Myanmar

Paite

Leviticus

10

1အာရုန်၏သားနာဒပ်နှင့် အတိဟုတို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက်၊ မီးကိုထည့်၍ လောဗန်ကို တင်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသော မီးကို ရှေ့တော်၌ ပူဇော်၏။
1Huan, Aron tapa, Nadab leh Abihute'n a mei lakna uh a la tuaktuak ua, huai ah mei-am a koih ua, gimlim a buak ua, a thupiak louh pi in TOUPA ma ah mei zat louhchi a lan uh.
2ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကို လောင်သဖြင့် ရှေ့တော်၌ သေကြ၏။
2Huchi in TOUPA ma a kipan in mei a hong pawtkhia a, amau a kanglum a, TOUPA ma ah a si ta uh.
3ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံ သို့ ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူ ရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ၏။
3Huchi in Mosi in Aron kiang a, Kei hon naih mite ah siangthou in ka lang ding a, mipite tengteng ma ah pahtawi in ka om ding, chia TOUPA'N a gen tak hiai ahi, a chi a. Huan, Aron a dia dide.
4မောရှေသည် အာရုန်၏ ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ်၍၊ လာကြ။ သင်တို့ ပေါက်ဘော်တို့ကို သန့်ရှင်းရာ ဌာနတော်က၊ တပ်ပြင်သို့ ယူသွားကြလော့ဟု ဆိုသည်အတိုင်း၊
4Huchi in Mosi in Aron pangak Usiel tapa, Misael leh Elzaphante a sam a, a kiang uah, Hong pawtkhia un, a chi hi.
5သူတို့သည် လာ၍ အင်္ကျီဝတ်လျက်ရှိသော အသေကောင်ကို တပ်ပြင်သို့ယူသွားကြ၏။
5Huchi in a hong pai na ua, puanak silh kawm in dainawl ah a zawngkhia ua, Mosi thugen bang in.
6မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာနှင့် ဣသမာတို့ကိုခေါ်၍၊ သင်တိ့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ ဦးထုပ်ကို မချွတ်နှင့်။ အဝတ်ကို မဆုတ်နှင့်။ သင်တို့ ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှတို့သည် ထာဝရ ဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။
6Huan, Mosi in Aron kiang ah leh a tapa Eleazar leh Ithamarte kaing ah, Na sam uh khah kei unla, na puante uh leng botkek sam ke un, huchilou inzaw na si kha ding ua; mi tengteng tungah a heh kha ding: na unau uh, Israel innko pumpi in mei, TOUPA chih tak sun zaw uhen.
7သင်တို့သေမည်ကိုစိုးရိမ်သည်ဖြစ်၍၊ ပရိသတ်စည်းဝေးရာ တံခါးပြင်သို့ မထွက်နှင့်။ ထာဝရဘုရား၏ ဘိသိက်ဆီသည် သင်တို့အပေါ်၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ၏
7Huan, kihoupihna puan in kongpi a kipan na pawt ding uh ahi kei, huchilou in zaw na si ding: TOUPA sathau, nilhchi na tunguah a om ngal a, a chi a. Huchi in Mosi thu bang in a hih uhi.
8တဖန် အာရုန်အား ထာဝရဘုရားက၊-
8Huan, TOUPA'N Aron a houpih a,
9သင်နှင့်သင်၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၎င်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ်သောအရာ၊
9Nang hiam, na tapate hiam in leng, kihoupihna puan inn sung a na pai lai un uain leh zu himhim dawn kei un, huchilou in zaw na si ding uh: na suan zelte uh tan a khantawn dan ding ahi ding hi;
10မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို ဣသရေလ အမျိုးသားတို့၌ သွန် သင်တတ်ခြင်းငှါ၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ် မျိုးကို မသောက်နှင့်။
10Huaibel a siangthou leh a siangthoulou leh a siang leh a sianglou na khen theihna ding uh leh.
11သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
11TOUPA'N Mosi zang a a kiang ua a gen, thupiak tengteng Israel suante na sinsak theihna ding uh ahi ding, chi in.
12မောရှေသည်လည်း၊ အာရုန်နှင့်ကြွင်းသော သားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရ ဘုရားအား မီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာ အကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာ စားကြလော့။ အလွန်သန့်ရှင်းပေ၏။
12Huan, Mosi in Aron kiang ah leh a tapa damlai Eleazar leh Ithamarte kiang ah, TOUPA a dia mei a thillat a, tangbuang thillat lak bangte la unla, maitam bul ah silngou tellou in ne un: thil siangthou ahi ngal a:
13ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက သင်နှင့်သင်၏ သားတို့ ခံထိုက်သောအဘို့ ဖြစ်၍ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
13TOUPA a dia mei a thillat a nang a tuam leh na tapate a tuam a chih ziak in mun siangthou ah na ne ding uh ahi: huchi bang a thupiak a om ka hi.
14ချီလွှဲသောရင်ပတ်၊ ချီမြှောက်သော ပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ် သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သော မိဿဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။
14Huan, a awm vei leh a liang taklam vei pen mun siang ah na ne ding uh; nang leh na tapate leh na tanute toh: Israel suante lemna thillat kithoihna nang a tuam leh na tapate ding a seh ahi ngal a;
15မီးဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင်ခဲ့ရကြ၍၊ ထာဝရ ပညတ်တော် အတိုင်း၊ သင်နှင့်သင်၏ သားတို့သည် ကိုယ်အဘို့ယူရကြမည်။ ထိုသို့ ထာဝရဘုရား မှာထားတော်မူပြီ ဟုဆိုလေ၏။
15Liang vei leh awm vei pen TOUPA ma a vei thillat dia vei ding in mei a thillat thau toh hon tawi ding uh ahi: huaibel nang leh na tapate toh, khantawn a nou a tuam ding ahi ding, TOUPA thupiak bang in, a chi hi.
16တဖန် မောရှေသည် အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ကို ကြိုးစား၍ ရှာသော်လည်း မတွေ့။ မီးရှို့ နှင့်ပြီ။ ထိုကြောင့် ကြွင်းသော အာရုန်သား ဧလာဇာ၊ ဣသမာတို့ကို အမျက်ထွက်လျက် ဆိုသည်ကား၊
16Huan, Mosi in khelh thoihna kel pen ngentel tak in a zong a, huan, ngaidih, a na halkhin tham uh ahi a: huchi in, Aron tapa damlai, Eleazar leh Ithamar tungah a heh a,
17အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း၏။ သင်တို့သည် ပရိသတ်တို့ အပြစ်ကိုခံ၍၊ ထာဝရ ဘုရားရှေ့တော်၌ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကို ပေးတော်မူသည်ဖြစ်၍၊ သန့်ရှင်းရာ ဌာနတော်၌ အဘယ်ကြောင့် မစားသနည်း။
17Bang ding a khelh thoihna mun siangthou a nelou na hi ua? thil siangthou, mipte thulimlouhna po ding a TOUPA ma a lemna bawlsakna ding a nou a hon piak ahi ngal a?
18ထိုယဇ်သား အသွေးကိုလည်း သန့်ရှင်းရာဌာနထဲသို့ မသွင်းပါတကား။ အကယ်၍ ငါမှာထားခဲ့သည် အတိုင်း၊ ထိုယဇ်သားကို သန့်ရှင်းရာဌာနတော်၌ စားရမည်ဟုဆိုလျှင်၊-
18Ngaidih ua, a sisan pen mun siangthou ah na la lut sam ua: thu ka piak bang in mun siangthou a na nek ngeingei ding uh eive, chi in.
19အာရုန်က၊ ယနေ့ သူတို့သည် လူများတို့ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ။ အကျွန်ုပ် ၌ ထိုသို့သော အမှုရောက်သည်တွင် ၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကို စားမိလျှင်၊ ထာဝရဘုရား နှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို၏။
19Huan, Aron in Mosi kiang ah, Ngaidih, tuni in TOUPA ma ah a khelh uh thoihna leh, a haltum thillat uh a lan uh ahi; hichi bang thil lah ka tungah a hong om ta mai ngal a; tuni in khelh thoihna na na ne ta leng, TOUPA ngaih in thilhih dia kilawmlou ahi kei dia hia? a chi a.Huan, Mosi in huai a zak in a lungkim ta hi.
20မောရှေသည် ထိုစကားကို ကြားလျှင် ဝန်ခံလေ၏။
20Huan, Mosi in huai a zak in a lungkim ta hi.