1မြို့ရိုးကို လက်စသတ်သောအခါ၊ ငါသည် တံခါး တို့ကို ထူထောင်၍ တံခါးစောင့်၊ သီချင်းသည်၊ လေဝိသား တို့ကို ခန့်ထားပြီးမှ၊
1Huan hichi ahi a, kulhbang lamkhit a hih a, kongkhakte ka tun khita, kongkhakngakmite leh lasamite leh Levi mite seh a hih khit nung un,
2သစ္စာရှိ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေ သော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့၌ ယေရု ရှလင်မြို့ကို အပ်လျက်၊
2Ka unau Hanani, leh Hanania kulh ukpa kiangah Jerusalem kepna ka piaa: mi ginom ahi a, tampi sanga Pathian laudansiam a hih jiakin.
3နေမထွက်မှီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေ နှင့်။ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကို ပိတ်၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တဘက်တချက်၌ ကင်းစောင့်စေဟု စီရင်၏။
3Huan a kiangah, Ni a sat mateng Jerusalem kongpite hon hi kei hen; huan galvila a din lai un, kong khakte khak uhenla, amaute kalhkhum un: huan Jerusalema tengte vengmi sep inla, mi chih amah dinmunah, mi chih amah in jawn chiat ah.
4အကြောင်းမူကား၊ မြို့သည် ကျယ်ဝန်းသော် လည်း နေသောသူနည်း၍ အိမ်များတို့ကို မတည် မဆောက်ကြသေး
4Huan khopi a jain a liana: himahleh huaiah mite a tawm ua, inte lah lam ahi kei uh.
5ထိုအခါမှူးမတ်၊ မင်းအရာရှိ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေးစေမည် အကြံကို ငါ၏ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ၏။
5Huchiin ka Pathianin ka lungtang miliante, vaihawmmite, mipite, kaikhawm dingin a koiha, huchia khangsutnaa sim a hih theihna ding un. Huan a masapena honglang amaute khangsutna laibu ka mutaa, huaiah gelha om ka mu:
6တဖန်ငါတွေ့သောစာရင်းတည်းဟူသော၊
6Hiaite bial naupangte ahi ua, Nebukadnezzar Babulon kumpipan a pimangte, huai pimanga omte laka saltanna kipana piakhe toute, Jerusalem leh Judaa kik nawn, mi chih amah khopia kik;
7ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေ အမျိုးစာရင်းချက်ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော လူစုထဲက ထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင် မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာ သို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်း ဟူမူကား၊
7Zerubbabel, Jesua, Nehemia, Azaria, Raamia, Nahamani, Mordekai, Bilsan, Mispereth, Bigvai, Nehum, Baana toh hong paite.
8ပါရုတ်အမျိုးသားနှစ်ထောင်တရာ ခုနစ်ဆယ် နှစ်ယောက်၊
8Israel mite laka pasal zah: Paros tate, sangnih za khat leh sawmsagih leh nih.
9ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက်၊
9Sephatia tate, za thum sawmsagih leh nih.
10အာရာအမျိုးသား ခြောက်ရာငါးဆယ်နှစ် ယောက်၊
10Ara tate, za guk sawmnga leh nih.
11ပါဟတ်မောဘအမျိုး၊ ယောရှုနှင့် ယွာဘ အမျိုး သားနှစ်ထောင်ရှစ်ရာ တဆယ်ရှစ်ယောက်၊
11Pahath-moab, tate, Jesua leh Joab tate, sang nih leh za giat leh sawmlehgiat.
12ဧလံအမျိုးသား တထောင်နှစ်ရာ ငါးဆယ်လေး ယောက်၊
12Elam tate, sang khat za nih sawmnga leh li.
13ဇတ္တုအမျိုးသားရှစ်ရာလေးဆယ်ငါးယောက်၊
13Zattu tate, za giat sawmli leh nga.
14ဇက္ခဲအမျိုးသား ခုနစ်ရာခြောက်ဆယ်၊
14Zakkai tate, za sagih leh sawmguk.
15ဗိနွိအမျိုးသား ခြောက်ရာလေးဆယ်ရှစ် ယောက်၊
15Binnui tate, za guk sawmli leh giat.
16ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံးယောက်၊
16Bebai tate, za guk sawmnih leh giat.
17အာဇဂဒ်အမျိုးသား တထောင်သုံးရာနှစ်ဆယ် နှစ်ယောက်၊
17Azgad tate, sang nih za thum sawmnih leh nih.
18အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခုနစ်ယောက်၊
18Adonikam tate, za guk sawmguk leh sagih.
19ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ်ခုနစ် ယောက်၊
19Bigvai tate, sang nih sawmguk leh sagih.
20အာဒိန်အမျိုးသား ခြောက်ရာငါးဆယ်ငါး ယောက်၊
20Adin tate, za guk sawmnga leh nga.
21ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ် ယောက်၊
21Ater, Hezekia tate, sawmkua leh giat.
22ဟာရှုံအမျိုးသား သုံးရာနှစ်ဆယ်ရှစ်ယောက်၊
22Hasum tate, za thum sawmnih leh giat.
23ဗေဇဲအမျိုးသား သုံးရာနှစ်ဆယ်လေးယောက်၊
23Bezai tate, za thum sawmnih leh li.
24ဟာရိပ်အမျိုးသား တရာတဆယ်နှစ်ယောက်၊
24Harip tate, za khat leh sawmlehnih.
25ဂိဗောင်အမျိုးသား ကိုးဆယ်ငါးယောက်၊
25Gibeon tate, sawmkua leh nga.
26ဗက်လင်မြို့၊ နေတောဖမြို့သား တရာရှစ်ဆယ် ရှစ်ယောက်၊
26Beth-lehem leh Netophah tate, za khat sawmgiat leh giat.
27အာနသုတ်မြို့သား တရာနှစ်ဆယ်ရှစ်ယောက်၊
27Anathot mite, za khat sawmnih leh giat.
28ဗေသာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက်၊
28Beth-azmaveth, mite sawmli leh nih.
29ကိရယတ်ယာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာလေးဆယ်သုံးယောက်၊
29Kiriathjerim, Kephir, Beer-oth tate, za sagih sawmli leh thum.
30ရာမမြို့၊ ဂါဗမြို့သား ခြောက်ရာနှစ်ဆယ် တယောက်၊
30Rama leh Geba mite, za guk sawmnih leh khat.
31မိတ်မတ်မြို့သား တရာနှစ်ဆယ်နှစ်ယောက်၊
31Mikma tate, za khat leh sawmnih leh nih.
32ဗေသလမြို့၊ အာဣမြို့သားတရာနှစ်ဆယ်သုံး ယောက်၊
32Beth-el leh Ai mite, za khat sawmnih leh thum.
33အခြားသော နေဗောမြို့သား ငါးဆယ်နှစ် ယောက်၊
33Nebo dang mite, sawmnga leh nih.
34အခြားသော ဧလံမြို့သား တထောင်နှစ်ရာ ငါးဆယ် လေးယောက်၊
34Elam dang tate, sang khat za nih sawmnga leh li.
35ဟာရိမ်မြို့သား သုံးရာနှစ်ဆယ်၊
35Harim tate, za thum leh sawmnih.
36ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက်၊
36Jeriko tate, za thum sawmli leh nga.
37လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ရာ နှစ်ဆယ်တယောက်၊
37Lod, Hadid leh Ono tate, za sagih sawmnih leh khat.
38သောနာမြို့သား သုံးထောင်ကိုးရာ သုံးဆယ် တည်း။
38Sena tate, sang thum za kua leh sawmthum.
39ယဇ်ပုရောဟိတ်စာရင်းဟူမူကား၊ ယောရှုအမျိုး ထဲက ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက်၊
39Siampute: Jedaia tate, Jesua inkuan akipan, za kua sawmsagih leh thum.
40ဣမေရအမျိုးသား တထောင်ငါးဆယ်နှစ် ယောက်၊
40Imer tate, sang khat sawmnga leh nih.
41ပါရှုရအမျိုးသား တထောင်နှစ်ရာ လေးဆယ် ခုနစ်ယောက်၊
41Pasur tate, sang khat za nih sawmli leh sagih.
42ဟာရိမ်အမျိုးသားတထောင် တဆယ်ခုနစ် ယောက်တည်း။
42Harim tate, sang khat leh sawmlehsagih.
43လေဝိသားစာရင်းဟူမူကား၊ ဟောဒေဝအမျိုးထဲ က ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသားခုနစ်ဆယ် လေးယောက်၊
43Levi mite: Jesua, Kadmiel tate, Hodeva tate, sawmsagih leh li.
44သီချင်းသည်၊ အာသပ်အမျိုးသား တရားလေး ဆယ်ရှစ်ယောက်၊
44Lesamite: Asaph tate, za khat sawmli leh giat.
45တံခါးစောင့် ရှလ္လုံအမျိုးသား၊ အာတာအမျိုး သား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတ အမျိုးသား၊ ရှောဗဲအမျိုးသားပေါင်း တရာသုံးဆယ်ရှစ် ယောက်တည်း။
45Kongkhakngakte: Sallum tate, Ater tate, Talmon tate, Akkub tate, Hatita tate, Sobai tate, za khat sawmthum leh giat.
46ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖအမျိုး သား၊ တဗ္ဗောက်အမျိုးသား၊
46Nithinim mite: Ziha tate, Hasupha tate, Tabbaoth tate;
47ကေရုတ်အမျိုးသား၊ သယအမျိုးသား၊ ပါဒုန် အမျိုးသား၊
47Keros tate, Sia tate, Padon tate;
48လေဗနအမျိုးသား၊ ဟာဂဗအမျိုးသား၊ ရှာလမဲ အမျိုးသား၊
48Lebana tate, Hagaba tate, Salmai tate;
49ဟာနန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊ ဂါဟာ အမျိုးသား၊
49Hanan tate, Giddel tate, Gahar tate;
50ရာယအမျိုးသား၊ ရေဇိန်အမျိုးသား၊ နေကောဒ အမျိုးသား၊
50Reaia tate, Rezin tate, Nekoda tate;
51ဂဇ္ဇမ်အမျိုးသား၊ ဩဇအမျိုးသား၊ ပါသာ အမျိုးသား၊
51Gazzam tate, Uzza tate, Pasea tate;
52ဗေသဲအမျိုးသား၊ မုနိမ်အမျိုးသား၊ နေဖိရှေသိမ် အမျိုးသား၊
52Besai tate, Me-unim tate, Nephusesim tate;
53ဗာကဗုတ်အမျိုးသား၊ ဟာကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊
53Bakbuk tate, Hakupha tate, Harhur tate;
54ဗာဇလိတ်အမျိုးသား၊ မေဟိဒအမျိုးသား၊ ဟာရရှအမျိုးသား၊
54Bazlit tate, Mehida tate, Harsa tate;
55ဗာရကုတ်အမျိုးသား၊ သိသရအမျိုးသား၊ တာမ အမျိုးသား၊
55Barko tate, Sisera tate, Tema tate;
56နေဇိအမျိုးသား၊ ဟတိဖအမျိုးသားတည်း။
56Nezia tate, Hatipha tate.
57ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရိဒအမျိုးသား
57Solomon sikhate tate: Sotai tate, Sophereth tate, Perida tate;
58ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလ အမျိုးသား၊
58Jaala tate, Darkon tate, Giddel tate;
59ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခ ရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမုန်အမျိုးသား တည်း။
59Sephatia tate, Hattil tate, Pakereth-hazzebaim tate, Amon tate.
60ဘုရားကျွန်နှင့် ရှောလမုန်၏ ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။
60Nithinim mite tengteng leh Solomon sikhate tate, za thum leh sawmkua leh nih.
61ထိုမှတပါး၊ ဣသရေလအမျိုးမှန်သည် မမှန် သည်ကို၎င်း၊ မိမိတို့အဆွေအမျိုးကို၎င်း မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့မှ ထွက်သွားသော သူဟူမူကား၊
61Huan hiaite Tel-melah, Tel-harsa, Kerub, Addon leh Immer akipan pai toute ahi uh: himahleh a pipute uh inkote, hiam a chi uh hiam, Israel akipan ahi hia chih a ensak theikei uhi:
62ဒေလာယအမျိုးသား၊ ပေါင်းခြောက်ရာ လေးဆယ်နှစ်ယောက်တည်း။
62Delaia tate, Tobia tate, Nekoda tate, za guk sawmli leh nih.
63ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယ အမျိုး သား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား၊ ဗာဇိလဲ သမီးတယောက်နှင့် စုံဘက်၍ ယောက္ခမအမည်ကို ရသော ဗာဇိလဲအမျိုးသားတို့သည်၊
63Siampute akipan: Hobaia tate, Hakkoz tate, Barzillai tate, Gilead mi Barzillai tanute laka zi neipa, a min uh tama minsak.
64စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကိုရှာ၍ မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာ ကို မခံရကြ။
64Hiaiten khangthusuinaa sima omte lakah a mingelhna uh a zong uh, himahleh muhin a om kei: huaijiakin nin a sim ahi ua siamputna akipan koihkhiak.
65ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။
65Huan ukpipain a kiang uah, siampu khat Urim leh Thummim toh a hongsuah mateng thil siangthou penpente laka a nek louh ding uh ahi chih a gen a.
66ပရိသတ်ပေါင်းကား၊ လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။
66Omkhawmte tengteng a vek un sing li leh sang nih leh za thum leh sawmguk,
67ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ လေးဆယ်ငါးယောက်၊
67A pasal sikhate uh leh a nungak sikhate uh, sang sagih za thum sawmthum leh sagihte, sim louhin: huan pasal lasa leh numei lasa za nih sawmli leh nga a nei uhi.
68မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး၊ လား ပေါင်းနှစ်ရာ လေးဆယ်ငါးစီး၊
68A sakolte uh za sagih sawmthum leh guk; a sakolneute uh, za nih sawmli leh nga;
69ကုလားအုပ်ပေါင်း လေးရာသုံးဆယ်ငါးစီး၊ မြည်း ပေါင်း ခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း။
69A sangawngsaute uh, za li sawmthum leh nga; a sabengtungte uh sang guk za sagih leh sawmnih.
70အဆွေအမျိုးသူကြီးအချို့တို့သည် အမှုတော်ကို ဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ် အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ ၏။
70Huan pipute inkote laka lupente lak akipan khenkhatte nasem dingin a kipia uh. Ukpipain sumbawm ah dangkaeng darik sang khat, maiphiatkuang sawmnga, siampute puan za nga leh sawmthum a pia hi.
71အဆွေအမျိုးသူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်းနှစ်ထောင် တည်း။
71Huan pupute inkote laka lupente laka khenkhatten dangkaeng darik sang sawmnih leh, dangka puan sang nih leh za nih a pia uhi.
72ကြွင်းသော သူတို့သည်လည်း ရွှေဒင်္ဂါးနှစ် သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။
72Huan mipitelaka adangdangte piak dangkaeng darik sang sawmnih leh dangka puan sang sawmnih leh, siampute puan sawmguk leh sagih ahi.Huchiin siampute leh, Levi mite leh, kongkhakngakte leh lasamite leh, mite laka a khente leh, Nethinim mite leh Israel tengteng a khopite uah a tengta uhi. Huan a kha sagihna a hongtunin, Israel tate a khopite uah a om uhi.
73ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ သာမညလူအချို့၊ ဘုရားကျွန်အစရှိသော ဣသရေလပြည်သူပြည်သားအပေါင်းတို့သည်၊ မိမိတို့ နေရာ မြို့ရွာတို့၌ နေရာကျကြ၏။
73Huchiin siampute leh, Levi mite leh, kongkhakngakte leh lasamite leh, mite laka a khente leh, Nethinim mite leh Israel tengteng a khopite uah a tengta uhi. Huan a kha sagihna a hongtunin, Israel tate a khopite uah a om uhi.