Myanmar

Paite

Malachi

1

1ထာဝရဘုရားသည် မာလခိလက်တွင် ဣသ ရေလအမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ်နှုတ်က ပတ်တော်တည်းဟူသော၊
1Israel kianga TOUPA thu kilakna Malakiin a muh
2ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ သင်တို့ကို ငါချစ်လေပြီ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေးကြလျှင်၊ ဧသောသည် ယာကုပ်၏အစ်ကိုဖြစ်သည်မဟုတ်လော။ သို့သော်လည်း ယာကုပ်ကို ငါချစ်၏။
2Ka honitta, TOUPAN a chi, Nou bel, koilaiah ahia nang kou non ittak? na chi ua, Esay Jakob unaupa ahi kei maw? TOUPAN a chi; hinapiin Jakob ka it:
3ဧသောကို ငါမုန်း၍ သူနေသောတောင်တို့ကို လွင်ပြင်ဖြစ်စေပြီ။ သူ့အမွေခံရာမြေကို မြေခွေးတို့၌ အပ်လေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
3Himahleh Esau ka huaa, a tangsangte ka hihgopa, a goutan gamdai sehalte kiangah ka peta hi.
4ဧဒုံအမျိုးသားတို့က၊ ငါတို့သည် ပျက်စီးသော် လည်း၊ ပျက်စီးသောအရပ်တို့ကို တဖန်တည်ဆောက်ဦး မည်ဟုဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် တည်ဆောက် သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရားအစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ ၍ သမုတ်ကြလိမ့်မည်။
4Edomin, Sukjawngkhalin i om ua, himahleh i kik nawn ding ua mun segawpsate i lam ding uh, chi mahleh, hichibangin sepaihte TOUPAN a chi, a lam ding ua, himahleh ka chim sak ding; huan miten amaute gitlouhna gam leh, Mipi a tung ua khantawna TOUPA hehnate, a chi ding uh.
5ထိုအမှုကို သင်တို့သည် မြင်သောအခါ၊ ထာဝရ ဘုရားသည် ဣသရေလပြည်၏ပြင်မှာ ဘုန်းတန်ခိုး ကြီးတော်မူသည်ဟု ဆိုကြလိမ့်မည်။
5Huchiin na mitte uh a mu dia, Israel gamgi khenah TOUPA letsakin om hen, na chi ding uhi.
6သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ် သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင် တို့မေးရာတွင်၊
6Tapain a pa a zahtaka, sikhain a pu; huchia pa ka hih leh, kei zahtakna kaw om ahia? huchia pu ka hih leh, kei kihtakna kaw om ahia? sepaite TOUPAN na kiang uah a chi, siampu ka min musitte aw. Huan nou, Koilaiah ahia na min ka muhsit uh? na chi ua,
7ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟုမေးရာတွင်၊ ထာဝရ ဘုရား၏စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။
7Ka maitam tungah tanghou sesa na lan ua, huan nou Koilaiah ahia kon hihnit uh? na chi uh. TOUPA dohkan a simmohhuai, na chih na uah.
8မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
8Huan kithoihna dinga mittaw na lat un, gilou ahi kei maw? huan khebai leh damlou na lat un, gilou ahi kei maw? Tuin na ukpipa kiangah tawiin na tungah a lungdam diam? ahihkeileh nou hon deihsak diam? sepaihte TOUPAN a chi.
9ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မ သနားတော်မူမည်အကြောင်း၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းကြပါလော့။ သင်တို့လက်ခံသောကြောင့် ဤသို့ ပြုတတ်ကြ၏။ သင်တို့မျက်နှာကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
9Huchiin tuin, ka honngen hi, i tunga a chitna theihna dingin Pathian deihsakna ngen un. Hiai na khut ua kipan thilpiak toh nou hondeih sak diam? sepaiht TOUPAN a chi.
10သင်တို့တွင် အဘယ်သူသည် ငါ့တံခါးတို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကို အချည်းနှီးမညှိရကြ။ သင်တို့ကို အလိုမရှိ၊ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားမိန့်တော်မူ၏။
10A thawna ka maitam tunga mei na toh louhna ding un, na lak ua mi khat kongkhakte khak ding om le aw; Sepaihte TOUPAN, Nouah kipahna ka neikeia, na khut ua kipanin thillat leng ka sang sam kei ding, a chi.
11နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်။ ခပ်သိမ်းသော အရပ်တို့၌ နံ့သာပေါင်း ကို ငါ၏နာမတော်အား မီးရှို့၍၊ သန့်ရှင်းသော ပူဇော် သက္ကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
11Ni suahna lama kipan ni tumna lam pha hialin leng Jentelte lak ah ka min a thupi ngala, huan mun chihah ka min adin gimlim a kilana, thillat siangthou; Jentelte laka ka min a let jiakin, sepaihte TOUPAN a chi.
12သင်တို့က၊ ထာဝရဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ၏ဟုဆိုသောကြောင့် စားပွဲတော်ကို ရှုတ်ချကြပြီ။
12Himahleh nou na hihnin ua, TOUPA dohkan a nina, huaia a gah, a an nangawn, a zahpihhuai, na chih na uah.
13တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်းစွတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရ မည်လောဟု ထာဝရဘုရားမေးတော်မူ၏။
13Ngai un, a chimtakhuai na e; na chi lai ua, huan na hahchhiau khum uh, sepaihte TOUPAN a chi, hiam maa lak van na tawi ua, khebaite, damloute, huchibangin thillat na hontawi uh; na khut ua kipanin hiai ka sang peuh mah ding hia? TOUPAN a chi hi.Himahleh a ganhon laka a pa neia, thuchiama TOUPA laka thil demkaia kithoih, mikhem pa hamsiatin om heh; kumpipa thupi ka hia, Jentelte lakah ka min a lauhuai ngala, sepaihte TOUPAN a chi hi.
14သစ္စာဂတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက် ပင် လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသ တည်း။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏ နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
14Himahleh a ganhon laka a pa neia, thuchiama TOUPA laka thil demkaia kithoih, mikhem pa hamsiatin om heh; kumpipa thupi ka hia, Jentelte lakah ka min a lauhuai ngala, sepaihte TOUPAN a chi hi.