1ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ် တော်သည် တောသို့ ပို့ဆောင်တော်မူ၏။
1Huan, Jesu tuh Kha Siangthouin a dima, Jordan lui akipan a kik nawna, diabol khem kawmin gamdai ah ni sawm li Kha piin a om a.
2အရက်လေးဆယ်ပတ်လုံး မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ၏။
2Huan, huai ni khawngin bangmah a ne kei a;
3မာရ်နတ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေ ခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
3Huan, a tawpin a gil a hongkialta a. Huan, diabolin a kiangah, Pathian Tapa na hih leh hiai suang tanghou suak dingin thupia in, a chi a.
4ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်ကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏။
4Huan, Jesun a kiangah, Mihing tanghou kiain a hing kei ding, chih gelh ahi, a chi a, a dawng a.
5တဖန်မာရ်နတ်သည် ယေရှုကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊
5Huan, a pi tou a, mit phiat kallouin khovel gam tengteng a ensaka.
6ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအားပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။
6Huan, a kiangah, Hiai tengteng tunga thuneihna leh a thupina ka honpe ding; ka kianga piak a hita ngala, ka ut peuh kiangah leng ka pe jel a.
7ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာဖြစ်လိမ့်မည်ဟု လျှောက်လေ၏။
7Huchiin, honbia inla, a vekin nanga ahi ding, a chi a.
8ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကိုး ကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။
8Huan, Jesun a kiangah, Toupa na Pathian na biak dinga amah kia na na sep ding ahi, chih gelh ahi, a chi a, a dawng a.
9တဖန်မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဗိမာန်တော်၏ အထွဋ်၌ တင်ထား ပြီးလျှင်၊
9Huan, diabolin Jerusalem khua ah a pi a, Pathian biakin tungzum ah a koiha, huan, a kiangah, Pathian Tapa na hih leh, hiai akipanin ke khe sukin;
10ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်စေခြင်းငှါ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထား တော်မူသည်ဖြစ်၍၊
10Nangmah honhumbit dingin na tungthu ah jaw a angelte thu a pe ding,
11သင်၏ခြေကိုကျောက်နှင့် မထိမခိုက်စေခြင်းငှါ၊ သူတို့သည် သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွဋ်မှ ကိုယ်ကိုအောက်သို့ ချ လိုက်တော်မူပါဟု လျှောက်လေ၏။
11chih leh, a khut un hondom ding ua, huchilou injaw na khein suang na sui khading, chih gelh ahi ngala, a chi a.
12ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကား ရှိ သည်ဟု ပြန်ပြောတော်မူ၏။
12Huan, Jesun a kiangah, Toupa na Pathian zeet ken, chih ahi, chiin a dawnga.
13ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်း အမှုအလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာနေလေ၏။
13Huan, diabolin a khemna ding tenga a khem khitin a lemtan hun chiang dingin a paisanta hi.
14ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ဂါလိလဲပြည်သို့ပြန်၍၊ သိတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။ တရားစရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊
14Huan, Jesu tuh Kha thilhihtheihnain Galili gamah a pai nawnta a; huan, a tanchin huai kim gam tengah a thangta.
15လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးမွမ်းကြ၏။
15Huan, a kikhopna in uah thu a hilh jela, mi tengteng phatin a om hi.
16ကြီးပွားတော်မူရာ နာဇရပ်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားစရပ် သို့ ဝင်၍ ကျမ်းစာကို ဘတ်ရွတ်ခြင်းငှါ ထတော်မူ၏။
16Huan, a khanletna khua Nazaret a hongtunga; huan Khawlnia a hihdan ngeina bangin kikhopna in ah a luta; sim dingin a dinga.
17စရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကိုပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့ သောအချက်စကားဟူမူကား၊
17Huan, jawlnei Isai laibu a kiangah a pia ua. Huan, laibu jial tuh a phel a, hiai thu kigelhna lai tak a sim a,
18ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။
18Liangvaite kiangah Tanchin Hoih hilh dinga non seh jiakin Toupa Kha tuh ka tungah a om; Aman a honsawl, salte kiangah pawtna thu leh, mittote kianga mit vak neih nawnna thu gen ding, simmoh thuakte pawt sakna ding.
19အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ် ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။
19Toupa lungkim kum thu gen dingin, chih.
20ကျမ်းစာကိုလိပ်၍ စရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ စရပ်၌ရှိသောသူအပေါင်းတို့သည် ကိုယ် တော်ကိုစေ့စေ့ကြည့်လျက်နေကြ၏။
20Huan, laibu tuh a jiala, nasepsakpa a pe nawna, a tuta a. Huan, kikhopna ina mi tengteng mit tuh a tungah a tu a.
21ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြာသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော် မူ၏။
21Huan, a kiang uah, Hiai Laisiangthou thu tuniin na jak un a tangtungta, chiin a genpan a.
22ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်တုံသောဟု ဆိုကြ၏။
22Huan, a vek un amah a phat ua, a kam suak hehpihna thute lamdang a sa mahmah uh. Huan, Hiai Joseph tapa ahi ka hia? a chi uh.
23ယေရှုကလည်၊ အကယ်၍သင်တို့သည် ပုံပမာဆောင်လျှက်၊ အချင်းဆေးသမား၊ ကိုယ်အနာကို ငြိမ်း စေလော့။ ငါတို့သည် သိတင်းကြားသည်အတိုင်း၊ သင်သည် ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌လည်း၊ ပြုပါဟူ၍ ငါ့အား ပြောဆိုကြလိမ့်မည်။ သို့သော်လည်း၊ ငါအမှန်ဆိုသည်ကား၊
23Huan, aman a kiang uah, Nou hiai gentehna thu, Daktor, nang leh nang kihihdamin, Kapernaum khuaa na thilhih ka najak peuh uh, hiai ah nangmah kholam ah leng hih in, chiin, honchi khongkhong ding jaw neive ua, a chi a.
24အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရတတ်။
24Huan, amahmahin, Chihtaktakin, ka honhilh ahi, Jawlnei kuamah amah kholamah min a kipahpih ngei kei.
25ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက် ဧလိယ လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုဃ်းခေါင်၍၊ ပြည်နိုင်ငံတလျှောက်လုံး အစာအဟာရအလွန်ခေါင်းပါးခြင်း ရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သော မုတ်ဆိုးမ အများရှိကြ၏။
25Huchiin, diktakin ka honchi ahi, Elija dam laia, kum thum leh kha guk van a bina, khovela kial nakpitaka a hongtunin, Israel gamah meithai tampi a om ua;
26သို့သော်လည်း၊ ထိုမုဆိုးမတယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူ ဖြစ်သော မုတ်ဆိုးမတယောက်ရှိရာသို့ စေလွှတ်တော်မူ၏။
26Himahleh a lak ua kuamah kiangah Elija sawl ahi kei, Sidon gam lama Sarepta khuaa numei khat meithai kiangah kia sawl a hijaw.
27ပရောဖက် ဧလိရှဲလက်ထက်တွင်လည်း၊ ဣသရေလအမျိုး၌ နူနာစွဲသောသူအများရှိကြ၏။ သို့သော် လည်း၊ နေမန်အမည်ရှိသော ရှုရိလူမှတပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့ မရောက်ဟုမိန့်တော်မူ၏။
27Huan, jawlnei Elisa dam laiin leng Israel gamah phak tampi a om ua; himahleh a lak uah kuamah hihsiangthouin a om kei, Naaman, Suria mi kia hihsiangthouin a om zota ve, a chi a.
28တရားစရပ်၌ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာအမျက်ထွက် သည်နှင့်၊
28Huan, kikhopna ina mi tengtengin, huai thute a jak tak un, a heh mahmah ua,
29ထ၍ ကိုယ်တော်ကိုမြို့ပြင်သို့ နှင်ထုတ်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ စောင့်ထိုးတွန်းချ ခြင်းငှါ ဆောင်သွားကြ၏။
29a ding suausuau ua, khua akipanin a sawn khia ua, paih khiak dingin a kho omna kawlkhou uah a pita ua.
30ကိုယ်တော်သည် သူတို့အလယ်၌ လျှောက်၍ ကြွသွားတော်မူ၏။
30Himahleh, amah tuh a kikal uah a pai suaka, a paimangta.
31ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒပေးတော်မူ၏။
31Huan, Galili gama khua khat, Kapernaum ah vahoh suk a. Huan, Khawlniin mite thu a hilha;
32အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကိုအလွန်အံ့ဩကြ၏။
32huan, thunei taka a gen jiakin a thu hilh tuh lamdang a sa mahmah uh.
33ထိုတရားစရပ်၌ ညစ်ညူးသော နတ်ဆိုးစွဲသောသူတယောက်ရှိ၍၊
33Huan, kikhopnain ah dawi nin kha pai mi khat a na om a;
34ဪနာဇရပ်မြို့သား ယေရှုကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်ကြော်လေ၏။
34amah tuh aw ngaihtakin a kikoua, Ei! Nazaret Jesu, kou leh nang bang ahia i kizolhna om? honhihmangthang dingin na hong maw? Nang kon thei, Pathian Mi Siangthou na hi, a chi a.
35ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ် ဆိုးသည်ထိုသူကို လူအများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။
35Huan, Jesun a taia, Dai inla, a sung akipan hongpawt in, a chi a. Huan, dawiin a laiah a hihpuk phota, hihna louin a sunga kipan a hongpawtta a.
36လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သော စကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်းဆွေးနွေး ပြော ဆိုကြ၏။
36Huan, a vek un lamdang a sa mahmah ua, Hiai bang thu ahia le? Thu neitak leh thilhihthei takin dawi ninte thu a pia a, a pawt uh, chiin, a kihou ua.
37သိတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။
37Huan, huai kim gam kho tengah a tanchin a thangta.
38တရားစရပ်မှ ထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသော ဖျားနာစွဲ သည်ဖြစ်၍ သူ့အတွက်ကိုယ်တော်ကိုတောင် လျှောက်ကြ၏။
38Huan, a thou a, kikhopna in akipan a pawta, Simon in ah a lut a. Huan, Simon ji nu nakpitakin a khua a nasik a, huchiin amah adingin a nachial sak ua.
39ကိုယ်တော်သည် ထိုမိန်းမ၏ အနားမှာရပ်၍ ဖျားနာကိုဆုံးမတော်မူလျှင်၊ သူသည် အဖျားပျောက် သဖြင့် ချက်ခြင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။
39Huan, a kiangah a dinga, khosik tuh a tai a, a daita hi; huan, a thou pahta a, a na uh a sep sakta.
40နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထို လူနာတို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့ အပေါ်၌လက်တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ၏။
40Huan, ni tum kuanin nat tuamtuam a na, damlou nei peuhmahin a kiangah a honpi ua; huan, a vek un a tunguah a khut a koih chiata, a nahihdam jel.
41နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူ ၏ဟု ဟစ်ကြော်လျက်လူများမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသော ကြောင့် စကားတခွန်းကိုမျှ မပြောစေခြင်းငှါ မြစ်တားတော်မူ၏။
41Huan, dawite leng, Pathian Tapa na hi, chia kikouin, mi tampi sunga kipanin hongpawt uh. Huan, amau a tai a, Kris tuh ahi chih a theih jiak un a pau uh a phal kei hi.
42မိုဃ်းလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ၍၊ လူအများတို့သည် ကိုယ်တော်ကိုရှာကြ၏၊ အထံတော်သို့ရောက်လျှင်၊ မိမိတို့နေရာမှ ထွက်ကြွတော် မမူမည်အကြောင်း ဆီးတားကြ၏။
42Huan, khovak takin a pawta, kuamah omlouhna mun ah a hoha; huan mipiten a zong ua, a kiangah a hong ua, amau a pai san louhna dingin let a tum ua.
43ကိုယ်တော်ကလည်း၊ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့ ၌ ငါဟောပြောရမည်။
43Himahleh, aman, a kiang uah, Kho dang khawngah leng Pathian gam tanchin Hoih ka hilh ding ahi,huai dinga sawl ka hi ngala, a chi a; huchiin, Galili gama kikhopna in khawngah thu a hilhta.
44ထိုသို့အလို့ငှါ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ၍၊ ဂါလိလဲပြည်မှာ တရားစရပ်တို့၌ တရား ဟောပြောလျက်နေတော်မူ၏။
44huai dinga sawl ka hi ngala, a chi a; huchiin, Galili gama kikhopna in khawngah thu a hilhta.