1ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွင်လျက် မောရှေကို ခေါ်တော်မူ၍၊
1Huan, TOUPA'N Mosi a sam a, kihoupihna puan inn a kipan in a houpih a,
2သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကို ဆောင်ခဲ့၍ ဆက်ရမည်။
2Israel suante houph inla, a kiang uah, Na lak ua kuapeuh in thillat TOUPA kiang a na lat un, gan, bawng hon leh belam hon lak ate, na lat ding uh ahi.
3နွားကို မီးရှို့ရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးအနားမှာ ဆက်ရမည်။
3A thillat pen bawng hon lak ate, haltum thillat a hih leh a pa, gensiatbei a lat ding ahi: amah TOUPA ma a pom a hih theihna ding in kihoupihna puan inn kongpi bul a lat ding ahi
4ပူဇော်သော နွား၏ခေါင်းပေါ်မှာ မိမိလက်ကို တင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။
4Huan, haltum thillat lu tungah a khut a koih ding a; huchi in amah a ding in lemna bawlna ding in pomsak ahi ding.
5ထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေး ကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။
5Huan, TOUPA ma ah bawngpa a gou ding a; huan, Aron tapa, siampute'n sisan a lan ding ua, kihoupihna puan inn kongpi bul a maitam sisan in a theh ding uh ahi.
6ပူဇော်သောသူသည် ထိုအကောင်၏ အရေကို ချွတ်၍ အပိုင်းပိုင်း ဖြတ်ရမည်။
6Huan, haltum thillat a lip ding a, a sem ding ahi.
7အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊
7Huan, siampu Aron tapate'n maitam ah mei a koih ding ua, mei tungah sing achiangkhawm ding uh:
8ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သားတများကို တင်ရမည်။
8Huan, Aron tapa, siampute'n sabakte, a lute, a thaute maitam a mei tungah sing ah kilawmtak in a koih ding uh:
9ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တ ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
9A sungkuate leh a khete bel tui in a sil ding: siampu in TOUPA a ding gimlim tak, mei a lat haltum thillat ding in a pum in maitam ah a hal ding ahi.
10သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊
10Huan, a thillat haltum thillat ding a gan hon lak ate, belam hiam, kel hiam a hih leh, a pa, gensiatbei a lat ding ahi.
11ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင် မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
11Huan, maitam sik, mal lam pang ah TOUPA ma ah a gou ding a: huan, Aron tapa, siampute'n maitam sisan in a kimvel in a theh ding uh ahi.
12ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ်၍ ခေါင်းနှင့်ဆီဥကို စုထားပြီးလျှင် ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ ရှိသော ထင်းမီးအပေါ်မှာ ခင်းရမည်။
12Huan, a sem ding a, alu toh, a thau toh; huan, siampu in maitam tung a mei tung a sing ah a koih hoih ding:
13ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင် ဆေးရမည်။ ယဇ်ပုရောဟိတ်သည် တကောင် လုံးကို ဆောင်ခဲ့၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
13A sungkuate leh a khete bel tui in a sil ding: huan, a pum in siampu in a lan ding a, maitam ah a hal ding ahi: TOUPA a ding a gimlim tak, mei a lat haltum thillat ahi.
14ထာဝရဘုရားအား ငှက်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ ဆက်ရမည်။
14Huan, TOUPA a dia thillat vasa lam haltum thillat a hihleh, a thillat ah vakhute hiam, vapal noute hiam a lat ding ahi.
15ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်သို့ ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည်။
15Huan, siampu in maitam ah a hon tawi ding a, a lu a hektan ding a, maitam ah a hal ding; huan, a sisan maitam pang ah a takkang sak ding;
16စာလုတ်မှစ၍ စာလုတ်၌ ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင် အရှေ့ဘက်နား၌ ပစ်ထားရမည်။
16Huan, a gongkholh a mul toh a pai ding a, maitam kiang, suah lam pang a meivu koihna mun ah a pai ding:Huan, a khate a bottol ding a, a tak botzak lou in: huan, siampu in maitam ah, mei tungah a hal ding; huai bel TOUPA a ding a gimlim tak, mei a lat haltum thillat ahi.
17အတောင်ပါလျက် ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီး အပေါ်မှာ မီးရှို့ရမည်။ မီးရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
17Huan, a khate a bottol ding a, a tak botzak lou in: huan, siampu in maitam ah, mei tungah a hal ding; huai bel TOUPA a ding a gimlim tak, mei a lat haltum thillat ahi.