1တဖန်ထာဝရဘုရားမိန့်တော်မူသော စကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုး အနွှယ်တို့၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊
1Huan, Mosi in Israel suante namte inntek pente a houpih a, Hiai ahi, TOUPA'N thu a piaktak.
2လူယောက်ျားသည် ထာဝရဘုရားအား သစ္စာ ဂတိပြုသော်၎င်း၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်၍ ကျိန်ဆိုခြင်းကို ပြုသော်၎င်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်း ပြုရမည်။
2Mi'n TOUPA kiang a thu achiam hiam, a lungsim thuchiam a kigak ding a a kichiam hiam a thu a bohse ding ahi kei; kam a pawt bangbang a a hih ding ahi.
3မိန်းမသည် အဘအိမ်၌ အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊
3Numei in leng a nungak lai a a pa inn a a om lai in TOUPA kiang a thu achiam a, thuchiam a a kigak a;
4ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သောစကားကို အဘသည် ကြားလျက် တိတ်ဆိတ်စွာ နေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည်။
4A thuchiam leh thuchiam a a lungsim a gak a pa'n a zak a, a pa'n a daihsan maimah leh a thuchiam tengteng a piching ding: Huan, thuchiam chiteng a a lungsim a gaknate a om gige ding.
5သို့မဟုတ် အဘသည် ကြားသောနေ့၌ မြစ်တား လျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား မည်မျှမတည်ရ။ အဘမြစ်တား သောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
5Himahleh a pa'n a zak ni a a phal kei leh a thuchiamte a kigakna thuchiamte a koi mahmah a piching kei ding: a pa'n a phallouh a hihziak in TOUPA'N amah a ngaidam ding.
6မိန်းမသည် လင်ရှိလျက်၊ သစ္စာဂတိပြု၍ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သော အခါ၊
6Thuchiam in hiam, thu khual lou a a lungsim gakna in hiam a delh lai a pasal a neih a;
7လင်သည် ကြားလျှင်၎င်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာနေလျှင်၎င်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား တည်ရမည်။
7A pasal in a zak a, a zak ni a a daih dide leh a thuchiam a om gige ding a, a lungsim gakna khual lou a a thuchiam leng a om gige ding.
8သို့မဟုတ် လင်သည် ကြားသောနေ့၌ မြစ်တား လျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
8Himahleh a pasal in a zak ni a a phal kei leh a tung a thuchiam leh a lungsim gakna khual lou a a thuchiam a hihmang ding; TOUPA'N a ngaidam ding.
9လင်သေသောမိန်းမ၊ လင်နှင့်ကွာသော မိန်းမ သည် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာဂတိ အလုံးစုံတို့သည် တည်ရကြမည်။
9Himahleh huai meithai hiam, maak a omnu hiam thuchiam zaw, a lungsim a gakna tengteng in a delh gige ding.
10လင်အိမ်၌ ရှိစဉ်အခါ၊ သစ္စာဂတိပြုသော်၎င်း၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သော်၎င်း၊
10Huan, inn a thu achiam a, kichiam a a lungsim gak ding a thu a khun a:
11လင်သည် ကြားသော်လည်း မမြစ်တား တိတ်ဆိတ်စွာနေလျှင်၊ ထိုသစ္စာဂတိရှိသမျှ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည်။
11A pasal in a zak a leng a daih dide a, a phallouh kei leh a thuchiam tengteng a om gige ding a, a lungsim gak ding a a thuchiam chiteng leng a om gige ding.
12သို့မဟုတ် လင်သည် ကြားသောနေ့၌ ရှင်းရှင်း ပယ်ဘူးလျှင်၊ သစ္စာဂတိနှင့်၎င်း၊ စိတ်ဝိညာဉ်၌ ချည် နှောင်ခြင်းနှင့်၎င်း ဆိုင်သော စကားမည်မျှ မတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
12Himahleh a pasal in a zak ni a bangmah lou a bawl a, a thihmang leh a thuchiam hiam, a lungsim gakna hiam thu a a kam a thu pawt peuhmah a om nawn kei ding: a pasal in a hihmang khin ahi: huan, TOUPA'N amah a ngaidam ding.
13ခပ်သိမ်းသောသစ္စာဂတိ၊ ခြိုးခြံစွာ ကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည် တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သော အခွင့်ရှိ၏။
13Thuchiam tengteng leh hinna hihgim ding a gakna kichiamna tengteng a pasal in a kipsak thei in a hihmang thei hi.
14လင်သည် တနေ့ထက်တနေ့ တိတ်ဆိတ်စွာနေ လျှင်၊ မယားပြုသော သစ္စာဂတိရှိသမျှတို့နှင့် မယား၌ ချည်နှောင်ခြင်း ရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာ နေသောကြောင့် တည်စေပြီ။
14Himahleh a pasal in a zak ni a kipan a a deih den leh a thuchiam chiam tengteng leh a tung a gakna om tengteng a kipsak ahi a: a zak ni a kipan a a daihsan ziak in a kipsak ahi.
15ထိုစကားကို ကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှါ ပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင် ခံရမည်။
15Himahleh a zak khit nung a bangmah lou a bawl a a hihman leh a thulimlouhna moh a puak ding ahi, chi in.Hiaite, pasal leh a zi kal leh a pa inn a om gige lai a kikal ua dan ding a TOUPA'N Mosi thu a piakte ahi.
16ဤရွေ့ကား၊ မယားနှင့်လင်စပ်ကြား၌၎င်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား ၌၎င်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း။
16Hiaite, pasal leh a zi kal leh a pa inn a om gige lai a kikal ua dan ding a TOUPA'N Mosi thu a piakte ahi.