1ထိုနေ့၌ ဒေဗောရနှင့် အဘိနောင်၏ သားဗာရက်တို့ဆိုသော သီချင်းစကားဟူမူကား၊
1Huchiin Debora leh Abinoam tapa Barakin huai niin,
2ဣသရေလအမျိုး၌ မင်းတို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့်၎င်း၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
2Israel phu a lakna ah Toupa phat un, mipite kilawp takin a kipeta uhi.
3အိုရှင်ဘုရင်တို့ ကြားကြလော့။ အိုမင်းသားတို့ နားထောင်ကြလော့။ ငါသီချင်းဆိုမည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည်။
3Aw, nou kumpipate aw, ngaikhia unla; aw, nou heutute aw, bil na doh un; kei mahmahin Toupa pahtawiin la ka sa dinga, Toupa, Israelte Pathian phatin la ka sa ding.
4အိုထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှ ကြွ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ၊ မြေကြီးလှုပ်၍ မိုဃ်းရွာသဖြင့် မိုဃ်းတိမ်တို့မှ မိုဃ်းရေသည် စီးပါ၏။
4Toupa, Seir gam akipana na hongpai khiaka, Edom pawn akipan na hongpawtin, lei a ling dudupa, vante leng a hong taka, ahi, meiten vuah a zusak.
5တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော်၌၎င်း၊ သိနာတောင်သည်လည်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၎င်း တုန်လှုပ်ပါ၏။
5Tangte Toupa maah a hongchima, Siani tang lam mahleng Toupa Israelte Pathian maah.
6အာနတ်သားရှံဂါမင်းလက်ထက်၌၎င်း၊ ယေလမင်းလက်ထက်၌၎င်း၊ လမ်းမတို့သည် ဆိတ်ညံလျက် ရှိ၍ ခရီးသွားသော သူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။
6Anath tapa Samgar damlaite leh, Jael damlaitein, lamliante tot louhin a oma, zin leh leng te lah lampi maimai ahte a pai zo jel uh.
7ဣသရေလအမျိုး၌ မင်းဆက်ပြတ်လျက်ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမှီတိုင်အောင် မင်းဆက်ပြတ်လျက် ရှိ၏။
7Israel gama khuate luah louhin a tul khina, a tul khin hi, kei Debora ka gamtanga, Israel gam nu ka gamtat masiah.
8ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ၏။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလအမျိုးသားလေးသောင်းတွင် ဒိုင်းလွှား တခု၊ လှံတစင်းမျှ မရှိ။
8Pathian thakte a tel ua; huchiin kulh kongkhak bulahte kidouna a hongoma: Israel gama mi sing li tak lakah lum leh tei himhim om a om hia?
9စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကို လှူသော ဣသရေလအမျိုး မင်းတို့အား ငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
9Ka lungsim jaw Israelte vaihawmpa, mipite kianga lunglut taka kipiate lamah a om: Toupa phat un.
10ဖြူသော မြည်းကို စီးသောသူ၊ တရားမှုကို စီရင်သောသူ၊ လမ်း၌သွားသောသူတို့၊
10Pau un, nou sabengtung kang tunga tute, nou vaihawmnaa tute, leh lampia paite.
11ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသော သူတို့၏ အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသော အမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏ လူတို့သည် မိမိတို့နေသော မြို့သို့ ပြန်သွားကြလိမ့်မည်။
11Thal kapmite husa himhim jakphak louh, tui tawina munah Toupa thil dik hihte a gen a gen ua, Israel gam tunga thil dik hihte ngei. Huchiin Toupa mipite kulh kongkhak lamahte a pai suk ua.
12နိုးပါ၊ နိုးပါ၊ ဒေဗောရ။ နိုးပါ၊ နိုးပါ၊ သီချင်းဆိုပါ၊ အိုဗာရက်၊ ထပါ၊ အဘိနောင်သား၊ သင်ဘမ်းဆီး ချုပ်ထားသော သူတို့ကို ထုတ်ပြပါ။
12Thouin, thouin, Debora; thouin, thouin, lasa in: thouin, Barak nang Abinoam tapa, na matte sal din piin.
13ထိုအခါ ကျန်ကြွင်းသော သူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဘို့ ဆင်းကြ၏။
13Huchiin mi lian omlai zekte leh mipi a hongpai suk ua; mi hattak honsual pih dingin Toupa a hongpai suk ta.
14အာမလက်လူနေရာအနားမှာ နေရာကျသော သူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲက မင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။
14Amalek zungzamte bel Ephraim akipanin a hongpai suka; Benjamin, na mite laka miten nang a honjui uh, Makir akipanin gam vaihawmmite a hong pai suk ua, huan, Zebulun akipanin laigelhmi chiang tawimite a hongpai suk uh.
15ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ ပါ၍ ဣသခါအမျိုးသည် ဗာရက်၏ လက်ရုံးဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြ ဌာန်းခြင်း များကြ၏။
15Isakar mi liante Debora kiangah a tel ua; Isakar bangin, Barak leng: Guam lamah amah toh a tai suk ek ua. Reubente tui luannate ah a tup uh a lian mahmah hi.
16နောက်တဖန် သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှါ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တိုခြင်းများကြသည်တကား။
16Bangdia belam huang kal khawnga tu nilouh, belam hon sapna tamngai ngai ding lelin? Reubente tui luannate ah hoih taka na ngaihtuah khiakna uh a om.
17ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက်၌ ငြိမ်ဝပ်စွာ နေကြ၏။ ဒန်းအမျိုးသည် သင်္ဘောဆိပ် အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘော ဆိုက်ရာ ကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား။
17Gileadte Jordan galah a om nilouh ua: huan, Dante bangdia longte khawnga om nilouh uh ahia? Aserte tuipi piau ah a tu kinken ua, a tuipimengte khawng uah a om nilouh uh.
18ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သော တောအရပ်၌ ထိုနည်းတူပြု၏။
18Zebulunte leh Naphtalite pawn mun sanga sih ngap gige mi ahi uh.
19ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာ တိုက်သော်လည်း၊ ငွေကို လုယူ၍ မရကြ။
19Kumpipaten a hongsual ua, huchiin kanan kumpipaten Megido tuikiang, Taanak khuaah a sual ua: sumlak himhim a neikei uh.
20ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါသိသရကို စစ်တိုက်ကြ၏။
20Van akipanin a honsual ua; Aksiten a mun ua kipanin Sisera a honsual uh.
21ကိရှုန်မြစ်၊ စစ်မှုကြောင့် ကျော်စောသောမြစ်၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား၏။ အိုငါ့ဝိညာဉ်၊ သင်သည် ခွန်အား ကြီးသော သူကို နှိပ်နင်းပြီ။
21Kison luiin amaute a tai manga, nidanglai lui, Kison luiin, Aw ka kha, hattakin paijel in.
22ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကို နှင်လျက် နှင်လျက် စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာနှင့် ထိခိုက်လျက် ပြေးကြ၏။
22Huchiin sakolte a kipek thotthot ua, sakol hatte a tawmtawm jiak un.
23မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့် ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရ ဘုရား၏ကောင်းကင်တမန်သည် မှာထား၏။
23Merozi hamsiat un, Toupa Angelin a chi, huailaia omte nakpi takin hamsiat un; Toupa panpihin, Toupan mi hattak a sualna panpih dinga a hong louh jiak un.
24ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြက်စွာသော မင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။
24Numei laklakah Jael, Ken mi Heber zi nuamsapen ahi ding, numei puanina tengte laklakah nuamsapen ahi ding.
25ထိုသူသည် ရေကို တောင်း၍ ယေလသည် နို့ကို ပေး၏။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ၏။
25Amah tui a hongngena, nawitui ana pia a: mi hoih nouin nawitui dat ana piaa.
26တဲတံသင်ကို ယူ၍ လက်ျာလက်နှင့် လက်ရိုက်ကို ကိုင်လျက် သိသရကို ရိုက်လေ၏။ သူ၏ ခေါင်းကို ထိုးရိုက်၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ၏။
26Kilhna a tawia, a taklamin nasemmi sek; huan, sekin Sisera a khena, a lu ah a khen paisuaka, ahi, a haijek ah a khena, a khen tal vengvong.
27သူသည် ယေလခြေရင်း၌ ကျ၍ လဲလျက် တုံးလုံးနေ၏။ ခြေရင်း၌ ကျလဲ၍ ကျရာအရပ်၌ သေလျက် လဲနေ၏။
27A khe bulah a kuna, a puka, a luma: a khe bulah a kun a, a puktaa: a pukna munah a sita hi.
28သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။
28Sisera nu bel tawlet ah a daka, vathangkalh awngah a sama, Bangachia a kangtalai hongtung hak ahi? Bangachia a kangtalai khe zekai ahia? a chi.
29ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား၊
29A numei pilten a nadawng ua, ahi, amah leh amah a kidawng tawm nawna,
30သူတို့သည် တွေ့၍ရသော ဥစ္စာကို ဝေဖန်လျက် နေကြသည်မဟုတ်လော။ စစ်သူရဲတို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရဘို့ ပန်းဆိုးသော အဝတ်၊ ပန်းဆိုး၍ ချယ်လှယ်သော အဝတ်တန်ဆာ၊ အောင်သောသူတို့၏ လည်ပင်း၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ်လျက် အဆင်းအရောင် ထူးခြား သော အဝတ်တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။
30A mu zou ta kei ua hia? Gallak kihawmta lou uhia? Mi chihin nungak nih hiam khat hiam chiat; Sisera tan ding bel gallak puan ze tuamtuam, gallak puan ze kilawm, ze tuamtuam, gallak ngawnga velh ding puan a lang niha ze kilawm, ze tuamtuam, chiin.Huchibangin aw Toupa, na melmate tengteng mangthang vek uhenla: amah itte bel hattak a pai, ni bang hi uhen, chiin la a sa uh. Huan, gam bel kum sawmli sung galmuangin a oma.
31အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ၏။
31Huchibangin aw Toupa, na melmate tengteng mangthang vek uhenla: amah itte bel hattak a pai, ni bang hi uhen, chiin la a sa uh. Huan, gam bel kum sawmli sung galmuangin a oma.