Myanmar

Paite

Nehemiah

12

1ရှာလသေလသား ဇေရုဗဗေလနှင့် ယောရှု နောက်သို့ လိုက်လာ သောယဇ်ပုရောဟိတ်၊ လေဝိသား ဟူမူကား၊ စရာယ၊ ယေရမိ၊ ဧဇရ၊
1Huan hiaite Sialtiel tapa Zerubbabel toh tontou siampute leh Levi mite ahi uh, Jesua, Serai, Jeremia, Ezra toh;
2အာမရိ၊ မလ္လုတ်၊ ဟတ္တုတ်၊
2Amaria, Malluk, Hattus;
3ရှေခနိ၊ ရေတုံ၊ မေရမုတ်၊
3Sekania, Rehum, Meremot;
4ဣဒေါ၊ ဂိန္နေသုန်၊ အဘိယ၊
4Iddo, Ginnethoi, Abija;
5မိညာမိန်၊ မာဒျာ၊ ဗိလဂ၊
5Mijamin, Maadia, Bilgah;
6ရှေမာယ၊ ယောယရိပ်၊ ယေဒါယ၊
6Semaia, Joiarib, Jedaia;
7သလ္လု၊ အာမောက်၊ ဟိလခိ၊ ယေဒါယတည်း ဟူသော ယောရှုလက်ထက်၌ အမျိုးသားချင်း ယဇ် ပုရောဟိတ်တို့တွင် အကြီးအကဲ ဖြစ်ကြ၏။
7Sallu, Amok, Hilkia, Jedaia. Hiai te siampute lak leh a unaute uh laka Jesua damlai a pipente uh ahi.
8လေဝိသားမူကား ယောရှု၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ ကျေးဇူးတော် ချီးမွမ်းခြင်းအမှုကို ညီအစ်ကို တို့နှင့်အတူ အုပ်သော မဿနိတည်း။
8Levi mite mah leng: Jesua, Binnui, kadmiel, Serebia, Juda, Mattania, kipahthugenna tunga om, amah leh a unaute.
9သူတို့ညီအစ်ကို ဗာကဗုကိနှင့် ဥနိတို့သည် ကင်းစောင့်အမှုကို အုပ်ရကြ၏။
9Bakbukia leh Unno leng, a unaute utoh, amau delhin dan suangah a om uh.
10ယောရှုသား ယောယကိမ်၊ ယောယကိမ်သား ဧလျာရှိပ်၊ ဧလျာရှိပ်သား ယောယဒ၊
10Huan Jesuain Joiakim a suanga, Joiakimin Eliasib a suanga, Eliasibin Joiada a suanga,
11ယောယဒသား ယောနသန်၊ ယောနသန်သား ယာဒွါတည်း။
11Joiadain Jonathan a suanga, Jonathanin Jaddua a suanga.
12ယောယကိန် လက်ထက်၌ အဆွေအမျိုးသူကြီး ယဇ်ပုရောဟိတ် များဟူမူကား၊ စရာယသား မေရာယ၊ ယေရမိသား ဟာနနိ၊
12Huan Joiakim dam laiin siampute a om ua, pipute inkote lupente: Seraia laka, Meraia: Jeremia lakah, Hanania;
13ဧဇရသား မေရှုလံ၊ အာမရိသား ယောဟနန်၊
13Ezra lakah, Mesullam; Amaria lakah, Jehohanan;
14မလ္လုတ်သားယောနသန်၊ ရှေခနိသားယောသပ်၊
14Malluki lakah, Jonathan; Sebania lakah, Joseph;
15ဟာရိမသား အာဒန၊ မေရာယုတ်သား ဟေလကဲ၊
15Harim lakah, Adna; Meraioth lakah, Helkai;
16ဣဒေါသား ဇာခရိ၊ ဂိန္နေသုန်သား မေရှုလံ၊
16Iddo lakah Zekaria; Ginnethon lakah, Mesullam;
17အဘိယသား ဇိခရိ၊ မိညာမိန်သား၊ မာဒျာသား ပိလတဲ၊
17Abija lakah, Zikri; Miniamin lakah, Piltai;
18ဗိလဂသား ရှမွာ၊ ရှေမာယသား ယေဟော နသန်၊
18Bilgah lakah, Sammua; Semaia lakah, Jehonathan;
19ယောယရိပ်သား မတ္တေနဲ၊ ယေဒါယသားဩဇိ၊
19Joiarib lakah Mattenai; Jedaia lakah, Uzzi;
20သလ္လုသား ကာလဲ၊ အာမောက်သား ဧဗာ၊
20Sallai lakah, Kallai; Amok lakah, Eber;
21ဟိလခိသား ဟာရှဘိ၊ ယေဒါယသား နာသ နေလတည်း။
21Hilkia lakah, Hasabia; Jedaia lakah, Nethanel.
22ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့ လက်ထက်၌ လေဝိသား အဆွေအမျိုးသူကြီးတို့ကို၎င်း၊ ပေရလိမင်း ဒါရိလက်ထက်တိုင်အောင် ယဇ်ပုရောဟိတ် တို့ကို၎င်း၊ မှတ်သားသော စာရင်းရှိ၏။
22Eliasib, Joiada, Johanan, Jaddua damlaiin Levi mite, pipute inkote lupena gelh ahi uh: Persia mi Daria lal laia, siampute tohin.
23ဧလျာရှိပ်သား ယောဟနန်လက်ထက် တိုင် အောင် လေဝိသား အဆွေအမျိုးသူကြီးတို့ကို စာရင်းယူ၍ ရာဇဝင်မှတ်စာ၌ သွင်းသတည်း။
23Levi tapate, pipute inkote lupente, Kronikil laibu ah, Eliasib tapa Johanan damlai tan hiala, gelh ahi.
24လေဝိသားအကြီးအကဲ၊ ဟာရှဘိ၊ ရှေရဘိ၊ ကပ်မျေလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း၍ ဘုရားသခင်၏ လူဒါဝိဒ်စီရင်သည်အတိုင်း ဂုဏ်ကျေးဇူး တော်ကို ဘော်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ၏။
24Huan Levi mite hausate: Hasabia, Serebia, Jesua, Kadmiel tapa, amau delh a unaute uh, Pathian mi David thupiak dungjuiin, indan leh indan kisuin.
25မဿနိ၊ ဗာကဗုကိ၊ ဩဗဒိ၊ မေရှုလံ၊ တာလမုန်၊ အက္ကုပ်တို့သည်လည်း တံခါးဝနားမှာ စောင့်ရသော တံခါးစောင့်ဖြစ်ကြ၏။
25Mattania, Bakbukia, Obadia, Mesullam, Talmon, Akkub te kongpite sek-ina dantan kem kongkhakngakte ahi uh.
26ထိုသူတို့သည် ယောဇဒက်သား ယောရှု၏သား ယောယကိန်လက်ထက်၊ မြို့ဝန်နေဟမိလက်ထက်၊ ကျမ်း တတ်ယဇ်ပုရောဟိတ် ဧဇရလက်ထက်၌ရှိကြ၏။
26Hiaite Jesua tapa Joiakim, Jozadak tapa damlai, Nehemia ukpipa leh Ezra siampu laigelhmi damlaia om ahi uh.
27ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုသော အခါ၊ ခွက်ကွင်း၊ စောင်း၊ တယောနှင့် တီးမှုတ်လျက် သီချင်းဆိုလျက် ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဒနာ ပြုအံ့သောငှါ လေဝိသားတို့ကိုရှာ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ၏။
27Huan Jerusalem kulhbang latna adin a omna tengteng uah Levi mite a zong khia ua, kipahna toh, kipahthugenna leh, lasak, dakkhutbet, tumgingte leh kaihgingte toha Jerusalema amaute honpi dinga, kipahna bawl dingin.
28ဓမ္မသီချင်းကို ဆိုတတ်သောအမျိုးသားတို့သည်၊
28Huan lasamite tapate a kikai khawm ua, Jerusalem kimvela phaijang akipan leh Netophat mite khotate akipanin;
29ယေရုရှလင်မြို့ပတ်ဝန်းကျင်ရွာတို့၌ နေရာကျ လျက်ရှိ၍၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်၊ လွင်ပြင်အရပ် များ၊ နေတောဖာသိရွာများ၊ ဂိလဂါလမြို့နယ်၊ ဂေဗနှင့် အာဇမာဝက်ကျေးလက်ထဲက လာ၍ စည်းဝေးကြ၏။
29Beth-gilgal akipanin leng, Geba leh Azmaveth loute akipanin: lasamiten lah Jerusalem kimvelin khotate a na bawlta ngal ua.
30ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည်လည်း၊ ကိုယ်ကို၎င်း၊ လူများ၊ မြို့တံခါး၊ မြို့ရိုးကို၎င်း စင်ကြယ်စေ ကြ၏။
30Huchiin siampute leh Levi mite a kisiangsak ua: mite leh kongpite leh kulhbangte a siang sak uh.
31ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ငါခေါ်၍၊ ချီးမွမ်းရာသီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား၏။ တစုကားလက်ျာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုး ပေါ်မှာ ရှောက်သွားကြ၏။
31Huchilaiin kulhbang tungah Juda lalte ka pi toua, kipahtugen leh a hona pai pawlpi nih ka sepa; huaiah pawl khat kulhbang tungah ekvum kongpi lamah a pai ua:
32သူတို့နောက်မှာ ဟောရှာယနှင့် ယုဒမင်း တဝက်၊
32Huan amau nungah Hosai leh, Juda lalte lak a kimkhat,
33အာဇရိ၊ ဧဇရ၊ မေရှုလံ၊
33Azaria, Ezra, Mesullam,
34ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယ၊ ယေရမိ၊
34Juda, Benjamin, Semaia, Jeremia,
35တံပိုးကိုင်သော ယဇ်ပုရောဟိတ် အမျိုးသား အချို့၊ အာသပ်၊ ဇက္ကုရ၊ မိက္ခာယ၊ မဿနိ၊ ရှေမာယ၊ ယောနသန်တို့မှ ဆင်းသက်သော ဇာခရိ အစရှိသော၊
35Leh siampute tapate laka kuate hiam pengkulte toh: Zekaria Jonathan tapa, Semaia tapa, Mattaria, tapa, Mikaia tapa, Zakkur tapa, Asaph tapa;
36သူ၏ညီရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသလေ၊ ယုဒ၊ ဟာနနိတို့သည် ဘုရားသခင်၏ လူဒါဝိဒ်၏ တုရိယာမျိုးကို ကိုင်လျက်လိုက်ကြ၏။ ကျမ်း တတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။
36A unaute, Simaia, Azarel, Milalai, Gilalai, Maai, Nethanel, Juda, Hanani Pathian mi David tumgingtheih te toh; huan a ma uah Ezra laigelhmi a oma:
37သူတို့တဘက်တချက်၌ ရှိသောစမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက်၍၊ ဒါဝိဒ်အိမ်တော်အထက် အရှေ့မျက်နှာ၌ ရေတံခါးတိုင်အောင် သွားကြ၏။
37Tuikhuk kongpi kiangah, a ma jawn tak uah, David khopi dohkang ah a pai tou ua, kulhbang tou paina ah, David in tunglam ah, suahlampanga tui kongpi phain.
38သီချင်းသည် တစုကား၊ လက်ဝဲဘက်သို့လှည့်၍၊ ငါနှင့်တဝက် သောလူများတို့သည် မြို့ရိုးပေါ်၊ မီးဖိုပြအိုးမှ ကျယ်သောမြို့ရိုးတိုင်အောင် လိုက်ကြ၏။
38Huan a lak ua pawl dang kipahthugente amaute tuak dingin a pai ua, kei amau nungah, kulhbang tunga, meipi insang tunglamah, kulhbang lian tanphain;
39ဧဖရိမ်တံခါး၊ ဟောင်းသောတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုး၊ မေအာပြအိုးအထက်မှစ၍ သိုးတံခါး တိုင်အောင် လိုက်သဖြင့်၊ ထောင်တံခါးဝတွင် ရပ်နေ ကြ၏။
39Huan Ephraim kongpi tungah, kongpi lui kiang, ngasa kongpi kianga, Hananel insang, Meah insang, belam kongpi tanphain: huan venna kongpi ah a ding kinken uh.
40တဖန် သီချင်းသည်နှစ်စုသည် ဘုရားသခင် အိမ်တော်တွင် ရပ်၍၊ တဝက်သော မင်းအရာရှိတို့သည် ငါနှင့်အတူ၊
40Huchiin Pathian in sunga kipahthugen bawl nihte leh kei, leh ka kianga vaihawmte laka a kimkhat a ding ua:
41တံပိုးကိုင်သောယဇ်ပုရောဟိတ် ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိဩနဲ၊ ဇာခရိ၊ ဟာနနိ နှင့်တကွ၊
41Huan siampute, Eliakim, Maasei, Miniamin, Mikai, Elioenai, Zekaria, Hanania, pengkulte toh;
42မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယောဟ နန်၊ မာလခိယ၊ ဧလံ၊ ဧဇာ တို့သည်ရှိကြ၏။ သီချင်းသည် တို့သည် ဆရာယေဇရာဟိနှင့်တကွ အသံကိုလွှင့်၍ ဆိုကြ၏။
42Huan Maasei, Semai, Eleazar, Uzzi, Johohanan, Malkija, Elam leh Ezer. Huan lasamiten ngaihtakin, a heutupa uh Jezrahia toh la a sa ua.
43ထိုနေ့၌ များစွာသော ယဇ်တို့ကို ပူဇော်ကြ၏။ အလွန် ဝမ်းမြောက်သောအခွင့်ကို ဘုရားသခင်ပေးတော် မူသောကြောင့်၊ သားမယားနှင့်တကွ ဝမ်းမြောက်ခြင်းကို ပြု၍ ယေရုရှလင်မြို့ ဝမ်းမြောက်သံကို ဝေးသောအရပ်၌ ကြားရကြ၏။
43Huan huai niin kithoihna thupite a lan ua, nuam a sa uhi; Pathianin lah nuamsakna thupi toh amau nuam a sasak ngala; huchiin numeite leh naupangte toh a kipak uhi: huchiin Jerusalem kipahna gamla pi tana leng jakin a om hi.
44ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့်၊ ယုဒအမျိုး သားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ်၍၊ ယဇ် ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သက္ကာ၊ အဦးသီးသောအသီး၊ ဆယ်ဘို့တဘို့ကို မြို့နယ်ကျေးလက် ထဲက သိမ်းယူ၍၊ သိုထားစရာဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ၏။
44Huan, huai niin thohlawm te, vei thillat te, hai thak masa pente, sawmakhatte koihkhawmna dantantea heutu, danin a seh banga, siampu leh Levite tantuan kho chihin a nahihzoh bang jel ua lakhawmmi dingte a sep ua; Judate bel nasemmi siampute leh Levite jiakin a kipak mahmah uhi.
45သီချင်းသည်နှင့် တံခါးစောင့်တို့သည်လည်း၊ ဒါဝိဒ်နှင့် သားတော် ရှောလမုန်စီရင်သည်အတိုင်း၊ သူတို့ ဘုရားသခင်အမှုနှင့် စင်ကြယ်ခြင်းအမှုကို စောင့်ရှောက် လျက် နေကြ၏။
45Huan a Pathian uh indan leh siansakna indan a kem ua, huchibangin lasamite leh kongkhakngakmiten David leh, a tapa Solomon thupiak bangin a hihta uh.
46ရှေးကာလ၊ ဒါဝိဒ်နှင့် အာသပ်လက်ထက်၌၊ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကို ဆိုရသောသူ အကြီးအကဲရှိကြ၏။
46David leh nidang laia Asaph dam laiin lasami heutupen leh Pathian kianga phatna leh kipahthugenna lasakte lah a om ngala.Huan Zerubbabel damlai leh Nehemia damlaiin Israel tengtengin, ni tenga a kul bangin lasamite leh kongkhakngakmite tantuan a pe jel uhi: huan Levi mite adingin a siangsak ua; huan Aron tapate adingin Levi miten a siangsak uhi.
47ဇေရုဗဗေလနှင့် နေဟမိလက်ထက်၌လည်း၊ ဣသရေလလူ အပေါင်းတို့သည် နေ့ရက်အစဉ်အတိုင်း သီချင်းသည်၊ တံခါးစောင့်ခံအပ်သော စားစရာရိက္ခာကို၎င်း၊ လေဝိသားတို့အား သန့်ရှင်းသော အရာတို့ကို၎င်း လှူကြ၏။ လေဝိသားတို့သည်လည်း ယဇ်ပုရောဟိတ် တို့အားလှူကြ၏။
47Huan Zerubbabel damlai leh Nehemia damlaiin Israel tengtengin, ni tenga a kul bangin lasamite leh kongkhakngakmite tantuan a pe jel uhi: huan Levi mite adingin a siangsak ua; huan Aron tapate adingin Levi miten a siangsak uhi.