1တဖန် သိနာတောင်ပေါ်မှာ၊ မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ အား ဆင့်ဆိုရမည်မှာ၊-
1Huan TOUPAN Sinai tangah Mosi a houpiha,
2သင်တို့သည် ငါပေးသော ပြည်သို့ ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဘို့ ဥပုသ်စောင့်ရမည်။
2Israel suante houpih inla, a kiang uah, Kon gam piak ding na vatun hun chiang un, TOUPA mina gam a khawl ding ahi.
3ခြောက်နှစ်ပတ်လုံး လယ်လုပ်လျက် စပျစ်ဥယျာဉ်ကို သုတ်သင်၍ အသီးကို သိမ်းလျက် နေရမည်။
3Na lou ah kum guk sung thil na ching dianga, na grep huan kum guk sung na sat nou dinga, a gahte na la ding:
4သတ္တမနှစ်သည်၊ ထာဝရဘုရားအဘို့ ဥပုသ်နှစ်၊ တပြည်လုံး ငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ၊
4A kum sagih kumin bel gam khawl kinkenna, TOUPA mina khawlna ahi dinaga: na lou-a buh leh bal na chin ding ahi kei, na grep huan na sat nou ding ahi sam kei.
5လယ်၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ။ တပြည်လုံး ငြိမ်ဝပ်စွာ နေရသော နှစ်ဖြစ်၏။
5Na buh pou na la ding ahi kei, na kep louh grep na lou ding ahi kei: gam khawl kinkenna kum ahi ding hi.
6ပြည်ဥပုသ်တည်းဟူသော အလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ ကျွန်၊ ကျွန်မ၊ သူငှါး၊ ဧည့်သည်စားစရာ၊-
6Gam khawl kuma-te na nek tawm ding uh ahi dia; nang, na sikha leh na sikhanu ading, na kilohmi ading, na kianga teng gamding mi ading;
7သင်၏ ပြည်၌ရှိသော သားယဉ် သားရဲစားစရာဖြစ်ရသည်။
7Na bawng hon ading, na gama ganta ading, huaia gah tengteng nek tawm ding ahi ding hi.
8ဥပုသ်နှစ် ခုနစ်နှစ်ကို ရေတွက်၍၊ ခုနှစ်နှစ်ခု နှစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ၊-
8Huan, khawl kum kum sagih bel na sim dinga, kum sagin mun sagih ahi dinga; khawl kum kum sagih sung bel kum sawmli leh kum kua ahi dinga.
9သတ္တမလ ဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တပြည်လုံး မှုတ်စေရမည်။
9Huai khit kha sagihna ni sawm niin pengkul ngaihtak na vial mut sak dinga; kilemna niin na gam tengteng uah pengkul na vial mut sak dinga uh ahi.
10ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာ အခွင့်ကို ကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်း မိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။
10Huan, kum sawmngana bel na kipahpih ding ua, gamsung teng teng ah, huaia om tengteng kiangah noplenna thu na phuang ding uh: nou ding in Jubili ahi dinga; mi chihin nou-a chiat na nei nawn ding uh; mi chih amah in sungkuan ah a om nawn ding.
11ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သော အပင်ကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။
11Huai kum sawmngana pen nou dingin Jubili ahi dinga; bangmah na ching kei ding ua, a pou leng na la kei ding ua, grep kep louh gah leng na loh louh ding uh ahi.
12ယုဘိလနှစ်သည် သန့်ရှင်းသော နှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော အသီးအနှံကိုသာ စားရမည်။
12Jubili ahi ngala; na kipahpih ding uh ahi; huan, na lou ua thil gahte na ne ding uhi.
13ယုဘိလနှစ်တွင် လူတိုင်း မိမိပိုင်သော မြေသို့ ပြန်ရမည်။
13Hiah Jubili kumin mi chihin amaha mah na nei nawn chiat ding uh.
14သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကို ပြုလျှင်၊ တယောက်ကို တယောက် မညှဉ်းဆဲရ။
14Na insakinkhang kianga banghiam na khota, na insakinkhang kianga banghiam na leiin leng an kikhem ding uh hi lou ahi:
15ယုဘိလနှစ်လွန်၍ လိုသေးသော နှစ်ပေါင်း၊ အသီးအနှံ သီးလတံ့သော နှစ်ပေါင်းကို ရေတွက်၍ ရောင်းဝယ်မှုကို ပြုရမည်။
15Jubili khit a kum zah bang jelin na insakinkhang thil na lei dinga, buhlehbal tun kum tam dan dungjuiin na kiangah a juak ding ahi.
16ထိုသို့ အသီးသီးရသော နှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုးလျော့လျက်၊ တိုးလျက် ရောင်းဝယ်ရမည်။
16A kum tam dan dungjui jelin aman na khangsak dinga, huan, a kum tawm dan dungjuiin aman na kiamsak dinga; buhlehbal tun kum tam dungjuiin na kianga juak ahi hi.
17သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။
17Na kikhem ding uh ahi kei, na Pathian laudan na siam ding u hi: Kei TOUPA na Pathian uh ka hi ngala.
18သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။
18Huaijiakin ka thusehte na jui in ka vaihawmte na pomin laudan na siam ding ahi; huchiin tua gamah lungmuangin na teng ding hi.
19မြေသည်လည်း မိမိ အသီးအနှံကို ပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြ လိမ့်မည်။
19Gamin a gah a suah dinga, niang leh taiin na ne un na ta ding ua, lungmuang takin na vateng ding uhi.
20သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့ စားရမည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကို မသိမ်းရပါတကားဟု ဆိုလျှင်၊-
20A hih leh, a kum sagih kumin bang ka neta ding ua? Ngai dih, bangmah lah ka ching kei ua, ka thil tungte uh lah ka lasam kei ua, chi na hih uleh,
21ဆဌမနှစ်တွင် သင်တို့ကို ငါကောင်းကြီးပေး၍၊ ထိုနှစ်တွင် သုံးနှစ်အဘို့ အသီးအနှံကို ဖြစ်စေမည်။
21A kum guk kumin ka vualjawlna na tunguah ka tungsak dinga, kum thum sung adia gah a suah ding hi.
22သင်တို့သည် အဋ္ဌမနှစ်တွင် လယ်လုပ်၍ နဝမနှစ်တွင် အသီးအနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်းသော အသီးအနှံကို စားရကြမည်။
22Huan, a kum giat kumin na ching ding ua, thil tung na kep uh, a luite na ne ding ua, kum kua kum tan, a hong thak nawn ma tanin na vom uh, a luite na ne ding uhi.
23မြေကို သူတပါး အစဉ်ပိုင်စေခြင်းငှါ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။
23Khantawn adia gam pen khot den ding ahi kei, gam lah keia ahi ngala: mikhual, ka kianga teng lel na hi ngal ua.
24သင်တို့သည် မြေကို ပိုင်လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည်။
24Na gam luah tengteng uh, tat kik thepthup na phal ding uhi.
25သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍၊ မိမိပိုင်သောမြေကို ရောင်းလျှင်၎င်း၊ သူ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာလျှင်၎င်း၊ မိမိပေါက်ဘော် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။
25Na unau honggentheiha, a gam khenkhat a juak leh; a tanau naipen a hongkuan dia, a unau gam juaksa a tan ding.
26ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊-
26Huan, min a tat sakmi ding a neih louha, a hong kitoha, a tatna khop a neih leh,
27မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လိုသေးသော အဘိုးကို အထက်က ရောင်းခဲ့သောသူအား ပြန်ပေးရမည်။
27A khot kum sut henla, a khotnapa kiangah a val pe nawn hen; huchiin a gam a luah nawn ding.
28ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။
28A maha dia a tatkik nawn theih kei lebel a khotsa pen Jubili kum tanin a leipa khutah om hen; huan, Jubili kumin a pawt nawn dinga, aman a gam a luah nawn ding hi.
29မြို့ထဲ၌ရှိသော အိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တနှစ်အတွင်းတွင် ရွေးနှုတ်သော အခွင့်ရှိစေရမည်။
29Huan, kulh nei khuaa in min a juak leh a juak akipan kum khat ngial sungin a tan nawn thei ding; kum khat vingveng sungin tat nawn theihna a nei ding.
30တနှစ်အတွင်းတွင် မရွေးနှုတ်လျှင်၊ ထိုအိမ်ကို ဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရ ကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။
30Kum khat sunga a tat theih kei leh kulh nei khuaa in pen khantawnin a suante jel tanin leng a leimi-a ahi bikbek ding ahi, Jubili chiangin leng a pawt tuan kei ding.
31မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့ မှတ်၍ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည်။
31Kulh neilou khuaa inte bel singtang gam banga seh ahi dinga, tat theih ahi dinga, Jubili chiangin a pawt ding.
32သို့ရာတွင် လေဝိသားပိုင်သော မြို့နှင့်မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနှုတ်ရသော အခွင့်ရှိ၏။
32Himahleh Levi-tepawl khua, a tantuam khua ua inte jaw Levi-tepawlin chiklai peuhin leng a tan thei ding uh.
33လေဝိသားပိုင်သော မြို့ကို၎င်း၊ အိမ်ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိသားတို့သည်၊ ကိုယ် နေရာ မြို့အိမ်မှတပါး အခြားသော ဥစ္စာမရှိ။
33Huan, Levi-tepawl laka min a tat kei leh juaksa in leh a tantuan khua pen Jubili chiangin a pawt ding: Levi-tepawl khuaa inte Israel suante laka a tantuam uh ahi ngala.
34သို့ဆိုသော်လည်း၊ လေဝိသားမြို့နယ်၌ရှိသော လယ်ယာတို့ကို မရောင်းရ။ အစဉ်အမြဲပိုင်ရမည်။
34A khokim khawng ua loute bel juak theih ahi kei ding, a khantawn tantuan uh ahi ngal a.
35သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ လက်အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာ နေစေခြင်းငှါ သူ့ကို မစရမည်။
35Huan, na unau a hongentheiha, nang a hongbelh leh nana kep ding ahi; mikhual, na kianga teng banga na na ompih ding ahi.
36သူ၌ အတိုးအပွားကို မယူရ။ သင်၏ အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ၊ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့လော့။
36Amah laka dangka hiam, thil hiam, a pung la ken, Pathian laudan siam jawin: na unau na kianga a teng theihna dingin.
37အတိုးအပွါးကို မြော်လင့်၍ ငွေကို၎င်း၊ စားစရာကို၎င်း၊ သူ၌ မချေးမငှါးရ။
37A pung delhin na sum na leitawi sak ding ahi kei.
38ငါသည် ခါနာန်ပြည်ကို သင်တို့အားပေး၍၊ သင်တို့၏ ဘုရားသခင်ဖြစ်အံ့သောငှါ၊ သင်တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်၏ ထာဝရဘုရားဖြစ်၏။
38Kei na TOUPA na Pathian uh, Kanaan gam honpepa leh na Pathian uh hi dinga Aigupta gam akipana honpikhepa ka hi hi.
39သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ သင်၌ အရောင်းခံလျှင်၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကို အနိုင်မပြုရ။
39Huan, na unau a hongentheiha, na kianga a hong puk lut leh sikha banga na zat ding ahikei.
40သူသည် သူငှါးကဲ့သို့၎င်း၊ ဧည့်သည်ကဲ့သို့၎င်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည်။
40Kilohmi bang leh na kianga teng sam bangin na kiangah a om ding ahi: Jubili kum tanin na na a sem ding.
41ထိုအခါ သူသည် သားသမီးနှင့်တကွ ထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။
41Huai khitin na kianga akipan a pawt dinga, amah leh a tate toh, huan, amau inkuanngei ah a lut nawn ding uh, a pi leh pute in leh lou a luah nawn ding uhi.
42အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော ငါ၏ အမှုထမ်းဖြစ်၍၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ၊ မရောင်းရ။
42Aigupta gam akipana ka pi khiak, ka sikhate ahi ngal ua, sikha khota khot ding ahi kei uh.
43သူ့ကို ကြမ်းတမ်းစွာ မစီရင်ရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။
43Khel takin a lakah na om ding ahi kei, na Pathian laudan na siam jawk ding ahi.
44သင်သည် စေခိုင်းသောကျွန်၊ ကျွန်မတို့ကို၊ သင့် ပတ်လည်ဝန်းကျင်တို့၌ နေသော သာသနာပလူတို့ တွင် ဝယ်ရမည်။
44Sikhanu leh sikhapa na neih dingte na kim ua nam laka mi, sikhanu leh sikhapa dingin na lei ding uh ahi.
45ထိုမှတပါး၊ သင်တို့တွင် တည်းနေသော တကျွန်းတနိုင်ငံသားတို့ကို၎င်း၊ သင်တို့ပြည်၌ သူတို့ရသော သားသမီးများကို၎င်း ဝယ်၍ ပိုင်ရမည်။
45Huan, na lak ua teng gam dang mi leh na gam ua piang a inkote uh laka mite leng na lei thei sam ding uh; huaite na mi na sa uh ahi ding uhi.
46သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ၍ ပိုင်ရမည်။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင်၊ တယောက်ကိုတယောက် ကြမ်း တမ်းစွာ မစီရင်ရ။
46Huan, na nung ua na tate uh gouluah dingin, a mi a sa ua a neih ding un amau dingin na bawl ding uh; huai laka mite na khantawn sikha ding un na nei ding uh: himahleh na unau Israel suante laka khel takin na om ding uh ahi kei.
47သင့်အနားမှာတည်းနေသော တကျွန်းတနိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏ အမျိုးသားချင်း ဆင်းရဲသဖြင့်၊ သင့်အနားမှာ တည်းနေသော တကျွန်းတနိုင်ငံသား၌၎င်း၊ သူ၏ သားမြေး၌၎င်း၊ ကိုယ်ကိုရောင်းချလျှင်၊-
47Gam dang mi hiam, na kianga teng kuahiam honkhophata, a kianga na unaupa a honggentheiha, na kianga gam dang mi hiam, na kianga teng kiang hiama, gam dang mite suan inko laka hiam a puk lut leh.
48ရောင်းပြီးမှ ရွေးနှုတ်သော အခွင့်ရှိစေရမည်။ မိမိအမျိုးသား တစုံတယောက်သည် ရွေးနှုတ်ရမည်။
48Khotsa a hih nungin tat nawn theih ding; a unaute laka khatin amah a tan thei ding.
49ဘကြီး၊ ဘထွေး၊ ညီအစ်ကိုတော်မှစ၍ အဆွေအမျိုးပေါက်ဘော်ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည်။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနှုတ်ရမည်။
49A pangakin hiam, a pangak tapain hiam a tan thei ding; a chite laka a tanau naiin hiam a tan thei ding hi; huan, amah leng a hongphat nawn leh a kitanthei ding hi.
50သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သော နှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍၎င်း၊ သူငှါးလုပ်ရသည် ကာလကို ထောက်၍၎င်း၊ ကိုယ်အဘိုးကို စီရင်ရမည်။
50A puklut na pa toha puklut akipana Jubili kum nawn ding sut khawm uhenla a puklut man a kum omdanin ahi dinga; huan kilehmi dia goih sut bang jela sut sak ahi ding hi.
51ယုဘိလနှစ်မရောက်မှီ၊ အစေခံရသော နှစ်ပေါင်း အနည်းအများကို ရေတွက်၍၊-
51Kum tampi a om lai leh a tatna manpen a belh sung hu toh kituak man a piak kik nawn ding ahi.
52လိုသေးသော နှစ်ပေါင်း အနည်းအများအလိုက် ရွေးရန်အဘိုးကို၊ ဝယ်ရင်းငွေထဲက နှုတ်၍ ပြန်ပေး ရမည်။
52Jubili kum tunna ding kum tawm chik kia om phet ahihleh sut khawm uhen; a om kum tamdan dungjuiin a tatna man a piak kik ding ahi.
53ထိုသူသည် တနှစ် နောက်တနှစ်၊ သူငှါးကဲ့သို့ နေရမည်။ သင့်မျက်မှောက်၌ ညှဉ်းဆဲခြင်းကို မခံရ။
53Kum khat bi jela goih kilohmi bangin a bel ding hi: Na mitmuhin khel takin a bawl ding ahi kei.
54ထိုသို့သောနည်းဖြင့် မရွေးမနှုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှ လွှတ်ရမည်။
54Huchibang lama tat a hih kei lehleng, Jubili kumin a pawt dinga, amah leh a tate toh.Israel suante lah ka sikhate ahi ngala ua, Aigupta gam kipan ka pi khiak, ka sikhate ahi uh; Kei TOUPA na Pathian uh ka hi.
55အကြောင်းမူကား ဣသရေလအမျိုးသားတို့သည်၊ ငါ၏ အမှုထမ်းဖြစ်ကြ၏။ အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်ခဲ့သော ငါ၏ အမှုထမ်းဖြစ်ကြ၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
55Israel suante lah ka sikhate ahi ngala ua, Aigupta gam kipan ka pi khiak, ka sikhate ahi uh; Kei TOUPA na Pathian uh ka hi.