1ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေ ရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက် ရှိ၍၊ ထွက် သောသူ၊ ဝင်သောသူ တစုံတယောက်မျှမရှိသည်နှင့်အညီ၊
1(Jeriko khua Israel suante jiakin a kikhak bibkbeka: kuamah a pawt kei ua, kuamah lah a lut sam kei uh. )
2ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ ကို သင့်လက်၌ ငါအပ်လေပြီ။
2Huan, TOUPAN Josua kiangah, Enin, Jeriko leh a kumpipa uh leh mi hat hangsante na khut ah ka honpe khinta.
3သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြုရကြမည်။
3Huan, galkapmi tengtengin khopi kimvelin khatvei na vavel suak phot ding ua. Huchibanga ni guk na hih ding uh ahi.
4ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာ တော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။
4Huan, siampu sagihin bawm malamah belampa ki pengkul sagih a tawi ding ua, huan, a ni sagih niin khopi sagih vein a vel suak ding ua, huan, siamputen pengkul a mut ding uh.
5ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအ သံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့် မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည် ဟု ယောရှုအား မိန့်တော်မူ၏။
5Huan, hichi ahi dinga, belampa ki a mut ging na jak u leh, mipi tengteng ngaihtakin kikou juajua uhen; huchiin khopi kulh achim zoi dinga, mipi bel amau ma jawn chiatah a paitou ding ua, a chi a.
6နုန်၏သား ယောရှုသည် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍၊ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ခုနစ် ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွား ကြလော့ဟူ၍၎င်း၊
6Huan, Nun tapa Josuain siampute a sama, akiang uah, Thukhun bawm jawng unla, siampu sagihin TOUPA bawm malamah belampa ki pengkul sagih tawi uhen, a chi a.
7လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့် ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍၎င်းမှာထားလေ ၏။
7Huan, aman mipite kiangah, Pai jel unla, khopi vel suak un, huan, mi kigalvante TOUPA bawm ma lamah pai jel uhen, a chi a.
8ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ် လျက်သွားကြ၏။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်သည် သူတို့နောက်သို့ လိုက်လေ၏။
8Huan, huchibang a honghita, Josuain mipite kianga thu a gen khitin TOUPA maa balampa ki pengkul sagih tawi siampu sagihte a pai jel ua, pengkul a mut ua: TOUPA thukhun bawmin a jui hi.
9တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ရှေ့မှာ လက် နက်ကိုင်တို့သည် သွား၍၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ် လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက်သို့ လိုက်ကြ၏။
9Huan, mi kigalvante pengkul mut siampute maah a pai ua, huan, nungdalmiten bawm a masuan ua, siamputen pai kawmin pengkul a mut jel uh.
10ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။
10Huan, Josuain mipite, Kikou kei unla, na aw u leng jak hi kei hen, kikou dinga thu ka honpiak ni a tun mateng na kam ua kipanin thu himhim pawt kei hen: huai hun chiangin na kikou ding uhi, chiin thu a pia a.
11ထိုသို့ ထာဝရဘုရား၏ သေတ္တာတော်သည် မြို့ ကိုတကြိမ်လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ ဝင်ပြန်၍ ညဉ့်ကိုလွန်စေကြ၏။
11Huchiin TOUPA bawm tuh khopi khatvei velhin a vel suak saka: huan, giahmun ah a pai ua, giahmun ah a giak nawn leuleu uhi.
12နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းယူ ကြ၏။
12Huan, Josua jing khangin a thou a, siamputen TOUPA bawm a jawng uh.
13ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက် နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား၍ ယဇ်ပုရောဟိတ် များ တံပိုးမှုတ်လျက် သွားကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား၏ သေတ္တာတော်နောက်သို့ လိုက်ကြ ၏။
13Huan, TOUPA bawm maa belampa ki pengkul sagih tawi siampu sagihte a pai jel ua, pengkul a mut ua: huan, mi kigalvante a ma uah a pai ua: huan, nungdalten TOUPA bawm a honmasuan ua, siamputen a pai kawm un pengkul amut jel uhi.
14ဒုတိယနေ့၌ မြို့ကိုတကြိမ်လှည့်ပတ်ပြီးမှ တပ် ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
14Huan, a ni nih niin khopikhatvei a vel suak nawn ua, giahmun ah a kik nawn ua: huchibangin ni guk a hih uhi.
15သတ္တမနေ့ နံနက်စောစော မိုဃ်းလင်းစက ထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ကြ ၏။ ထိုနေ့၌သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ရ ကြ၏။
15Huan, hichi ahia, a ni sagih niin jingkhang, phalvakin a thou ua, a hihdan ngeimah un sagih vei a vel suak ua: huai phetin khopi sagih vei a vel suak uhi.
16သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အား မြို့ကို ပေးတော်မူမည်။
16Huan, hichi ahi a, a sagih veinaa siamputen pengkul a honmut uleh Josuain mipite kiangah, kikou un: TOUPAN Khopi a honpe khinta hi.
17မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို ကျိန်၍ ထာဝရ ဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ ရှိသမျှတို့အား အသက်ချမ်းသာ ပေးရမည်။
17Khopi a sunga thil om tengteng nagawn toh TOUPA adia muhdah vek ding ahi; Rahab kijuaknu kia, amah leh in sunga a kianga om tengteng bel I mi sawlte a nasel sim jiakin hawi ding ahi uh.
18သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့် ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိ တို့ကို၎င်း၊ ဣသရေလတပ်ကို၎င်း အကျိန်ခံစေ၍၊ နှောင့် ရှက်မည်ကို စိုးရိမ်စရာရှိ၏။
18Nou jaw huai thil muhdah akipanin kihuikhe hiau un, huchilouin jaw na muhdah sa uh nungin thil muhdah na la kha ding uh, Israelte giahmun thil muhdah dingin na bawl maijen ding ua, mangbatna na tun kha maijen ding uhi.
19ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိ သမျှတို့ကို၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည် မှာထားလေ၏။
19Dangkasikte, dangkaengte, dal leh sik tuiumbelsuante bel TOUPA tuam ahi vek ahi: Toupa sum ina koih ding ahi ding, a chi a.
20ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ၏။
20Huchiin mipite a kikou ua, siamputen pengkul a mut ua: huan, hichi ahi a, mipiten pengkul ging a jak tak un mipite a kikou juajua ua, kulh a chim zoizoia, huchiin mipite amau majawn chiat uah a pai tou ua, khopi ah a lut ua, khopi a lata uhi.
21မြို့ထဲ၌ ရှိသမျှသော ယောက်ျား၊ မိန်းမ၊ အကြီး အငယ်၊ သိုး၊ နွား၊ မြည်းရှိသမျှတို့ကို ထားနှင့် ရှင်းရှင်းဖျက် ဆီးကြ၏။
21Huan, khopi sunga mi tengteng-numei pasal, a neu a lian bawngpate, belamte, sabengtungte toh namsauin a hihlum keuhkeuh uhi.
22ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း၊ ပြည်တန် ဆာမိန်းမအိမ်သို့ သွား၍၊ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း၊
22Huan, Josuain huai mi nih gam vaenkhete kiangah, Hua kijuaknu in ah valut unla, a kianga na nakichiamsa bang un huai numei a neih tengteng toh honpi khia un, a chi a.
23တံလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ် နှင့်သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကို၎င်း၊ သူ့ပေါက် ဘော်အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင်၊
23Huan, enkhemi tangvalte a valut ua, Rahab toh, a pa toh a nut oh, a sangampate toh, a neih tengteng toh a honpi khia ua, a tanau unaute tengteng leng a honpi khia ua: Israelte giahmun polamah a omsak uh.
24မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာ တွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။
24Huan, Khopi pen a sunga thil om tengteng toh meiin a hal vek ua: dangkasikte, dangkaengte, sumeng leh sik tuiumbelsuante kia TOUPA sumin ah a koih uh.
25ယောရှုသည်လည်း၊ ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်း စေခြင်းငှါ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း။
25Ahihhangin Rahab kijuaknu leh a neih tengteng leh a pa inkuante Josuain a hawi veka; huchiin Israelte lakah tutanin a tel lailai hi; Jeriko khua enkhe dinga Josuain a mi sawlte a nasel sim jiakin.
26ထိုအခါ ယောရှုက၊ အကြင်သူသည် ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာဝရဘုရား ရှေ့တော်၌ ကျိန်အပ်သောသူဖြစ်ပါစေ။ သူသည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက် ၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို၏။
26Huan, huailaiin Josuain, Hiai Jeriko khopi honlamkhemi peuhmah TOUPA maah hamsethuakin om hen: a ta masa tanin a suangphum a phum dinga, a ta tumpen tanin a kulh kongpite a lam ding, chiin amau a hilh chiatchiat hi.Huchiin TOUPA Josua kiangah a oma; huan, a gam pumpi ah a min a hongthangta hi.
27ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ၍၊ သူ၏ သိတင်းသည် တပြည်လုံး၌ နှံ့ပြားကျော် စောလေ၏။
27Huchiin TOUPA Josua kiangah a oma; huan, a gam pumpi ah a min a hongthangta hi.