1တဖန်လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရားတို့သည် သူတို့ စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ ရှိသော သူအချို့တို့ကို သေစေလေ၏။
1Huan, Mippen TOUPA jakin phunhatte bangin thil hoihlou pipi a gen nak ua; huai TOUPAN a najakin a hehta hi; huchiin TOUPA mei a lak uah a hongkisaa, a giahna polam uh a kang juajua hi.
2လူများတို့သည် မောရှေအား အော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်း လေ၏။
2Huchiin mipiten Mosi a sam ua; huan, Mosi TOUPA kiangah a thuma, mei a mitta hi.
3ထာဝရဘုရား၏ မီးသည် သူတို့တွင် လောင် သောကြောင့် ထိုအရပ်ကို တဗေရဟုသောအမည်ဖြင့် မှည့်လေ၏။
3Huailai mun min Tabera a chi uh, TOUPA mei a lak ua a hongkak jiakin.
4ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက် ပါသော တပါးအမျိုးသားတို့သည် တောင့်တသော စိတ်စွဲ လမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။
4Huan, a lak ua nam dang toh kilaktenten sa lunggulhna a hon neita ua; Israel suan te leng a kap nawn ua, Kua ahia sa nek ding honpe ding?
5အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသော ငါးသား၊ သခွါးသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။
5Ut leh daha Aigupta gama ngasa i nek jelte I theigigea, tangmaite, mazelte, phulun sialnek chite, vaiphulunte, phulun ngoute leng;
6ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ၏။
6Himahleh tuin I guhngek uh a keu khinta, bangmah lamet ding mahmah a omkei, manna lel loungal, a chi uh.
7မန္နသည် နံနံစေ့နှင့်တူ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏။
7Manna bel koriander tang bang, a latdain jaw tuikepsuang bang ahi.
8လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော် အရသာနှင့်တူ၏။
8Miten a tom khawm ua, gawinelna ah a gawi nel ua, sumte bangah a su ua, belte bangin a huan ua, tanghoute bangin a bawl uh: nekin sathaua kan tanghou bang ahi.
9စားခန်းချရာအရပ်၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ်၏။
9Giahna muna jana dai a kiakin manna leng a hongkia.
10ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါး ဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊
10Huan, mipite a inkuankuan un a puanin kongkhak chiat uah a kap uh chih Mosiin a naja a; huan, TOUPA a heh mahmaha; Mosi leng a lungkimkei hi.
11ဤလူအပေါင်းတို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာ တင်၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲ နေရပါသနည်း။
11Huchiin TOUPA kiangah, Bangjiakin ahia na sikha non sukgim, bangchidan ahia na mit ka tunlouhna, hiai mite tengteng puakgik ka tunga na ngak?
12သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသော ပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကို ပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင်ပါသလော။ ဘွားမြင်ပါသလော။
12Hiai mipite tengteng ka suan ahi uh maw? A pi leh pute uh kianga kichiama piak na chiam gama pi lut dingin, Naupommiin nawitui ne lai a pom bangin na angsungah pomin, na honchih dinga ka pikhiak hon?
13ဤလူအပေါင်းတို့အား ကျွေးစရာဘို့ အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့ စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။
13Hiai mipi tengteng piak ding koi akipanin ahia sa ka neih ding? Ka nek ding un sa honpiain, chia kapin lah a honsual ngal ua.
14ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်းပါ၏။
14Hiai mipi tengteng keimah kiain ka po zou kei, kei dingin a gik lua hi.
15ထိုသို့အကျွန်ုပ်၌ ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင်အမြန် သေစေတော် မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအား လျှောက်ဆို၏။
15Hichibanga honhih ding na hihleh, honhehpih inla, honsisak vanglakin, honhihgenthei nawn kei mahmahin, a chi a.
16ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာ စုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။
16Huan, TOUPAN Mosi kiangah, Israelte upa, mipite upa leh a heutu uh hia na theih mi sawmsagihte ka kiangah honpi khawm inla, kihoupihna puanin ah nangmah toh ding khawm din honpiin.
17ငါသည်လည်း ထိုအရပ်သို့ ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာ တင်မည်။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည် မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
17Huchiin ka hongpawt dinga, huailaiah ka hon houpih ding: huan, nang a kha pen a tunguah ka koih ding; nang kian po louin mipite puakgik a hon puakpih ding uh.
18သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲ သားကိုစားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့ အား အမဲသားကို ပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌ နေစဉ်၊ ငါတို့သည် ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက် ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသား ကို ပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။
18Huan, nang mipite kiangah, Jingchiang adingin kihihsiangthou vek unla; huchiin sa na ne tawk ding uh: Sa nek ding kuan ahia honpe sin? Aigupta gama nuam I saksak utoh, chiin TOUPA jakin na kap ua; huaijiakin TOUPAN sa nou a honpe ding hi, na ne tawk ding uh.
19တရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက် နှစ်ဆယ်သာ စားရကြမည်မဟုတ်။
19Nikhat kia, ni nih kia, ni sawm kia, ii, ni sawmnih kia leng na ne kei ding ua;
20သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာ ဖြစ်သည်တိုင်အောင် တလပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော်၌ ငိုကြွေးလျက် ပြောဆိုကြပြီ တကားဟု မောရှေအား မိန့်တော်မူ၏။
20Himahleh kha khat pumlum, na nakvang ua a hongpawt khiaka nou dia kihhuai a honmghih matan na ne ding uh; na lak ua om TOUPA na deih louh ua, Aigupta gam akipan bangdia pai khia I hi ua? Chia, a maa na kah jiak un.
21မောရှေကလည်း၊ အကျွန်ုပ်နှင့် ဆိုင်သော လူယောက်ျားအပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အား အမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊
21Huan, Mosiin, ka ompih mipite khea pai thei ngen leng nuai guk ahi uh: kha khat pumlum nek ding sa ka pe ding, na chi a.
22သူတို့ကို ဝစွာကျွေးခြင်းငှါ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှါ၊ ပင်လယ်ငါးရှိသမျှ တို့ကိုစုဝေးရပါမည်လောဟု လျှောက် လျှင်၊
22Belam hon leh gan hon zong gohsak lehang, a kham ding ua hia? tuipia ngasa tengteng leng matsak vek leng zong, a khamzou ding ua hia? achi a.
23ထာဝရဘုရားက ထာဝရဘုရား လက်တို သလော။ ငါ့စကား တည်မည် မတည်မည်ကို သင်သိလိမ့် မည်ဟု မောရှေအား မိန့်တော်မူ၏။
23Huan, TOUPAN, Mosi kiangah, TOUPA khut a tomta ahia? Na tungah ka thu banga a tun leh tun louh na thei mai ding, achi a.
24မောရှေသည် ထွက်၍ ထာဝရဘုရား၏ စကား တော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ပတ်လည်၌ ထားလေ၏။
24Huchiin Mosi a pawta, TOUPA thu mipite a hilh hi: huan, mipite upa sawmsagihte a sam khawma, Puan in kimah a dingsak hi.
25ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ယူ၍ အသက်ကြီးသူ ခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ထိုဝိညာဉ်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။
25Huchiin, TOUPA meipi ah a hongsuka, a honghoupiha, amah a kha pen upa sawmsagihte tungah a koiha; huan, hichi ahia, kha a tung ua a koihtakin thu a gen bualbual ua; himahleh huchibang a hihhih nawnta kei uhi.
26ထိုလူစု၌ ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာ နေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်း ပရောဖက်ပြု၍ တပ်ထဲမှာ ဟောကြ၏။
26Himahleh buk ah mi nih a om lai ua khat min Eldad ahi, khatpen min Medad ahi: kha a tunguah a oma, simte laka tel ahi uh, kihoupihna puanin ah bel a hoh tei kei uh: buk ah thu a gen bualbual uh.
27လုလင်တယောက်သည်လည်း မောရှေထံသို့ ပြေး၍၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက် ပြု၍ဟောပါ၏ဟု လျှောက်လျှင်၊
27Huchiin tangval khat a vataia, Mosi a vahilha, Eldad leh Medadin buk ah thu a gen bualbual mai uh, achi a.
28မောရှေ၏ လက်ထောက်ဖြစ်သော လုလင်နုန် သား ယောရှုက၊ သခင်မောရှေ၊ သူတို့ကို ဆီးတားတော်မူ ပါဟုဆိုသော်၊
28Huan, Nun tapa Josua, a tuailai akipana Mosi nasempan a dawnga, Ka pu Mosi, kham ve, a chi a.
29မောရှေက၊ သင်သည် ငါ့အတွက် ငြူစူသော စိတ်ရှိသလော။ ထာဝရဘုရား၏ လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသောဟု ဆိုပြီးမှ၊
29Huan, Mosiin a kiangah, Kei jiakin thik na hi hia? Pathian mi tengteng jawlnei hi vek le uh, TOUPAN a tunguah tua kha koih chiat leh chih laitaka! A chi a.
30ဣသရေလ အမျိုးသားအသက်ကြီးသူတို့နှင့် အတူ တပ်ထဲသို့ ပြန်သွားလေ၏။
30Huchiin Mosi buk ah a lut nawna, amah leh Israelte upate toh.
31ထိုအခါ ထာဝရဘုရားသည် လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။
31Huan, TOUPA kiang akipanin huih a hongnunga, tuipi lam akipan vengkeng a honmut lenga, buk lehlamsang ni khat lam, a lehlamsang ni khat lam tuaktuak dimsuakin buk kima tong nih khawng dinga sangin a kesaka.
32လူများတို့သည် တနေ့လုံး၊ တညဉ့်လုံး၊ နက်ဖြန် လည်း တနေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်း သိမ်းသော သူသည် ဆယ်ဟောမဲကို သိမ်းရ၏။ တပ်ပတ် လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။
32Huan, mipiten huai nitum leh jankhua leh, a jing nitumin vengkeng a vatom khawm uh: a tom tawmpenin leng homer sawm a tom: buk kimah amau achiat a phou uhi.
33သို့ရာတွင် ငုံးသားကို ကိုက်၍ မဝါးမှီ၊ ထာဝရ ဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်း သော ဘေးနှင့်ဒဏ်ခတ်တော်မူ၏။
33Huan, huai sa a nek lai uh, a nek khit ma un, mipite tungah TOUPA a heh mahmaha, mipite hipi thupi mahmahin TOUPAN a gawtta hi.
34တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်သတ္တဝါဟူသော အမည်ဖြင့် မှည့်လေ၏။
34Huaimun min dingin Kibrot-hattava a chi uh; huaiah sa duhgawlna neite a vui jiakun.Huan, Kibrot-hattava akipanin mipite Hazeroth ah a pai ua; Hazeroth ah a omta uh.
35လူများတို့သည် ကိဗြုဟ်ဟတ္တဝါအရပ်မှ ထွက် ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။
35Huan, Kibrot-hattava akipanin mipite Hazeroth ah a pai ua; Hazeroth ah a omta uh.