TOUPA hehna na tunguah a om dinga, gam hoihtak a honpiak akipan na mangthang pah mai ding uh, a chi hi.