1တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
1Huan, TOUPAN Mosi a houpiha,
2ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။
2Israel suante kiangah, Kuapeuh, Israel suante laka mi hiam, Israel gama teng gam dang mi hiam, a gil ua gah Molek pia peuhmahte hihlup ngeingei ding ahi; hiai gama miteng suanga a den lup ding uh ahi.
3ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
3Huan, ken leng, ka mun siangthou hihnin ding leh ka min siangthou hihbuah dinga a gila gah Molek a piak jiakin huai mi tungah ka mai ka gum sak dinga, a chipihte laka kipan ka hihmangthang ding hi.
4မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊-
4Huan, hiai gama miten a gil ua gah Molek a piak uh a kitheihmohbawl ua, a hihlup kei uleh amah leh;
5ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၍ မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။
5A inkote tungah ka mai ka gum sak dinga, Molek laka angkawm dinga kei hon angkawmsan peuhmahte toh a chipihte uh laka kipan ka hihmangthang ding hi.
6လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
6Huan, a lak ua angkawm dinga dawi aisansiam jawlte leh bumsiamte juanmi tungah ka mai ka gum sak ding, a chipihte laka kipan ka hihmang ding hi.
7သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍၊ သန့်ရှင်းခြင်းရှိကြလော့။
7Huaijiakin kihihsiangthou unla, singthouin om un: Kei TOUPA na Pathian uh ka hi ngala.
8ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်၏။
8Ka thupiakte na pom un na jui ding uh ahi: Kei TOUPA nou honhihsiangthoupa ka hi hi.
9မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။
9A nu hiam, a pa hiam hamsiat khum peuhmah hihlup ngeingei ding ahi: a nu hiam, a pa hiam hamsiat khum ahi a, a tungah a sisan moh a om ding ahi.
10သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။
10Mi ji ang kawm, a insakinkhang ji angkawm jaw a angkawmpa leh a angkawmnu hihlup ngeingei ding ahi.
11ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
11Huan, pate ji luppih jaw, a pa vuaktanna lem ahi a, hihlup tuaktuak ding ahi uh, a sisan moh uh a tunguah a om ding ahi.
12ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
12Min a mounu a luppih leh hihlup tuaktuak ding ahi uh; thulimlouhna tungtuan hih ahi ua, a sisan moh uh a tunguah a om ding hi.
13မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
13Min numei a luppih banga pasal a luppih leh thil kihhuai mahmah a hih tuaktuak ahia, hihlup ngeingei ding ahi uh; a sisan moh uh a tunguah a om ding hi.
14ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။
14Min nuta jia a neih leh thulimlouhna mahmah ahi, na lak ua thulimlouhna a om louhna dingin amah leh amau nihte leng hihlup ding ahi.
15ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည်။
15Min ganta a luppih leh hihlup ngeingei ding ahi, ganta leng a hihlup ding uh ahi.
16မိန်းမသည်လည်း၊ မိမိနှင့်တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
16Huan, numeiin ganta a vanaiha, a kithuahsak leh numei na hihlup ngeingei ding uh ahi, ganta leng: hihlup ngeingei ding ahi ua; a sisan moh uh a tung ua a om ding ahi.
17ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။
17Min a sanggamnu, a pa tanu hiam, a nu tanu hiam a laka a vuaktanna a muha, aman leng a vuaktanna a muh leh thil zumhuai mahmah ahi, a chipihte uh suante mitmuha hihman ding ahi uhi; a sanggamnu vuaktanna a lem ahi, a tatlekna moh a po ding.
18ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။
18Huan, min numei a kizen louh laia a luppiha, a vuaktanna a lem leh a si pawtna lem ahi a, amah leng a si pawtna lem ahi a, huchiin a chipihte uh laka kipan hihman tuaktuak ding ahi uhi.
19အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။
19Huchiin na nu sanggamnu hiam, na pa sangnu hiam vuaktanna na lem ding ahi kei; a sanggam nai vuaktanna bawl ahi: a thulimlouhna moh uh a po ding uh.
20အဘ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံးသားမရဘဲ နေရလိမ့်မည်။
20Min a pangak ji a luppih leh a pangak vuaktanna lem ahi; a khelh moh uh a po ding ua, suanlehpak beiin a si ding uh.
21ညီအစ်ကို၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။
21Min a unaupa ji a neih leh thil nin ahi: a unaupa vuaktanna lem ahi a, suanlehpak louin a om ding uh.
22သင်တို့ကို ငါ ပို့ဆောင်၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။
22Huchiin ka thupiak tengteng, ka vaihawm tengteng na pom ding ua, na jui ding uhi: huchiin om dinga ka honpina gamin nou a honlo khe kei ding hi.
23သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့ မလိုက်ရ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။
23Na ma ua ka delhkhiaksa nam dangte na jui ding uh ahi kei: hiai thil tengteng a hih sek ua, huaijiakin ka kih ahi.
24သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှါ ငါအပိုင်ပေး မည်ဟု ငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။
24Ahihhangin nou kiang ajaw, A gam uh, nawitui leh khuaiju luanna gam na luah ding ua, na luah ding un ka honpe ding: Kei TOUPA na Pathian uh, nam dangte laka honhihtuampa ka hi.
25ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ။
25Huaijiakin sa siang leh sianglou leh vasa siang leh siang lou na khentuam ding ua; sa hiam, vasa hiam lei a a vaka vak thoh chi himhim hiam nou adia sianglou dia ka sehtuamtein na hinna uh na kihhuai sak ding uh ahi kei hi.
26ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ်၍၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဘို့ သန့်ရှင်းခြင်းရှိရကြမည်။
26Keia dingin mi siangthou na hi ding uhi; Kei TOUPA lah ka siangthou ngala, keia na hihna ding un namdangte lakah nou ka honseptuama, ka nahihkhinta hi.Pasal leng numei leng dawi aisansiam jawl hiam, bumsiam hiam jaw hihlup ngeingei ding ahi: suanga denlup ding ahi uh hi: a sisan moh uh a tunguah a om ding hi, chi nawn laiin, chiin.
27ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။
27Pasal leng numei leng dawi aisansiam jawl hiam, bumsiam hiam jaw hihlup ngeingei ding ahi: suanga denlup ding ahi uh hi: a sisan moh uh a tunguah a om ding hi, chi nawn laiin, chiin.