1တဖန် ဣသရေလအမျိုးသားတို့သည် ခရီး သွား၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တဲဆောက်ကြ၏။
1Huan, Israel suante a paizel ua, Jeriko zawn Jordan gal a Moab phai khawng ah giahbuk a sat uh.
2အာမောရိအမျိုးသားတို့၌ပြုကြသော အမှုအလုံး စုံကို၊ ဇိဖေါ်သားဗာလက်မင်းသိမြင်လျှင်၊
2Huan, Zippor tapa Balak in Israel mite'n Amorte a bawldan tengteng uh a thei a.
3ဣသရေလအမျိုးသားတို့သည် များပြားသော ကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ ကြ၍၊
3Huan, Moabte'n mite a kihta mahmah ua, a tam ngal ua: Israel suante ziak in Moabte a lungkham uh.
4နွားသည် မြက်ပင်ကို လှမ်း၍ စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည်၌ ရှိသမျှကို လှမ်း၍ စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အား ဆိုကြ၏။ ထိုအခါ ဇိဖေါ်သား ဗာလက်သည်၊ မောဘရှင်ဘုရင်ဖြစ်သည်နှင့်၊
4Huchi in Moabte upate kiang ah, Hiai mipite'n bawng in loupa a nekhin bang in I kim ua mi tengteng a nekhin sin uh, a chi ua. Huchih lai in Zippor tapa Balak bel Moab kumpipa ahi.
5အမ္မုန်ပြည်၌ စီးသောမြစ်၏အနားမှာရှိသော ပေသော်မြို့နေ ဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှါ၊ သံတမန်တို့ကို စေလွှတ်၍၊ အဲဂုတ္တုပြည်မှ ရောက်လာ သော လူတမျိုးသည် မြေမျက်နှာကို ဖုံးလွှမ်းလျက် ငါ့အနား ၌ နေရာချကြပြီ။
5Huaiziak in, Beor tapa Balaam, Pethor a om kiang ah mi a sawl a, huai bel a mite suante gam a lui kiang a om ahi a, amah va sam a, Ngai in, Aigupta gam a kipan a hong paikhia mipi a om ua: ngai in, lei tengteng a tuam dim ua, ka kiang chin ah a om uh:
6သို့ဖြစ်၍၊ ကြွလာပါ။ ဤလူမျိုးသည် ငါ့ထက် အားကြီးသောကြောင့် သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါ။ သို့ ပြုလျှင် သူတို့ကို ငါတိုက်၍ ငါ့ပြည်မှ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော် ကောင်းကြီးပေးသော သူသည် ကောင်းကြီးမင်္ဂလာခံရသည်ကို၎င်း၊ ကိုယ်တော် ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူဖြစ်သည်ကို၎င်း ငါသိသည်ဟု မှာလိုက်လေ၏။
6Hehpih tak in hong inla, hiai mite hamsiat dih ve; kei a ding in a hat lua ua, ka zoh theih ua ka gam ua kipan a ka delhkhiak theih zenzen khak uleh; na vualzawl peuhmahte vualzawl in a om ua, na hamsiat peuhmahte hamsiat in a om nak uh chih ka thei, chi ding in.
7မောဘပြည်သား အသက်ကြီးသူတို့နှင့် မိဒျန် ပြည်သား အသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင် ပါလျက်သွား၍၊ ဗာလမ်ထံသို့ ရောက်သောအခါ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ၏။
7Huchi in Moab upate leh Midia upate aisan na ding tawi in a pawtkhia ua; Balaam kiang a va tung ua, Balak thukhah a hilh ua.
8ဗာလမ်က၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟု ဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာ နေကြ၏။
8Huan, aman a kiang uah, Tuzan zaw hiai ah giak unla, TOUPA'N hon hilh bangbang in na kiang ah thu ka hon tun ding, a chi a: huchi in Moab mi liante Balaam kiang ah a giak ta uhi.
9ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ သင်၌ ရှိသော ဤလူတို့သည် အဘယ်သူနည်းဟု မေးတော်မူ လျှင်၊
9Huan, Balaam kiang ah Pathian a hong a, Na kiang a mite kuate ahi ua? a chi a.
10ဗာလမ်က၊ မောဘရှင်ဘုရင် ဇိဖေါ်သား ဗာလက်သည် အကျွန်ုပ်ဆီသို့ လူကို စေလွှတ်၍၊
10Huan, Balaam in Pathian kiang ah, Zippor tapa Moab kumpipa Balak in ka kiang ah,
11အဲဂုတ္တုပြည်မှ ရောက်လာသော လူအများ သည်၊ မြေမျက်နျာကို ဖုံးလွှမ်းလျက်နေကြပြီ။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါ။ သို့ပြုလျှင်၊ သူတို့ကို ငါတိုက်၍ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့် မည်ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင်အား လျှောက် ဆို၏။
11Ngai in, Aigupta gam a kipan a hong pai mipite'n lei tengteng a luahdim ua; hong pai inla, hamsia hong lohsak in, ka theih a ka delhkhiak theih zenzen khak leh, chi in mi a hon sawl hi, a chi a.
12ဘုရားသခင်ကလည်း၊ သင်သည် ဤလူတို့နှင့် အတူ မလိုက်မသွားရ။ ထိုလူမျိုးကို မကျိန်ဆဲရ။ ကောင်း ကြီးမင်္ဂလာကို ခံရသော လူမျိုးဖြစ်သည်ဟု ဗာလမ်အား မိန့်တော်မူ၏။
12Pathian in Balaam kiang ah, A kiang ua na hoh ding ahi kei. Huai mite na hamsiat ding ahi kei: mi hampha ahi uh, a chi a.
13နံနက်ရောက်မှ၊ ဗာလမ်သည် ထ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သော အရာရှိတို့အား ပြန်ပြော လေ၏။
13Huchi in Balaam a lak uah a thou a, Balak mi liante kiang ah, Na gam uah painawn ta un: TOUPA'N na kiang ua hoh ding a pawt a phal kei hi, a chi a.
14ထိုအခါ မောဘပြည်အရာရှိတို့သည် ဗာလက် မင်းထံသို့ ပြန်သွား၍၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူ မလိုက်လိုပါဟု လျှောက်ကြ၏။
14Huchi in Moab mi liante a thou ua, Balak kiang ah a hoh ua, Balaam ka kiang ua hong pai a ut kei, a chi ua.
15တဖန် ဗာလက်မင်းသည်၊ အရင်ထက်အရေ အတွက်အားဖြင့် များ၍ အရာအားဖြင့် ဘုန်းကြီးသော မှူးမတ်တို့ကို စေလွှတ်ပြန်သည်အတိုင်း၊
15Huan, Balak in mi lian tamsem, a sang ua thupi zaw a sawl nawn a,
16သူတို့သည် ဗာလမ်ထံသို့ ရောက်လာ၍ ဇိဖေါ် သားဗာလက်မင်းက၊ ကိုယ်တော်သည် ငါ့ထံသို့ မလာမည် အကြောင်း အဘယ်အဆီးအတားမျှ မရှိပါစေနှင့်။
16Huan, Balaam kiang a va tung ua, a kiang ah, Zippor tapa Balak in hichi in a chi ahi, Ka kiang a na hong bangmah in dal kei hen:
17ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။
17Mi thupi tak in ka hon bawl ding a, ka kiang a na gen peuhmah ka hih zel ding: huaiziak in hong pai teitei inla, hiai mite hong hamsiat mahmah mai in, a chi ua.
18ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုး ကွယ်သော ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ် တစုံတခုကိုမျှ ငါမပြုနိုင်။
18Huan, Balaam in Balak mite a dawng a, a kiang uah, Balak in a inn dangka leh dangka-eng a dim in hon pe sin mahleh, a bang mahmah TOUPA ka Pathian thu pel in ka hih theikei.
19သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ ထပ်၍ မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ည မှာ ဤအရပ်၌ နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော၏။
19Huaiziak in TOUPA'N ka kiang ah bang chi in ahia a gen nawn sin, tuzan leng hiai lai ah giak peuhmah phot un, a chi a.
20ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှါလာလျှင်၊ သူတို့ နှင့်အတူ ထ၍ လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှ အတိုင်းသာ ပြုရမည်ဟု မိန့်တော်မူ၏။
20Huan, zan in Balaam kiang ah Pathian a hong a, a kiang ah, Hiai mite nang hong sam a hong a hih uleh, thou inla, a kiang uah hoh in; hmahleh na kiang a ka gen kia na hih ding ahi, chi a.
21နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကို ကုန်းနှီး ထင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူ လိုက်လေ၏။
21Huchi in Balaam zing in a thou a, a sabengtung a van a, Moab mi liante kiang ah a hoh ta hi.
22ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက် တော်ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကို ဆီးတားခြင်းငှါ လမ်း၌ ရပ်နေ၏။ ထိုအခါ ဗာလမ် သည် မြည်းကို စီး၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ် တွင်၊
22Huan, a hoh ziak in Pathian a heh mahmah a, huan na lamdal ding in TOUPA angel lampi ah a na ding a. A sabengtung tung a tuang ahi a, a sikhate nih leng a kiang ah a om tei ua.
23ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကို မိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည် မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ ဝင်လေ၏။ ဗာလမ်လည်း မြည်းကို လမ်းသို့ ပြန်စေခြင်းငှါ ရိုက်လေ၏။
23Huan, sabengtung in TOUPA angel, namsau tawi a lampi a ding a mu a; huchi in sabengtung lampi a kipan a pialkhia a, gamlak ah a pai a. Huan, Balaam in sabengtung lampi a kiksak tum in a khen a.
24ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း၌ တဖန် ရပ်နေ၏။
24Huan TOUPA angel grep huan umna kikal kuak ah a ding a,
25ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြည်း သည် မြင်ပြန်သောအခါ၊ စောင်ရန်းတဘက်၌ တိုး၍ ဗာလမ်၏ခြေကို ဖိလေ၏။ ဗာလမ်လည်း တဖန် ရိုက်ပြန်လေ၏။
25Huan, sabengtung in TOUPA angel a mu a, umna a va ngai a, Balaam khe umna toh a ngaiden a; huchi in a khen nawn hi.
26ထာဝရဘုရား၏ ကောင်းကင်တမန်သည် လွန် သွား၍ လမ်းတဘက်ဘက်မျှ မလွှဲနိုင်အောင် ကျဉ်း မြောင်းသော အရပ်၌ ရပ်နေ၏။
26Huan, TOUPA angel a pam deuh ah a pai a, mun kochik laitak, taklam hiam, veilam hiam a leng pialna omlouhna laitak ah a ding a.
27မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင် တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက် နေ၏။ ဗာလမ်သည် အမျက်ထွက်၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ၏။
27Huan, sabengtung in TOUPA angel a mu a, Balaam a kualpih ta a; Huchi in Balaam a heh mahmah a, achiang in sabengtung a khen a.
28ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကို ဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကို သုံးကြိမ်တိုင် အောင် ရိုက်ရမည်အကြောင်း၊ ငါသည် သင်၌ အဘယ်သို့ ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊
28Huchi in TOUPA'N sabengtung a pausak a, Balaam kiang ah, Bang kon chih a ahia? thumvei tak na hon huchi khet? a chi a.
29ဗာလမ်က၊ သင်သည် ငါ့ကို ကျီစားပါသည် တကား။ ငါ၌ ထားရှိပါစေသော။ ထားရှိလျှင် သင့်ကို ယခုသတ်မည်ဟု မြည်းအားဆို၏။
29Huan, Balaam in sabengtung kiang ah, No'n simmoh ziak in ahi: namsau houh na tawi hileng, ka hoh hihlum khinta hial ding, a chi a.
30မြည်းကလည်း၊ ငါသည် ယနေ့တိုင်အောင် သင် ၏အစီးကို အစဉ်ခံရသော သင်၏ မြည်းဖြစ်သည်မဟုတ် လော။ သင်၌တခါမျှ ဤသို့ ငါပြုဘူးသလောဟု ဗာလမ် အား မေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏။
30Huan, sabengtung in Balaam kiang ah, Tu tan a na tuanna ngitnget na sabengtung ka hi ka hia? hichi bang in ka hon hih ngei ahia? a chi a. Aman bel, Hih ngeilou e, a chi a.
31ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကို ဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို ဗာလမ်သည် မြင်သဖြင့် ဦးချ၍ ပြပ်ဝပ်လေ၏။
31Huan, TOUPA'N Balaam mit a vaksak a, huchi in TOUPA angel namsau tawi a lampi a ding a mu ta a, a kun a, mai a lei si in a khupboh a.
32ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သင်၏မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့် ရိုက်သနည်း။ သင်သွားသောလမ်းသည် ငါနှင့် ဆန့်ကျင် ဘက်ဖြစ်သောကြောင့်၊ သင့်ကို ဆီးတားခြင်းငှါ ငါထွက် လာပြီ။
32Huan, TOUPA angel in a kiang ah, Bang achia hichi bang a na sabengtung thum vei tak khen na hia? Ngai in, na gamtatdan ka mitmuh a siat a hih ziak in hon na lamdal ding a hong pawtkhia ka hi:
33မြည်းသည် ငါ့ကို မြင်၍ သုံးကြိမ်ရှောင်ခဲ့ပြီ။ ထိုသို့မရှောင်လျှင်၊ အကယ်စင်စစ် သင့်ကိုငါသတ်၍ မြည်းကို အသက်ချမ်းသာပေးလေပြီဟု ဆို၏။
33Huan, sabengtung in a hon mu a, ka maa thum vei pial ahi: pial kei ngial leh houh amah hihlum lou in nang ka hon hihlum hial khin ta ding, a chi a.
34ဗာလမ်ကလည်း၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ် တော်သည် လမ်း၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ် မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါ မည်ဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်၊
34Huan, Balaam in TOUPA angel kiang ah, ka na khial ta ahi: hon na lamdal ding in lampi ah na ding chih lah ka thei ngal kei a, a chi a.
35ထာဝရဘုရား၏ကောင်းကင်တမန်က၊ သူတို့နှင့် အတူ လိုက်လော့။ သို့ရာတွင် ငါမှာထားသော စကားကို သာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော် မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။
35Huan, TOUPA angel in Balaam kiang ah, Hiai mite kiang ah hoh inla; himahleh na kiang a ka thugen ding kia na gen ding ahi, a chi a. Huchi in Balaam Balak mi liante kiang ah a hoh ta hi.
36ဗာလမ်ရောက်သောသိတင်းကို ဗာလက်မင်း ကြားလျှင်၊ ခရီးဦးကြိုပြုခြင်းငှါ၊ မောဘပြည်စွန် အာနုန် ချောင်းနားမှာရှိသော မြို့တမြို့သို့ ထွက်သွား၏။
36Huan, Balak in Balaam a hong chih a zak in Arnon lam a a gamgi chiang uah Moab khopi pha in a va dawn a, huai bel gamgi tawpna ahi.
37ဗာလက်မင်းကလည်း၊ ကိုယ်တော်ကို ခေါ်ပင့် စေခြင်းငှါ ငါသည် အထပ်ထပ် စေလွှတ်သည်မဟုတ် လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည်မဟုတ်လောဟု ဗာလမ်အား ဆိုလျှင်၊
37Huah, Balak in Balaam kiang ah, Phatuamngai tak a nang hong sam ding in mi ka hon sawl ahi kei maw? Bang ding a ka kiang a hong nuam lou na hia? Mi thupi tak in ka hon bawl thei ka hia? a chi a.
38ဗာလမ်က၊ မင်းကြီးထံသို့ ငါလာပါပြီ။ သို့ရာတွင် ငါသည် စကားတခွန်းကိုမျှ ပြောပိုင်သလော။ ငါ့နှုတ်၌ ဘုရားသခင်ထားတော်မူသော စကားကိုသာ ငါပြောပါ မည်ဟု ပြန်ပြောပြီးမှ၊
38Huan, Balaam in Balak kiang ah, Ngai in, ka hong hi; bang peuhmah gen theihna mawngmawng ka nei ahia? Pathian in ka kam a thu a koih kia ka gen sin ahi, a chi a.
39ဗာလက်မင်းနှင့်အတူ လိုက်၍ ကိရယဿုဇုတ် မြို့သို့ ရောက်ကြ၏။
39Huchi in Balaam Balak kiang ah a hoh ta a, Kiriat-huzot a va tung ua.
40ဗာလက်မင်းသည်လည်း၊ သိုးနွားတို့ကို ပူဇော်၍ ဗာလမ်နှင့်အရာရှိတို့အား ပေးလိုက်လေ၏။
40Huan, Balak bawng leh belam in a kithoih a, Balaam leh a kiang a mi lian omte a khak a.41 Huan, hichi ahi a, a zingsang in Balak in Balaam a pi a, Baal mun sangte ah a hohtouh pih a, huai a kipan in mipi omna chiangchiang a mu pha hi.
41နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန် အစင်ပြခြင်းငှါ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ၏။
4141 Huan, hichi ahi a, a zingsang in Balak in Balaam a pi a, Baal mun sangte ah a hohtouh pih a, huai a kipan in mipi omna chiangchiang a mu pha hi.